မြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ပညာရှင်များ ရှုထောင့်မှ အကြံဉာဏ်များ၊ သုံးသပ်ချက်များကို စဉ်ဆက်မပြတ် အကြံပြုတင်ပြသွားနိုင်ရန် နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မှာကြားလိုက်သည်။
နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မတ်လ (၂၆) ရက်က တွေ့ဆုံစဉ်မှာကြားခဲ့ခြင်းဖြစ်သည်။
၎င်းအစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိသော မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပညာရှင်များရှုထောင့်မှ အကြံဉာဏ်များ၊ သုံးသပ်ချက်များကို စဉ်ဆက်မပြတ် အကြံပြုတင်ပြသွားနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်းလည်း သိရသည်။