မန္တလေးမြို့ ၊ မန္တလာသီရိ ဘောလုံးကွင်းအတွင်း၌ ယာယီတဲကြီးများဖြင့် လာရောက်ဖွင့်ပေးနေသော နိုင်ငံတကာဆေး ခန်းများက သာမန်ကေ့စ် အကုန်လုပ်ပေးနိုင်၊ ကုပေးနိုင်ပြီး လူနာ လက်ခံနေသည့်အတွက် မည်သူမဆို လာရောက်ပြသနိုင်ကြောင်းသိရသည်။
” သာမန်ဖြစ်တဲ့ ကျန်းမာရေး ချို့တဲ့မှုလည်း သွားပြလို့ရတယ်။ အသေးစား ခွဲစိတ်မှုတွေအထိပါ လုပ်ပေးပါတယ်။ ကြီးကြီးမားမားဖြစ်မှသာ ဆေးရုံကြီးကို လွှဲပေးတာ။အစ်မယောက္ခမဆို သူတို့ဆီကို အရင်သွားပြတာ။ သူတို့မနိုင်မှ ဆေးရုံကြီးကို သူတို့ ကိုယ်တိုင်လိုက်ပို့တာ၊ရုရှားက အဖွဲ့တွေ၊ ဆေး ရုံကို သူတို့ လိုက်ပို့တာ။ ဆေးရုံရောက်မှ ဆုံးသွားတာ” ဟု မန္တလေးမြို့မှ ငလျင်ဒဿ်သင့် ပြည်သူတစ်ဦးက ဆိုသည်။
စစ်ကိုင်းငလျင်ကြောင့် ဒဏ်ရာရသူအချို့ကိုလည်း မန္တလာသီရိ ဘောလုံးကွင်းထဲရှိ Russia Medical Camp တွင် ကုသပေးနေသည်။ ထို ဆေးခန်းများတွင် OT အသေးစားပါဝင်သဖြင့် အဆင်ပြေသွားကြောင်း လူနာရှင်အချို့ထံမှသိရသည်။
“Emergency case တော်တော်များများ အဲဒီမှာလုပ်ပေးတ ယ်တဲ့။ ကိုယ်တွေစောင့်နေတုန်းလည်း တခြား လူနာတွေလာပြကြတယ်။ စကားပြန်တွေလဲ ၄/၅ ယောက်လောက်ပါတ ယ်၊ လူနာတွေလဲ လက်လှမ်းမှီရာကို ပြောပြီး လွှတ်ပေးကြပါဦးတဲ့”ဟု လူနာသွားကြည့်သည့်အမျိုးသမီးတဦးကဆိုသည်။
မန္တလေး မြို့တော်ခန်းမရှေ့တွင် ဂျပန် အဖွဲ့၏ အရေးပေါ်ဆေးကုသခန်း၊ လမ်း ၃၀၊ ၇၂ နှင့် ၇၃ တွင် တရုတ်အဖွဲ့၏ ဆေးခန်း ၊ ချမ်းမြသာစည် လေယာဉ်ကွင်း အဟောင်းထဲတွင် အိန္ဒိယအဖွဲ့၏ ဆေးခန်း စသဖြင့် အသီးသီးရှိကြသည်။