Sunday, March 30, 2025

ကမ္ဘောဒီးယားက မြန်မာအတွက် ကနဦးအကူအညီအဖြစ် ကန်ဒေါ်လာတစ်သိန်းထောက်ပံ့မည်

ဖနောင်ပင်၊မတ် ၃၀ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုးလ်ခွန်က မြန်မာနိုင်ငံအတွက် ကနဦးအရေးပေါ်အကူအညီအဖြစ် ကန်ဒေါ်လာတစ်သိန်းပေးအပ်သွားမည်ဟု တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုအပြီး ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးတွင် ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သည့် ဆိုးလ်ခွန်ကယခုလိုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင်...

မြန်မာငလျင်အတွက် မလေးရှားက ရင်းဂစ် ၁၀...

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံရှိ ငလျင်ဘေးဒဏ် ကြုံခဲ့ရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ အဖြစ် ရင်းဂစ် ၁၀ သန်း ကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်...

အီလွန်မတ်စ်ကထိုင်းနှင့် မြန်မာသို့Starlinkကိရိယာများ‌ ထောက်ပံ့လို

မတ် ၃၀ အီလွန်မတ်စ် ပိုင်ဆိုင်သော အာကာသယာဉ်ကုမ္ပဏီ SpaceX သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇ ဒသမ ၇...

ဧပြီ (၇) ရက် နောက်ပိုင်းရက်များတွင်...

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ဧပြီ လဆန်း(၄)ရက်ဝန်းကျင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေရှိပြီး ဧပြီ (၇) ရက် နောက်ပိုင်းရက်များတွင် တိုင်းနှင့်ပြည်နယ် အနှံ့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းနိုင်မည်...
HomeNewsLocal Newsနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်အလေးထားဆောင်ရွက်နေဟု တပ်ချုပ်ပြော

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်အလေးထားဆောင်ရွက်နေဟု တပ်ချုပ်ပြော

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်အလေးထားဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းက မနက်ဖြန် မတ် ၂၇ ရက်တွင်ကျင်းပမည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်စဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ပြီး စွမ်းရည်စွမ်းပကားမြင့်မားစေရေးအတွက် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ နစက အနေဖြင့် နိုင်ငံတော်ဘက်စုံဖွံဖြိုးတိုးတက်ရန်ဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် ပညာရေးကိုအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကာ ကျောင်းပညာရေးအပြင် ကျောင်းပြင်ပပညာရေးနှင့် စာကြည့်တိုက်လုပ်ငန်းများကိုလည်းအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ အငြိမ်းစားတပ်မတော်အရာရှိကြီးများမှလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံ့တာဝန်များကို ဘက်ပေါင်းစုံမှလစ်ဟင်းမှုမရှိစေရေးကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေး အသိအမှတ်ပြုကာ နိုင်ငံတော်အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးနိုင်စေရေး၊ တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆုမွန်ကောင်းတောင်းလျက်ရှိသည်ဟု ဩဝါဒစကားများပြောကြားခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံဂါရဝပြုနှုတ်ဆက်ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များကိုမေးမြန်း၍ လိုအပ်သည်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားက မြန်မာအတွက် ကနဦးအကူအညီအဖြစ် ကန်ဒေါ်လာတစ်သိန်းထောက်ပံ့မည်

ဖနောင်ပင်၊မတ် ၃၀ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုးလ်ခွန်က မြန်မာနိုင်ငံအတွက် ကနဦးအရေးပေါ်အကူအညီအဖြစ် ကန်ဒေါ်လာတစ်သိန်းပေးအပ်သွားမည်ဟု တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုအပြီး ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးတွင် ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သည့် ဆိုးလ်ခွန်ကယခုလိုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁,၇၀၀ ခန့် ‌ေ-သဆုံးကာ ၃,၄၀၀ ဒဏ်ရာရခဲ့ပြီး ၃၀၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားသည် မြန်မာငလျင်လှုပ်ခတ်မှုအပြီးတွင် မြန်မာနှင့်ထိုင်းတို့ကိုကူညီရန် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စည်းလုံးညီညွတ်စွာရပ်တည်ခဲ့ကြောင်းလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။ "သူတို့ကိုကူညီဖို့ ကျွန်တော်တို့လုပ်သမျှက ကျွန်တော်တို့စည်းလုံးညီညွတ်မှုရဲ့ သက်သေဖြစ်ပြီး မြန်မာနဲ့ထိုင်းတို့ဟာ ဒီအကျပ်အတည်းကို တစ်ယောက်တည်း ရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတဲ့သတင်းစကားပါပဲ" ဟုလည်း၎င်းကဆိုခဲ့သည်။ Source : ရှင်းဟွာ

မြန်မာငလျင်အတွက် မလေးရှားက ရင်းဂစ် ၁၀ သန်း ကူညီထောက်ပံ့မည်

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံရှိ ငလျင်ဘေးဒဏ် ကြုံခဲ့ရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ အဖြစ် ရင်းဂစ် ၁၀ သန်း ကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်က ယနေ့ ပြောကြားလိုက်သည်။ ထောက်ပံ့ကူညီမှုသည် ၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သော မလေးရှားနိုင်ငံ၏ တာဝန်ယူမှုနှင့် စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေကြောင်း သူက ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုမစ်ရှင်ကို ဦးဆောင်ရန်အတွက် လာမည့်သီတင်းပတ်တွင် နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ မိုဟာမက် ဟာဆန်ကို မြန်မာနိုင်ငံသို့ သွားရောက်ရန် ညွှန်ကြားထားကြောင်း သူက...

အီလွန်မတ်စ်ကထိုင်းနှင့် မြန်မာသို့Starlinkကိရိယာများ‌ ထောက်ပံ့လို

မတ် ၃၀ အီလွန်မတ်စ် ပိုင်ဆိုင်သော အာကာသယာဉ်ကုမ္ပဏီ SpaceX သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် ဆက်သွယ်ရေးဆိုင်ရာ များကို ပံ့ပိုးကူညီရန်အတွက် စတားလင့်ခ်(Starlink) ကိရိယာများ ကိုထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း X ၏ ပို့စ်တစ်ခုတွင် ကုမ္ပဏီသည် လိုအပ်သော အစိုးရအာဏာပိုင်များ၏ အတည်ပြုခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ အကူအညီအထောက်အပံ့ပေးနိုင်မှုမှာ ကန့်သတ်မှု ရှိကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ "ထိုင်းနဲ့ မြန်မာမှာ ငလျင်လှုပ်တာကို ကြားသိရလို့ စိတ်မကောင်းဖြစ်ရပါတယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071