Monday, April 7, 2025

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky...

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ၇.၇ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့်...

သဒ္ဒါတရား လက်မနှေးသည့် တာချီလိတ်ဒေသခံများ၏ ငလျင်သင့်ဒေသများအတွက်...

ငလျင်ဒဏ်သင့်ဒေသများအတွက် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာ့ဟွာတရုတ်ဘုံကျောင်း၏မတည်မှုဖြင့် ဒေသခံများပါဝင်လှူဒါန်းသည့် ကျပ်သိန်း (၄,၀၀၀)ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို လှူဒါန်းပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးဝါး၊ အသုံးအဆောင်နှင့်...

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ...

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု...

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား...

ငလျင်ကြောင့် ရပ်နားထားသည့် နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။ မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့်...
HomeNewsLocal Newsနန်းဖော့အွာ သင်္ကြန်ရေသဘင်ပွဲ ဖျက်သိမ်း

နန်းဖော့အွာ သင်္ကြန်ရေသဘင်ပွဲ ဖျက်သိမ်း

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်မြစ်ကမ်းနံဘေးတွင် တစ်လတာ ကျင်းပရန် စီစဉ်ထားသည့် နန်းဖော့အွာ သင်္ကြန်ရေသဘင်ပွဲတော်ကို အပြီးဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဘားအံမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ပထမတော့ ယာယီဆိုင်းငံ့မယ်ပြောပြီးတော့ အခုတော့ ဖျက်သိမ်းလိုက်ပြီ။ “ဟု ၎င်းကပြောသည်။

နန်းဖော့အွာ သင်္ကြန်အား သံလွင်မြစ်နဘေးရှိ သဲသောင်ပြင်တွင် ယခုဧပြီလဆန်းပိုင်းက စတင်ပြင်ဆင်ခဲ့ပြီး၊ သံလွင်မြစ်အတွင်း ရေစိမ်၊ ကူးခတ်၊ ဆင်နွဲကြကာ တစ်နှစ်တာ ကိုယ်စိတ်နှလုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှကို အပန်းဖြေရန်လည်း ဖိတ်ခေါ်ထားသည်။

လက်ရှိအချိန်၌ ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည် နယ်တို့တွင် ‌ေ-သဆုံးဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများကြုံတွေ့နေကာ တစ်နိုင်ငံလုံးဝမ်းနည်းကြေကွဲနေရသောကာ လဖြစ်၍ မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါးသီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဥ်​ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ်သာ ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa အဆောက်အဦးမှ အလောင်း (၈) လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ၇.၇ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa Condo ပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကို ဆက်လက်ရှာဖွေလျက်ရှိရာ ယနေ့ ဧပြီလ (၇) ရက်တွင် ရုပ်အလောင်း (၈) လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အဦး အပျက်အစီးများကြား၌ ပိတ်မိနေသူများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံမှ Blue Sky Rescue...

သဒ္ဒါတရား လက်မနှေးသည့် တာချီလိတ်ဒေသခံများ၏ ငလျင်သင့်ဒေသများအတွက် ကျပ်သိန်း (၄,၀၀၀)အလှူ

ငလျင်ဒဏ်သင့်ဒေသများအတွက် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာ့ဟွာတရုတ်ဘုံကျောင်း၏မတည်မှုဖြင့် ဒေသခံများပါဝင်လှူဒါန်းသည့် ကျပ်သိန်း (၄,၀၀၀)ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို လှူဒါန်းပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးဝါး၊ အသုံးအဆောင်နှင့် စားနပ်ရိက္ခာများကို တာချီလိတ် တာ့ဟွာတရုတ်ဘုံကျောင်း ဂေါပကအဖွဲ့ဝင်များမှဦးဆောင် မတည်၍ မြို့သူမြို့သားများ၏ ဝိုင်းဝန်းထည့်ဝင် လှူဒါန်းမှုဖြင့် ယမန် နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ငလျင်ဒဏ်သင့်ဒေသများသို့ ဒုတိယအကြိမ် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ (၁) ရက်မွန်းလွဲပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ငလျင်ဒဏ်သင့်ဒေသများသို့ ပထမအကြိမ် ပို့ဆောင်လှူဒါန်းခဲ့ကြသေးပြီး၊ နှစ်ကြိမ်ပေါင်းလှူဒါန်းမှု ကျပ်သိန်း (၄,၀၀၀)ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ...

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာ

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်နိုင်သည်ဟု နိုင်ငံတော်မိုးလေဝသဌာနက သတိပေးခဲ့သည်။ ကန်တပ်ကီ၊ တင်နက်စီနှင့် အလာဘားမားပြည်နယ်တို့တွင် ရေလွှမ်းမှု သတိပေးချက်သည် အသက်ဝင်နေဆဲဖြစ်သည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောဆိုသည်။ တင်နက်စီပြည်နယ်သည် သဘာဝဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး ပြည်နယ်အနောက်ပိုင်းတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့သည်။ ကန်တပ်ကီ၊ မစ်ဆူရီပြည်နယ်များတွင် နှစ်ဦးစီသေဆုံးခဲ့ပြီး အာကန်‌ဆော၊ အင်ဒီယားနားနှင့် မစ္စစ္စပီပြည်နယ်များတွင် တစ်ဦးစီ သေဆုံးခဲ့ကာ သေဆုံးဦးရေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071