Saturday, December 14, 2024

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို...

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့လည် ၁...

ပြည်ပခရီးစဉ်၌ လှေကားပေါ်မှချော်ကျပြီး နန်စီပေလိုစီ ဆေးရုံတင်လိုက်ရ

ဝါရှင်တန်၊ဒီဇင်ဘာ ၁၄ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပေလိုစီသည် လူဇင်ဘတ်နိုင်ငံသို့ သွား ရောက်စဉ်အတွင်း လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူဇင်ဘတ်မြို့ရှိဆေးရုံသို့တင်ခဲ့ရသည်ဟုသိရသည်။ “Bulge” တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ်...

ဂျပန်၌ခရိုင်တိုင်းတွင်သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအရာရှိများခန့်မည်

တိုကျို၊ဒီဇင်ဘာ ၁၄ ဂျပန်နိုင်ငံ၌ လာမည့်ဘဏ္ဍာ‌ေရးနှစ်မှစတင်ကာ ခရိုင်တိုင်းတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရေးအရာရှိများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံး၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောကြားခဲ့သည်။ တာဝန်ရှိသူများအနေဖြင့် ခရိုင်အသီးသီး၌ အရာရှိ ၅၀ ခန့်ကို တာဝန်ပေးအပ်မည့်အစီအစဉ်ကို...

ရုပ်ရှင်အထူးပွဲ၌ လူအုပ်ထိတ်လန့်မှုအတွက် အယ်လူ အာဂျွန်...

ရုပ်ရှင်အထူးပွဲသို့ တက်ရောက်စဉ် အမျိုးသမီးတစ်ဦးသည် လူနင်းခံရကာ သေဆုံးခဲ့ရသည့် ပရိသတ်ကို အလန့်တကြားဖြစ်စေသည့် ကိစ္စ ပေါ်ပေါက်ခဲ့မှုအတွက် အိန္ဒိယသရုပ်ဆောင်မင်းသား ကို ဒီဇင်ဘာ ၁၃...
HomeNewsLocal Newsနိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန်...

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း နစက ဥက္က ဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီး ပွားရေးတက္ကသိုလ်နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာရပ်များကို ဖြန့်ဖြူးရာတစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အဖြစ်ရပ်တည်ခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ သမိုင်းကြောင်းကိုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အတူ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရွယ်၍ စီးပွားရေးတက္ကသိုလ်များအား နှစ်အလိုက်တိုးချဲ့ဖွင့်လှစ်ခဲ့မှု၊ ပါရဂူဘွဲ့(Ph.D)ဘွဲ့သင်တန်းများအပါအဝင် နှစ်အလိုက်ဘာသာရပ်သင်တန်းများတိုးချဲ့ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် မွေးထုတ်ပေးနိုင်ခဲ့သော သက်ဆိုင်ရာဘာသာရပ်များအလိုက် ဘွဲ့ရဦးရေများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

” နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စီး ပွားရေးပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဖြန့်ဖြူးပေးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့စီးပွားရေးဦးတည်ချက်တွေနဲ့အညီ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားတိုးတက်လာစေဖို့ရည်ရွယ်ပြီး MSME လုပ်ငန်းတွေကတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးကိုဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှဦးဆောင်၍ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်(၃၉)ခုတွင် B.A (Economics)ဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ပေးခဲ့သဖြင့် အနာဂတ်ကာလတွင် B.A (Economics)ဘွဲ့ရများအနေဖြင့် တတ်သိထားသည့် စီးပွားရေးအသိအမြင်၊ အတွေးအမြင်မျကိုအသုံးချကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်လာနိုင်တော့မည်ဟု ပြောသည်။

စီးပွားရေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် MBA ဘွဲ့ရများအနေဖြင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင်ကျွမ်းကျင်သော စီးပွားရေးလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုပိုင်းတွင် အဆင့်မြင့်အရာထမ်းများ၊ MDevS ဘွဲ့ရများ သည် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် NGO/INGO အဖွဲ့အစည်းများ၊ MBF ဘွဲ့ရများသည် ဗဟိုဘဏ်၊ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၌ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲသူများအဖြစ် အဆင့်မြင့်ရာထူးများကို တာဝန်ယူနေကြသည်ဟု ပြောသည်။

