နစက ဥက္ကဋ္ဌမှမြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်း
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားက စားပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအား ကစားအဖွဲ့အား ဧပြီ ၂၉ ရက်(ယနေ့)နံနက် ၉ နာရီတွင် နစက ဥက္ကဋ္ဌမှ နေပြည်တော်၊ဝဏ္ဏသိဒ္ဓိအား ကစားရုံ B ၌တွေ့ဆုံအပ်နှင်းခဲ့ခြင်းဖြစ်သည်။
၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား မေ ၁၂ ရက်မှ ၂၃ ရက်အထိကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှအားကစားနည်း ၂၀ မျိုးတွင် အားကစားသမား ၂၉၃ ဦးမှဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။
နိုင်ငံတော်အလံဂုဏ်ပြုလွှင့်ထူခံရခြင်းအား နိုင်ငံ သားတိုင်းမှလိုလာကြသဖြင့် အားသွန်ခွန်စိုက်ကြိုးစားကြရန် နစက ဥက္ကဋ္ဌမှတိုက်တွန်းပြောကြားခဲ့သည်။
“အားကစားအောင်မြင်မှုနဲ့ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာ့အားကစားအဖွဲ့ဝင်အားလုံးရဲ့ ပုခုံးထက်မှာရှိတာကိုသတိပြုရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့နောက် နစက ဥက္ကဋ္ဌမှအောင်နိုင်ရေးအလံအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ထံအပ်နှင်းခဲ့ပြီး အားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေး အပ်ခဲ့သည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား မြန်မာ နိုင်ငံမှအိမ်ရှင်အဖြစ် ၁၉၆၁ ခုနှစ်၊ ၁၉၆၉ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့၌လက်ခံကျင်းပခဲ့ကြောင်း သိရသည်။