Wednesday, December 4, 2024

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နစက ဥက္ကဋ္ဌမှ...

အားကစားသမားများ ကျန်းမာရေးအတွက်စစ် ဆေးမှုများပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာနမှ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ၏ ကျန်းမာရေးအတွက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆပ် ကော်မတီမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့ ဒီဇင်ဘာ ၄...

မိသားစုလွှဲပို့ငွေ အထောက်ထားများကို လကုန်ပြီး (၅)ရက်အတွင်း...

ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်ထားများကို အထောက်အထား ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး (၅) ရက်အတွင်း မပျက်မကွက် ပုံမှန်ပေးပို့ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။ လက်ရှိတွင်...

ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ဈေးမြှင့်တင်ရောင်းချပါက...

စပါးအသစ်ပေါ်ချိန် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ရည်ရွယ်ချက်ရှိရှိ ဈေးမြှင့်တင်ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအားတွေ့ရှိလာရခြင်း၊...
HomeNewsLocal Newsနိုဝင်ဘာလတွင် ပြည်ပသို့ ဆန်၊...

နိုဝင်ဘာလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန် (၃) သိန်းကျော် တင်ပို့မှုမှ ကန်ဒေါ်လာ (၁၅၆) သန်းရရှိခဲ့

ပြီးခဲ့သည့်နိုဝင်ဘာလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန် (၃၃၄၅၃၅) တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ (၁၅၆) သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ကုမ္ပဏီပေါင်း (၆၀) ကျော်မှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် နိုင်ငံပေါင်း (၈) နိုင်ငံသို့ တင်ပို့ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလတွင် ပြည်ပသို့ ဆန်၊ဆန်ကွဲ တန်ချိန် (၄၂၀၀၀၀) ကျော်တင်ပို့နိုင်ခဲ့ပြီး နိုဝင်ဘာလတွင် တင်ပို့မှုလျော့ကျခဲ့ကြောင်း စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ရှစ်လတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် (၁၆၉၇၁၆၅) တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၈၀၄ သန်းရရှိထားကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ မေလတွင် (၇၁၂၇၉.၅) မက်ထရစ်တန်တင်ပို့မှုမှ ဒေါ်လာ (၃၆) သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မက် ထရစ်တန်တင်ပို့မှုမှ ဒေါ်လာ (၈၄) သန်း၊ ဇူလိုင်လတွင် (၁၆၅၄၄၄.၃) မက်ထ ရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁)သန်း၊ဩဂုတ်လတွင် (၂၀၇၃၆၉.၉) မက်ထရစ်တန်တင်ပို့မှုမှ ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅.၁၃) မက်ထရစ်တန်တင်ပို့မှုမှ ဒေါ်လာ (၁၀၄)သန်း၊ အောက်တိုဘာလတွင် (၄၂ ၄၇၈၄) မက်ထရစ်တန်တင်ပို့မှုမှ (၁၈၉) သန်း ၊ နိုဝင်ဘာလတွင် (၃၃၄၅၃၅) မက်ထရစ်တန်တင်ပို့မှုမှ (၁၅၆)သန်း ရရှိထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နစက ဥက္ကဋ္ဌမှ ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဥ် ကာကွယ်ရေးဆိုင်ရာများတွင် ပူး ပေါင်းဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်ရန်၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ပညာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊...

အားကစားသမားများ ကျန်းမာရေးအတွက်စစ် ဆေးမှုများပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာနမှ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ၏ ကျန်းမာရေးအတွက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆပ် ကော်မတီမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ရွာတော်နှင့် Gold Camp တည်းခိုရေးစခန်းများနှင့် မသန်စွမ်းသူများတည်းခိုနေထိုင်သည့် လယ်ဝေးမြို့နယ်အားက စားရုံတို့၌ အစားအသောက်များအား ကျန်းမာ ရေးနှင့်ညီညွတ်မှုရှိစေရေးအတွက် ချက်ပြုတ်ကျွေးမွေးမည့် အစားအသောက်များကိုစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တည်းခိုရေးစခန်းအတွင်းရှိ ရေကန်များအား ကလိုရင်းခပ်ခြင်း၊ သောက်သုံးရေများအား ရေသန့်ဆေးပြားများခပ်ခြင်း၊ အိမ်သာများအား Sodium Hypochlorite ဆေးဖြန်းခြင်း၊‌ ဈေးဆိုင်များတွင်ရောင်းချသည့် အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ...

မိသားစုလွှဲပို့ငွေ အထောက်ထားများကို လကုန်ပြီး (၅)ရက်အတွင်း ပေးပို့ရမည် ဖြစ်ကြောင်းဆို

ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်ထားများကို အထောက်အထား ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး (၅) ရက်အတွင်း မပျက်မကွက် ပုံမှန်ပေးပို့ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။ လက်ရှိတွင် စေလွှတ်လချုပ်စာရင်းများ ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီ (၂၀၀)ကျော်ခန့်ရှိနေဆဲဖြစ်ပြီး ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီများအနေဖြင့်လည်း အမြန်ဆုံးပေးပိူ့ရန် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဆိုသည်။ လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အရေးယူနေကာ အချိန်မီ ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071