ထို့အတူတူ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ် ပယ်အသီးသီး၌ ထင်ရှားကျော်ကြားသူများအ ဖြစ်ပါဝင်နေကာ နိုင်ငံတော်သမ္မတမှစ၍ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များစသည့် နိုင်ငံတော်၏အဆင့်မြင့်တာဝန်အသီးသီးကိုထမ်းဆောင်နေကြခြင်းအားဂုဏ်ယူဖွယ်တွေ့မြင်ရသည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိ

MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့လည် ၁ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက အသင်းချုပ်၏ နိုင်ငံစီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့မှုနှင့် အောင်မြင်မှုများအတွက် ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောသည်။ နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းများဖြစ်လာစေရန် နည်းပညာ၊ ငွေကြေးအရင်း အနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနှင့်...

ပြည်ပခရီးစဉ်၌ လှေကားပေါ်မှချော်ကျပြီး နန်စီပေလိုစီ ဆေးရုံတင်လိုက်ရ

ဝါရှင်တန်၊ဒီဇင်ဘာ ၁၄ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပေလိုစီသည် လူဇင်ဘတ်နိုင်ငံသို့ သွား ရောက်စဉ်အတွင်း လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူဇင်ဘတ်မြို့ရှိဆေးရုံသို့တင်ခဲ့ရသည်ဟုသိရသည်။ “Bulge” တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် လူဇင်ဘတ်သို့ နှစ်ဖက်ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရီးသွားစဉ် လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ဒဏ်ရာအခြေအနေ ကို စစ်ဆေးရန် ဆေးရုံပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အသက် ၈၄ နှစ်အရွယ်ရှိ ပေလိုစီသည် ယခုအခါ ဆရာဝန်များနှင့်ကောင်းမွန်စွာဆေးကုသမှုခံယူလျက်ရှိသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီ၏ ထင်ရှားသည့်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပေလိုစီသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန်အောက်လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ထပ်တစ်ကြိမ်အဖြစ်...

ဂျပန်၌ခရိုင်တိုင်းတွင်သဘာဝဘေးကြိုတင်ပြင်ဆင်ရေးအရာရှိများခန့်မည်

တိုကျို၊ဒီဇင်ဘာ ၁၄ ဂျပန်နိုင်ငံ၌ လာမည့်ဘဏ္ဍာ‌ေရးနှစ်မှစတင်ကာ ခရိုင်တိုင်းတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရေးအရာရှိများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံး၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောကြားခဲ့သည်။ တာဝန်ရှိသူများအနေဖြင့် ခရိုင်အသီးသီး၌ အရာရှိ ၅၀ ခန့်ကို တာဝန်ပေးအပ်မည့်အစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်းများနှင့်ပါပူးပေါင်းကာ ပျက်စီးဆုံးရှုံးမှုအကဲဖြတ် ဆန်းစစ်ခြင်းနှင့် ဘေးအန္တရာယ်ကြုံနေရစဉ်ကာလအတွင်း ဘေးကင်းရာသို့ပြောင်းရွှေ့အခြေချနေထိုင်ခြင်းများအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။ အစိုးရအဖွဲ့ရုံးအနေဖြင့် လက်ရှိဝန်ထမ်း ၁၁၀ ဦးကို ထပ်တိုးကာ နှစ်ဆအထိတိုးမြှင့်ရန်စီစဉ်နေပြီး လာမည့်ဘဏ္ဍာရေးနှစ်၌ ဘတ်ဂျက်ငွေကိုပါ တိုးမြှင့်သုံးစွဲရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် NHK သတင်းဌာနတွင်ဖော်ပြခဲ့သည်။ မကြာသေးမီကာလများအတွင်းကဖြစ်ပွားခဲ့သည့် နိုတိုကျွန်းဆွယ်ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များက ဂျပန်နိုင်ငံခရိုင်များအတွင်းရှိ အကန့်သတ်ဖြင့် သာရှိနေသည့် ထောက်ပံ့မှုများနှင့် ယာယီရွှေ့ပြောင်းခိုလှုံရန်နေရာများစီစဉ်ရာ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071