Thursday, December 12, 2024

ဦးဆောင်ဂိုးဖြင့် အဖွင့်လှခဲ့သော်လည်း မြန်မာ –...

ယနေ့ ဒီဇင်ဘာ (၁၂)ရက်တွင် ဖိလစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဖိလစ်ပိုင်-မြန်မာ အာဆီယံမစ်ဆူဘီရှီဖလား ပွဲစဉ်တွင် မောင်မောင်လွင်၏ ဦးဆောင်ဂိုးဖြင့် မြန်မာအသင်းက ပထမပိုင်းပွဲချိန်အတွင်း အသာစီးကစားခဲ့ရသော်လည်း...

ဒီဇင်ဘာလအတွင်း ၃ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်...

ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ခန့် မိုး သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း၌ ရေတိုက်စား၍ ပျက်စီးမှုနှင့်မြေပြိ-ုကျမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး...

အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ကို OWIC ကတ်...

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ...

ရထားပေါ်ရှိ အရေးပေါ်ခလုတ်ကို အရေးပေါ်ဖြစ်မှာသာ နှိပ်ကြရန်...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော DEMU မြို့ပတ်ရထားများတွင် အရေးပေါ်ခလုတ်ကို မှားနှိပ်သူများကြောင့် ရထားရပ်ရခြင်းမျိုးဖြစ်ပေါ်နေကာ အရေးပေါ်ကိစ္စများ ဖြစ်မှသာ နှိပ်ကြရန်‌ မြန်မာ့မီးရထားမှ မေတ္တာရပ်ခံထားသည်။ အဆိုပါ အရေးပေါ်ခလုတ်ကို...
HomeNewsLocal Newsနိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ မြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းကို...

နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ မြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းကို ကြိုဆိုဂုဏ်ပြု

နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ မြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းသည် ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက် ညနေ(၆) နာရီအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသဖြင့် ရန်ကုန်လေဆိပ်တွင် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း မြင်းစီးအားကစားအဖွဲ့ချုပ်ထံမှ သိရသည်။

၎င်းသည် ယခုလ ဒီဇင်ဘာ (၇)ရက်မှ (၁၀)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့၌ ကျင်းပသည့် ထိုင်းဘုရင့်သမီးတော်ဖလား၊ အသက်(၁၄)နှစ်မှ (၁၈)နှစ်အတွင်း၊ မြင်းစီးတန်းခုန်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ကြေးတံဆိပ်ဆုဆွတ်ခူးခဲ့ခြ င်းဖြစ်သည်။

ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၇)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် ပထမရွှေတံဆိပ်ဆုကို အိမ်ရှင်ထိုင်းကလည်းကောင်း၊ ဒုတိယ ငွေတံဆိပ်ဆုကို ကမ္ဘောဒီးယားက လည်းကောင်း၊ တတိယ ကြေးတံဆိပ်ဆုကို မြန်မာကလည်း ကောင်း အသီးသီးဆွတ်ခူးခဲ့သည်။

ထို့အပြင် စတုတ္ထဆုကို အင်ဒိုနီးရှား၊ ပဉ္စမဆုကို မလေးရှား၊ ဆဌမဆုကို ဖိလစ်ပိုင်၊ သတ္တမဆုကို စင်္ကာပူနိုင်ငံတို့က ရရှိခဲ့သည်။

နိုင်ငံ့ဂုဏ်ဆောင် ဖြိုးကျော်မြင့်သန်း၏ အိမ်ပြမ်ခရီးစဉ်အား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ဒုတိ ယကျောင်းအုပ်ကြီး ဦးအောင်မျိုးဝင်းနှင့်တာဝန်ရှိသူများ၊ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်း သူများ၊ ရန်ကုန်မြင်းစီးအသင်း (YECC)မှ ဝန်ထမ်းများ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဆောင်ဂိုးဖြင့် အဖွင့်လှခဲ့သော်လည်း မြန်မာ – ဖိလစ်ပိုင် ပွဲစဉ် သရေရလဒ်သာ ထွက်ပေါ်

ယနေ့ ဒီဇင်ဘာ (၁၂)ရက်တွင် ဖိလစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဖိလစ်ပိုင်-မြန်မာ အာဆီယံမစ်ဆူဘီရှီဖလား ပွဲစဉ်တွင် မောင်မောင်လွင်၏ ဦးဆောင်ဂိုးဖြင့် မြန်မာအသင်းက ပထမပိုင်းပွဲချိန်အတွင်း အသာစီးကစားခဲ့ရသော်လည်း ဒုတိယပိုင်းပွဲပြီးခါနီးတွင် ခြေပဂိုးပေးရပြီး သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းအနေဖြင့် ပထမပိုင်းပွဲစဉ် (၂၅) မိနစ်အချိန်၌ ပင် မောင်မောင်လွင်၏ ဖရီးကစ်ဖြင့် အဖွင့်ဂိုး ရရှိခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် မိနစ် (၆၀) ကျော်တွင် ရဲရင့်အောင်၏ သွင်းဂိုးကို ကွင်းလယ်ဒိုင်က လူကျွံဘောသတ်မှတ်ခဲ့သည့်အတွက် အနိုင်ဂိုး (၁) ဂိုး နစ်နာခဲ့ရသည်။ ထို့နောက် ဒုတိယပိုင်း...

ဒီဇင်ဘာလအတွင်း ၃ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း၌ ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့

ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ခန့် မိုး သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း၌ ရေတိုက်စား၍ ပျက်စီးမှုနှင့်မြေပြိ-ုကျမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းရှိ ဆင်တောင်-မြင်းဒိုက် ဘူတာကြားရှိ ရထားလမ်းတာပေါင်နေရာများ၊ ကမ်းပါနီဥမင် အဝင်/အထွက်နေရာများ၊ ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာတို့တွင် မြေပြိ-ုကျ ၍ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ပျက်စီးနေမှုများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ကြည့်ရှုစစ်ဆေး၍ သာစည်-ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များအမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထိုသို့ ပြန်လည်ပြုပြင်ရာ၌ လူအင်အား၊...

အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ကို OWIC ကတ် ပြုလုပ်ပေးပြီးဖြစ်

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။ OWIC ကတ်ကို ပထမဦးဆုံးပြုလုပ်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရန်လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရရန် နေပြည်တော် အလုပ်သမားရုံးချုပ်သို့ တင်ပြရမည်ဖြစ်သည်။ အဆိုပါ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071