Monday, January 13, 2025

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင်...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ...

Myanmar National League 2024-25...

Myanmar National League 2024-25 Week-15 ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်၌ တောင်ကြီးကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့...

ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ပြုံယမ်းကို...

ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ရုရှားရှိ ယူကရိန်း စစ်သုံ့ပန်းများနှင့်လဲလှယ်၍ ပြုံယမ်းသို့ လွှဲပြောင်းပေးရန် မိမိအနေဖြင့် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီး...
HomeNewsLocal Newsနိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက...

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား၌ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရန် တိုင်းရင်းသားပြည်သူများကြား လူ့အခွင့်အရေးများကို ရရှိခံစားစောင့်ထိန်းလိုက်နာကြရန်လိုသည်ဟု ပြောသည်။

နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့်လူ့အခွင့်အရေးများကို ပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူများသည် ၎င်းတို့၏ လူ့အခွင့်အရေးများကို တန်းတူရရှိရန်နှင့် လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းများဖြင့်ချိုးဖောက်ခြင်းခံနေရမှုများကို စည်လုံးညီညွတ်စွာ လက်တွဲဆန့်ကျင်တိုက်ဖျက်သွားကြရမည်ဟု တိုက်တွန်းမှာကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအားလုံး၏ အခွင့်အရေးများတန်းတူညီမျှရန် ပြည်တွင်းငြိမ်းချမ်းရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးမှ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင် ရောင်းချပေးခဲ့သည်။ "ဒီပွဲလေးလုပ်တာဟာ ဝါသနာတူတဲ့ သူတွေစုပြီး အမေများနေ့တစ်ရက်တည်း မေမေတွေလက်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့ ရောင်းပေးတာပါ။ ဒီလိုပွဲလုပ်တာ ပထမဆုံးအကြိမ်ပါ။ အရင်ကလုပ်ခဲ့တာမရှိဘူး။ အခုမှဝါသနာတူသူငယ်ချင်းတွေစုပြီး သွားရောင်းကြမယ်ဆိုပြီးစိတ်တူကိုယ်တူလာရောင်းဖြစ်ကြတာပါ။ အခုလာမယ့်ချစ်သူများနေ့မှာ ရောင်းဖြစ်ကြမလားဆိုတာတိုင်ပင်နေကြပါတယ်"ဟု မသက်ထားမောင် (ဒေါ်ကြီးရွှေ မြန်မာ့ရိုးရာအစားအစာ)က ပြောသည်။ အမေများနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတွင် မြေစာဥဆ နွင်းမကင်း၊ ရွှေကြည်ပူတင်း၊ သီးစုံဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ သာခွေယိုင်၊ အုန်းနို့ငှက်ပျောပေါင်း၊ ကလိန့်စေ့အုန်းနို့ပေါင်း၊...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း မြို့ပြဒေသများအတွင်း ခံစားရသည့် အပူလှိုင်းဒဏ်ကို ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ်များ (Urban Heatwave Simplified Early Action Protocol) အပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည်များကို အသင်းကိုယ်စားလှယ်က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် အမြင်ချင်း ဆွေးနွေး...

Myanmar National League 2024-25 Week-15 ပွဲစဉ် အိမ်ရှင် ရှမ်းယူနိုက်တက် (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိ

Myanmar National League 2024-25 Week-15 ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်၌ တောင်ကြီးကွင်း၌ အိမ်ရှင် ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက (၃)ဂိုး (၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ပွဲစဉ်အတွင်း ကျောနံပါတ် (၇) ကျော်ကိုကို နှင့် ကျောနံပါတ်(၁၂) Bakayoko တို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း နောက်ခံကစားသမား သက်ဟိန်းစိုး က AYA Pay အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။ ချန်ပီယံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071