ဘန်ကောက်၊နိုဝင်ဘာ ၂၀
ထိုင်းနိုင်ငံသည် နိုဝင်ဘာလလယ်အထိ ကမ္ဘာလှည့်ခရီးသွား ၃၀ ဒသမ ၅၆ သန်းကျော်စံချိန်တင်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အစောပိုင်းကာလထက် ၂၉ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်းသိရသည်။
ယင်းသို့လာရောက်လည်ပတ်သူများအနက် တရုတ်ခရီးသွား ၅ ဒသမ ၉၇ သန်းအထိရှိခဲ့ကာ မလေးနိုင်ငံသား ၄ ဒသမ ၃၆ သန်းအထိရှိကာ အိန္ဒိယမှခရီးသွားဧည့်သည်ဝင်ရောက်မှု ၁ ဒသမ ၈၂ သန်းအထိရှိခဲ့ကြောင်း ထိုင်းအားကစားနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကထုတ်ပြန်ကြေငြာခဲ့သည်။
ဆက်လက်၍လည်း ဝန်ကြီးဌာနအနေဖြင့် လာမည့်ခရီးသွားရာသီဖြစ်သည့် နှစ်ကုန်ပိုင်းတွင် ယခုထက်ပိုကာ ခရီးသွားများဝင်ရောက်လာနိုင်ကြောင်းခန့်မှန်းထားပြီး လေကြောင်းခရီးစဉ်များတိုးချဲ့နိုင်ခြင်းကလည်း ခရီးသွားတိုးစေသည့်အကြောင်းအရင်းများအနက်တစ်ခုအပါအဝင်ဖြစ်သည်ဟုဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် ယခုနှစ်အတွက် ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၁ ဒသမ ၄၃ ထရီလီယံ (၄၁ ဒသမ ၄၀ ဘီလျံဒေါ်လာ) အထိရရှိထားကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကမူ ယခုနှစ်အတွက် ခရီးသွားလုပ်ငန်းအခွန်အဖြစ် ဘတ်ငွေ ၃ ဒသမ ၅ ထရီလီယံအထိရရှိရန်ခန့်မှန်းထားသည်ဟုလည်းသိရသည်။
ခရီးသွာလုပ်ငန်းသည် ထိုင်းနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိသည့် အဓိကလုပ်ငန်းတစ်ခုလည်းဖြစ်ပြီး ယခုနှစ်၏ဒုတိယသုံးလပတ်အတွင်း ခရီးသွားလုပ်ငန်းဝင်ငွေသည် နိုင်ငံ GDP ၏ ၁၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိသည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