Monday, March 31, 2025

UMFCCI က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ...

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန် UMFCCI Earthquake Relief and Rehabilitation Task Force ကို...

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မလေးရှားနိုင်ငံမှ...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပြိုကျပျက်စီးပြီး ပိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့

အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံမှ သိရသည်။ " စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးပေါ်က ဘုန်း ကြီးကျောင်း၊ သီလရှင်ခကျောင်းပေါင်း(၂၀၀၀)...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန်...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင်ပြုလုပ်သွားမည်ဟု...
HomeNewsLocal Newsနစက အနေဖြင့် ဂုဏ်သိက္ခာရှိသည့်...

နစက အနေဖြင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရန်ဆောင်ရွက်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

နစက အနေဖြင့် ယခုနှစ် ဒီဇင်ဘာလအတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၇ ရက်ညပိုင်းက နေပြည်တော်၌ကျင်းပသည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်အရ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်နှင့် ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်နိုင်ရန်ဦးတည်၍ ရွေးကောက်ပွဲအား သတ်မှတ်ကာလအတွင်းပြန်လည်ကျင်းပပေးရန် တစိုက်မတ်မတ်ချမှတ်ထားသည်ဟု ပြောသည်။

” တပ်မတော်ရဲ့ကိုယ်စား နစက အနေနဲ့ ဒီနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုတွေ ဆောင်ရွက်ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ ဒေသအလိုက် လုံခြုံရေးအခြေအနေတွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကိုအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထိုသို့ အကောင်အထည်ဖောင်ဆောင်ရွက်လျက်ရှိခြင်းသည် တစ်နည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးခွင့်ရရှိရန်၊ ပြည်သူလူထု၏ စစ်မှန်သည့်လိုလားချက်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရန်နှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် နိုင်ငံသူနိုင်ငံသားအားလုံးမှ စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းတည်ပြီး နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန်လိုအပ်ပြီး ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှု၏ အရင်းခံဖြစ်ကာ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်အတွက်လည်း အခြေခံအုတ်မြစ်ဖြစ်သည်ဟု ပြောသည်။

” ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှုအင်အားတွေနဲ့အတူ တက်ညီ လက်ညီအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့ရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာတည် ဆောက်နိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလေးထားပြောကြားခဲ့သည်။

ထိုသို့ တည်ဆောက်နိုင်ရန်လုပ်ဆောင်ရာ၌ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် အလွန်အရေးကြီး၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်ရမည်ဖြစ်၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကိုထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲ ဖော်ဆောင်နိုင်ရန် နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့်လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းများမှတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် နိုင်ငံရေးနည်းလမ်းအား စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံအသိပေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UMFCCI က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန် Task Force တစ်ခုဖွဲ့စည်း

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန် UMFCCI Earthquake Relief and Rehabilitation Task Force ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်နှင့် မိတ်ဖက်အသင်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကူညီကယ်ဆယ်ရေးများ ပြုလုပ်လျက်ရှိရာမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု များပြားခဲ့ရသည့် ဒေသများ၌ ဒေသအခြေစိုက် အဖွဲ့အစည်းများသို့ ဆက်သွယ်၍ လိုအပ်သည့် အကူအညီပေးခြင်းကို တတ်စွမ်းသရွေ့ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အသိပေးထားသည်။ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မတ်လ ၂၉...

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပြိုကျပျက်စီးပြီး ပိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ယနေ့ မတ် ၃၁ ရက်တွင် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ သုတဇေယျာ သီ လရှင်ကျောင်း၊ ရွှေမင်းဝံ(၁)လမ်းတွင် စစ်ကိုင်းမြို့ နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရာ ည ၇ နာရီ ၁၀ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် သယ်ထုတ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြတ်ကိုယ်ပိုင်ကျောင်းအဆောက်အဦပြိုကျပျက်စီးရာမှ ပိမိနေသူများအား စစ်ကိုင်းမြို့နယ်မီး...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့

အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံမှ သိရသည်။ " စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးပေါ်က ဘုန်း ကြီးကျောင်း၊ သီလရှင်ခကျောင်းပေါင်း(၂၀၀၀) ကျော်လုံးဝပျက်စီးခဲ့ရတဲ့အတွက် မြတ်ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသောပျက်စီးဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။ အခုလို ပျက်စီးဆုံးရှုံးမှုတွေအတွက်လည်း အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ပြန်လည် ထူထောင်ရေးလုပ်ငန်းစဥ်တွေကို IBEC ကူညီကယ်ဆယ်ရေးစင်တာက အင်တိုက်အားတိုက်ဆောင်ရွက်နေပါတယ်"ဟု IBEC ဆရာတော်က မိန့်ကြားထား သည်။ ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း၌ ပြိုကျနေသည့်အ ဆောက်အဦးများအတွင်း ပိမိ‌ေ-သဆုံးနေသူများနှင့် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ကူညီမှုများပြုလုပ်ရန်ရောက်ရှိနေသည့် မလေးရှားနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များအား IBEC ဆရာတော် ၏ လမ်းညွှန်မှုဖြင့် IBEC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071