Wednesday, November 20, 2024

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ...

လာမည့် နိုဝင်ဘာ ၂၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံတဝန်း အကြိုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်...

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ်...

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏...

(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည်...

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလအတွင်း ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ကာလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့်...

တာမွေတွင် အမျိုးသား တစ်ဦး ကားတို-က်ခံခဲ့ရမှုကြောင့်...

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ SKY STAR Hotel အနီးတွင် အမျိုးသားတစ်ဦး ကားတို-က်ခံခဲ့ရမှုကြောင့် ေ-သဆုံးခဲ့ရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ...
HomeNewsLocal Newsနာဂဒေသထွက် ကျောက်ကြမ်းပိုးများအား တရုတ်မှ...

နာဂဒေသထွက် ကျောက်ကြမ်းပိုးများအား တရုတ်မှ ဈေးကောင်းပေး ဝယ်ယူလျှက်ရှိ

နာဂဒေသတွင် ဆောင်းတွင်းကာလထွက်သည့် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူလျှက်ရှိကြောင်း ထန်ပါခွေဒေသခံများထံက သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ဆောင်းတွင်းကာလ ရာသီပေါ်ဖြစ်သော ကျောက်ကြမ်းပိုး ရောင်းသူ၊ ဝယ်သူများဖြင့် တပိုင်တနိုင်မိသားစု ဝင်ငွေရရှိလျက်ရှိပြီး ကျောက်ကြမ်းပိုး (၁၀)သား လျှင် (၃၆၀၀၀) ကျပ်ရရှိပြီး (၁) ပိဿာလျှင် (၃၆၀၀၀၀) ကျပ်ရရှိကြောင်းသိရသည်။

ကျောက်ကြမ်းပိုးကို လဟယ်၊ ခန္တီး၊ နန်းယွန်း၊ ပန်ဆောင်မြို့ ကိုယ်စားလှယ်များက လာရောက်ဝယ်ယူလျက်ရှိပြီး ကျောက်ကြမ်းပိုးများရှိရာ နန်စလိန်ချောင်း ကမ်းပါးအနီးတဝိုက်တွင် ကျောက်ကြမ်းပိုးရှာသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။

နာဂဒေသ၊ ထန်ပါခွေမြို့ ဒေသခံပြည်သူ လူငယ်များက ‌ကျောင်းပိတ်ချိန်နှင့် တောင်ယာနားချိန် အားလပ်ချိန်များတွင် ကျောက်ကြမ်းပိုးရှာဖွေကြခြင်းဖြစ်ပြီး ထန်ပါခွေမြို့တွင် တစ်နှစ်တစ်ခေါက် ဆောင်းတွင်းတွင်သာ ရသည့်ရာသီပေါ် ကျောက်ကြမ်းပိုးကို ရှာဖွေရရှိနိုင်ခြင်းဖြစ်သည်။

ယခင်(၄)နှစ်ခန့်က ကျောက်ကြမ်းပိုး နို့ဆီတစ်ဗူးလျှင် ကျပ် (၅၀၀၀)မှ ကျပ်(၇၀၀၀)အထိ ဈေးရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်က နို့ဆီတစ်ဗူး ကျပ်(၁၀၀၀၀)မှ (၁၅၀၀၀)အထိ ပေါက်ဈေးရခဲ့ကြောင်းကျောက်ကြမ်းပိုးရှာသူများထံက သိရသည်။

ကျောက်ကြမ်းပိုးကို၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ဝယ်ယူပြီးနောက် ဈေးကောင်းရလာခြင်းဖြစ်ပြီး ယခင်က ကျောက်ကြမ်းပိုး နို့ဆီတစ်ဗူး ကျပ်ငွေ (၅၀၀)ခန့်သာ ရှိကြောင်း သိရသည်။

ကျောက်ကြမ်းပိုးကောင်များကို ဆေးဖော်စပ်ရန် တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ပြီး လူသူအရောက်အပေါက်နည်းသော ချောင်းများ၊ ချောင်းစပ် ကျောက်ကြို ကျောက်ကြားများတွင် တွေ့ရကြောင်း သိရသည်။

ကျောက်ကြမ်းပိုးများကို နံနက်ပိုင်းတွင် ကျောက်ခဲမျာအောက်တွင်ရှာဖွေကြရပြီး ညနေပိုင်း ကျောက်ကြမ်းပိုးအစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင်၊ ဆန်ခါခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ရှိကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်

လာမည့် နိုဝင်ဘာ ၂၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံတဝန်း အကြိုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးနှင့် အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာကျင်းပသွားနိုင်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီထံမှ သိရသည်။ ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အမျိုးသားအောင်ပွဲနေ့...

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ် ကြည့်ရှု

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏ အကာသပျံသန်းမှု စွမ်းရည်ကို မြှင့်ခဲ့သည်။ သို့ရာတွင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်လာရောက်ကြည့်ရှုခဲ့သော အဆိုပါလွှတ်တင်မှုတွင် ဒုံးလွှတ် booster ကို ပစ်စင်သို့ ပြန်ယူရာတွင် လွဲချော်ခဲ့သည်။ လပေါ်သို့ အကာသယာဉ်မှူးများ စေလွှတ်ရန်နှင့် အင်္ဂါဂြိုဟ်သို့ လူပို့ဆောင်ပေးရန် ရည်ရွယ်သော အကြမ်းအားဖြင့် ပေ ၄၀၀ အရှည်ရှိ ဒုံးပျံစနစ်ကို တက္ကဆပ်စ်ပြည်နယ် ဘိုကာချီကာရှိ SpaceX...

(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလအတွင်း ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ကာလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇူလိုင်လတွင် (၄၄၀၉၁၇) ဦး၊ သြဂုတ်လတွင် (၃၆၃၂၆၁)ဦး၊ စက်တင်ဘာလတွင် (၅၀၈၅၃၁) ဦး၊ အောက်တိုဘာလတွင် (၆၇၈၉၁၅) ဦး စုစုပေါင်း (၁၉၉ ၁၆၂၄) ဦး လာရောက်ဖူးမြော်ခဲ့ကြကြောင်း စာရင်းအချက်အလက်များအရ သိရသည်။ ရွှေတိဂုံစေတီတော်သို့ ပုံမှန်အားဖြင့် တစ်ရက်လျှင်ဘုရားဖူး လာရောက်သူ တစ်သောင်းဝန်းကျင်ရှိပြီး ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071