တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့ ဂုဏ်ပြုတက်ရောက်၍ သင်တန်းဆင်းအမျိုးသမီးအရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများသည် သင်တန်းဆင်းအမျိုးသမီးအရာရှိများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ကာတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့ပြင် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့၏တေး သီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။