ဗြိတိသျှဘုရင်စနစ်တလျောက် ဒင်္ဂါးပြားများကို နှစ်ပေါင်း ၁၁၀၀ကျော်ထုတ်လာခဲ့သည့်Royal Mint က တတိယမြောက်ချားလ်စ်ဘုရင်မင်းမြတ်ပုံပါ ေသာ ငွေအကြွေစေ့နှင့် ဒုတိယမြောက်အဲလိဇဘက် ဘု ရင်မကြီး၏ ထူးထူးခြားခြား နန်းသက် နှစ် ၇၀ UK ငွေအကြွေစေ့ တို့ကို အောက်တိုဘာ ၃ ရက်နေ့ (နက်ဖန်)တွင် ထုတ်ဝေမည်။
“မယ်တော် ဒုတိယမြောက် အဲလိစဘက် ဘုရင်မကြီး၏ ဘဝနှင့် အမွေအနှစ်ကို ဂုဏ်ပြုသော ငွေအကြွေစေ့နှင့် ယခု ဗတတိယ မြောက် ချားလ်စ်ဘုရင်မင်းမြတ် ၏ ပထမဆုံးသော အကြွေစေ့ သွန်းလုပ်ရခြင်းသည် ကျွန်ုပ်တို့အတွက် ဂုဏ်ယူစရာ ဖြစ်ပါသည်”ဟု ကုမ္မဏီက ဆိုသည်။
ဗြိတိသျှ ပန်းပုပညာရှင် Martin Jennings က ဒီဇိုင်းဆွဲပြီး ဘုရင်ကိုယ်တိုင်အတည်ပြုချက်ပေးခဲ့သည့်ပုံများဖြစ်သည်။
Royal Mint သည်စုဆောင်းသူများအကြိုက် ဒင်္ဂါးပြား ဒီဇိုင်းစုံ၊ရွှေချောင်း၊အမှတ်တံဆိပ် ဒင်္ဂါးပြားတို့ကိုသွန်းလုပ်ရာ၌ နာမည်ကျော်လူသိများသည်။