Monday, April 7, 2025

ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းက မြေတူးကားလှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့၌ပျက်စီးနေသည့် အဆောက်အဦးများအား ရှင်းလင်းရာတွင်အသုံးပြုရန် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှ ဘတ်(၁၀) သိန်းတန်ဖိုးရှိ မြေတူးကားတစ်စီးအား ဧပြီ ၆ ရက်မွန်းလွဲပိုင်းကလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးထံမှ...

စင်္ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း(၁၁) မျိုး...

Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့သည် ၎င်းတို့တပ်ဖွဲ့မှ ယူဆောင်လာသည့် ရှာဖွေကယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာများထဲမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး...

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင်...

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ...

အင်းလေး ကေလာကျေးရွာတွင်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ၌လျှပ်စစ်မီးပြန်ရ

ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ်၊ အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ကေလာကျေးရွာတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ယာယီဆေးရုံဖွင့်လှစ်ကာ...
HomeNewsLocal Newsနယ်စပ်ကုန်သွယ်ရေးမှတဆင့် QR Code...

နယ်စပ်ကုန်သွယ်ရေးမှတဆင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Vehicle Monitoring System ဖြင့် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍အသုံးပြုသွားမည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေးမှတဆင့်ပြည်ပသို့ QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို https:// vehicle.myanmartradenet.com (Vehicle Monitoring System)ဖြင့် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စမ်းသပ်ဆောင်ရွက်ခြင်းအား ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊မြဝတီ၊ချင်းရွှေဟော်တို့ရှိ ကုန်သွယ်မှုလမ်းကြောင်းများ၌ ငွေကြေးကောက်ခံမှုမရှိဘဲ စတင်အသုံးပြုလျက်ရှိသည်။

ယင်း စနစ်အသုံးပြုမှုအား စမ်းသတ်ကာလပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ယာဥ်တစ်စီးလျင် ၅၀၀၀ ကျပ်ကောက်ခံ၍ အပြည့်အဝအသုံးပြုသွားမည်ဖြစ်၍ ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့ရာတွင် ယာဉ်များအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား အွန်လိုင်းစနစ်ဖြင့် လျှောက်ထားထုတ်ယူရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။

ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာ၌ တင်ပို့မည့်ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန်လိုင်စင်အား Myanmar Tradenet 2.0 စနစ်တွင် ဦးစွာလျှောက်ထားရမည်ဖြစ်ကာ နယ်စပ်ပို့ကုန်လိုင်စင်ရရှိပြီးပါက ပို့ကုန်တင်ပို့မည့်ယာဉ်များ၏ အချက်အလက်များကို https://vehicle.myanmartradenet.com (Vehicle Monitoring System)တွင် ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်သည်။

ထို့နောက် လိုအပ်သည့်အချက်အလက်များအား တာဝန်ရှိသူများကစစ်ဆေး၍ QR Code ပါဝင်သည့်ကုန်ပစ္စည်းသယ်ဆောင်ခွင့်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရန်မလိုသည့် ကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန် စည်စစ်ဆေးရေးဂိတ်များရှိ တာဝန်ကျဝန်ထမ်းများထံ QR Code ပြသ၍ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး QR Code ပြသစစ်ဆေးခံနိုင်ခြင်းမရှိသည့်ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များသည် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Online မှ ပြန်လည်လျှောက်ထားပြီး QR Code ရရှိမှသာ ဆက်လက်ထွက်ခွာခွင့်ပြုမည် ဖြစ်သည်။

ထို့ကြောင့် လျှောက်ထားမည့်သူများအနေဖြင့် အသေးစိတ်သိရှိလိုသည်များအား https:commerce.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ဝ၆၇-၄၀၈၆၇၁၊ ၄ဝ၈၄၈၅၊ ၄ဝ၈၆၇ဝ၊ ၄ဝ၈၅ဝ၉၊ ၄ဝ၈၅၁၁ တို့နှင့်အီးမေးလ်လိပ်စာဖြစ်သည့် dotictygn@commerce.gov.mm , dot.ict.tradenet@gmail.com တို့သို့ ရုံးချိန်အတွင်း၌ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးဦးစီးဌာနသည် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် စနစ်တကျကြပ်မတ် ဆောင်ရွက်နိုင်ရန် ကုန်ပစ္စည်းများသယ်ဆောင်သော ပို့ကုန်ယာဉ်များအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းက မြေတူးကားလှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့၌ပျက်စီးနေသည့် အဆောက်အဦးများအား ရှင်းလင်းရာတွင်အသုံးပြုရန် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှ ဘတ်(၁၀) သိန်းတန်ဖိုးရှိ မြေတူးကားတစ်စီးအား ဧပြီ ၆ ရက်မွန်းလွဲပိုင်းကလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးထံမှ သိရသည်။ အဆိုပါ မြေတူးကားအား ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump က မန္တလေးတိုင်းအစိုး ရအဖွဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကျော်မိုးထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် CP Motor Myanmar ကုမ္ပဏီမှ Tent (၂) ဒါဇင်နှင့် MK Distribution ကုမ္ပဏီမှ အသင့်စားမာမားခေါက်ဆွဲထုပ် (၄၅၀၀၀)တို့ကို...

စင်္ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း(၁၁) မျိုး မြန်မာမီးသတ်ကို ကူညီပေးအပ်ခဲ့

Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့သည် ၎င်းတို့တပ်ဖွဲ့မှ ယူဆောင်လာသည့် ရှာဖွေကယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာများထဲမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ အမျိုးအစား (၁၁)မျိုးတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တွင် အသုံးပြုနိုင်ရေးအတွက် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ လှူဒါန်းခဲ့သော ပစ္စည်းစာရင်းမှာ Festival dome/shade (၆)လုံး၊ Foldable tables & Benches (၄)လုံး၊ 1-Man Tent (၇၉)လုံး၊ Tent Lights (၈၀)လုံးခန့်၊ Inflable...

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ အသိပေးထား

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ ငလျင်ဒဏ် အပြင်းအထန် ခံစားနေရသည့် စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့် ပြည်နယ် အားလုံးတွင် မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဘင်္ဂလားပင်လယ်အော် အခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071