Wednesday, January 1, 2025

မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃) သန်းကျော်ရှိ

မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းအရ (၅၁ ဒသမ ၃)သန်းကျော်ရှိကြောင်း ဒီဇင်ဘာ ၃၁ ရက်ကထုတ်ပြန်ခဲ့သည်။ အဆိုပါ ၂၀၂၄...

တရုတ်နိုင်ငံတွင် စင်ကာပူကုန်သင်္ဘောနှင့် ဂျပန်ကုန်သင်္ဘော တို-က်မိ

တရုတ်နိုင်ငံရှိ မြစ်ကြောင်းတစ်ခုအတွင်း၌ ဒီဇင်ဘာ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံအလံတင် သင်္ဘောနှင့် ဂျပန်နိုင်ငံအလံတင် သင်္ဘောတို့ တို-က်မိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့...

ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှ မဟန့်တားနိုင်–ရှီ

တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှ ဟန့်တားနိုင်မည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်ပြီး ကျွန်းဒေသအတွင်းနှင့်...

KBZ Pay အကောင့်အချို့ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်အမြန်ဆုံးစိစစ်နေဟုဆို

ယခုရက်ပိုင်းအတွင်း KBZ Pay အကောင့်အချို့မှ ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံးစိစစ်နေကြောင်း KBZPay က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းက KBZ...
HomeNewsLocal Newsနိုင်ငံရေးအရဖြေရှင်းရန် အသင့်ရှိကြောင်း AA...

နိုင်ငံရေးအရဖြေရှင်းရန် အသင့်ရှိကြောင်း AA ဘက်က ထုတ်ပြန်လာ

ရခိုင်ပြည်နယ်အတွင်း (၁) နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့နယ်ပေါင်း (၁၄) မြို့နယ် ထိန်းချုပ်ပြီးနောက် နိုင်ငံရေးအရဖြေရှင်းမည်ဟု ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် AA က ထုတ်ပြန်လာသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃)ရက်က စတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ တပ်မတော် တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး (၁) နှစ်ကျော်အကြာတွင် နိုင်ငံရေးဆွေးနွေးရန် စကားလမ်းကြောင်းစလာခြင်းလည်း ဖြစ်သည်။

AA အနေဖြင့် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးတွင်လည်းကိုးကန့် ၊ တအာင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်တိုက်ခိုက်ခဲ့ကြပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်ဆွေးနွေးပွဲ သဘောတူညီမှုကို ရရှိခဲ့ကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်မှအပ ကျန်မြို့နယ် (၁၄) ခုကို AA က ထိန်းချုပ်ထားပြီး စစ်ရေးအရ အသာစီးရယူထားသည့်အခြေအနေဖြစ်သည်။

AA က ထုတ်ပြန်လာသည့် ထုတ်ပြန်ချက်အရ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်းနှင့် အဖြစ်အပျက်များကို စစ်ရေးအရ ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် အဆင်သင့်အနေအထားရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဂရုတစိုက် ထိန်းသိမ်းကာကွယ်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် လိုလားကြောင်းကိုလည်း AA က ထုတ်ဖော်ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေပြီး စီမံကိန်းဧရိယာအချို့မှာ AA ထိန်းချုပ်မှုအောက်ရောက်ရှိနေသည့် ဒေသများတွင် ပါဝင်နေသည်ကို တွေ့ရသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြီးခဲ့သည့် လအတွင်းက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဆွေးနွေးရန်အသင့်ရှိကြောင်း ပြောကြားထားသည်။

သို့သော် ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားမှသာ ဆွေးနွေးနိုင်မည်ဟုလည်း ၎င်းက တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။

” MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃) သန်းကျော်ရှိ

မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းအရ (၅၁ ဒသမ ၃)သန်းကျော်ရှိကြောင်း ဒီဇင်ဘာ ၃၁ ရက်ကထုတ်ပြန်ခဲ့သည်။ အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ(MICC-2)၌ကျင်းပခဲ့သည်။ အခမ်းအနား ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အခြားလူဦးရေစာရင်းကောက်ယူ မှတ်တမ်းတင်ခြင်းလုပ်ငန်းများနှင့်မတူဘဲ အချိန်ကာလကြာမြင့်စွာ၊ ဘဏ္ဍာငွေများစွာဖြင့် စနစ်တကျစီမံဆောင်ရွက်ရသည့် နိုင်ငံတော်စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည်ဟု ပြောသည်။ ထို့ပြင် ပင်မအစီရင်ခံစာကို အသေးစိတ်ပြုစုကာ ၂၀၂၅ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်း/ပြည်နယ်အလိုက်အစီရင်ခံစာများ၊...

တရုတ်နိုင်ငံတွင် စင်ကာပူကုန်သင်္ဘောနှင့် ဂျပန်ကုန်သင်္ဘော တို-က်မိ

တရုတ်နိုင်ငံရှိ မြစ်ကြောင်းတစ်ခုအတွင်း၌ ဒီဇင်ဘာ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံအလံတင် သင်္ဘောနှင့် ဂျပန်နိုင်ငံအလံတင် သင်္ဘောတို့ တို-က်မိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်က Changjiang မြစ်ကြောင်းအတွင်း စင်ကာပူကုန်တင်သင်္ဘော Yangze 22 သည် ဂျပန်ကုန်သင်္ဘော Vega Dream နှင့် တို-က်မိခဲ့ခြင်းဖြစ်သည်ဟု စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(MPA) က ဒီဇင်ဘာ ၃၁ တွင် ပြောကြားခဲ့သည်။ သင်္ဘောနှစ်စင်းလုံးပေါ်ပါ သင်္ဘောသားများ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဟု MPA က...

ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှ မဟန့်တားနိုင်–ရှီ

တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှ ဟန့်တားနိုင်မည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်ပြီး ကျွန်းဒေသအတွင်းနှင့် ပြင်ပရှိ လွတ်လပ်ရေးလိုလားသော အင်အားစုများဆိုသည်ကို ပြတ်သားသော သဘောထားဖြင့် သတိပေးခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း ပေကျင်းသည် ထိုင်ဝမ်အနီးတွင် စစ်ရေးဖိအားပေးမှုကို တိုးမြှင့်ခဲ့ပြီး ကျွန်းဒေသတစ်ဝိုက် ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်များအတွင်းသို့ စစ်သင်္ဘောနှင့် လေယာဉ်များကို နေ့စဉ်နီးပါးစေလွှတ်ခဲ့သည်။ ပေကျင်း၏ ယင်းလုပ်ရပ်သည် တရုတ်စစ်တပ် တည်ရှိနေရေးကို ပုံမှန်ဖြစ်စေရန် ကြိုးပမ်းမှုအဖြစ် ထိုင်ဝမ်အရာရှိများက ရှုမြင်ကြသည်။ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်တွင် နေထိုင်သူများသည် တစ်ခုတည်းသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071