Sunday, November 24, 2024

ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ချုပ်ပြီးအထည်မှာယူမှုမြင့်တက်နေ

မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှအထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် အဆိုပါ နိုင်ငံများမှ ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်ကြောင်း...

သူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်–ဆာရာ

သူ အသတ်ခံခဲ့ရပါက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို လုပ်ကြံသတ်ဖြတ်ခိုင်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးက စနေနေ့တွင် ပြောကြားလိုက်သည့်အတွက် သင့်တော်သည့် အရေးယူဆောင်ရွက်မှုကိုချက်ချင်းလုပ်သွားမည်ဟု...

ဥရောပနှင့် အာဆီယံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင်...

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများမှ ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွ က်မှုနှင့်...

တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်(၁၀၅)မြို့နယ်မှ Grade-5 ကျောင်းသား(၆၀၄၄)ဦးကို...

တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်(၁၀၅)မြို့နယ်မှ Grade-5 ကျောင်းသား(၆၀၄၄)ဦးကို အရှေ့ တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ(SEA-PLM)စစ်ဆေးအကဲဖြတ်ခြင်းသုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်းပြုလုပ်မည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။ ၎င်းမှ ယမန်နေ့ နိုဝင်ဘာ...
HomeNewsLocal Newsနိုဝင်ဘာ ၂၇ ရက်မှ...

နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း တစ်နိုင်ငံလုံးအနှံ ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်

မြန်မာတစ်နိုင်ငံလုံးအနှံတွင် လာမည့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲက အသိပေးခဲ့သည်။

အားကောင်းသော အပူပျံတက်တိမ်တိုက်များ သည် ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်နှင့်အတူ ဖြစ်ထွန်းမှုပိုမိုအားကောင်းနိုင်ပြီး မြန်မာနိုင်ငံဘက်သို့လွှင့်စင်လာနိုင်ပြီး အနောက်နှင့် မြောက်ဘက်မှလာသော ကုန်းတွင်းလေအေးများ၊ အရှေ့မြောက်ဘက်မှလာသော အရှေ့မြောက်မုတ်သုံလေအေးများနှင့်တွေ့ဆုံမှုကြောင့် တစ်နိုင်ငံလုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် ချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်များကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် ယင်း တိုင်းနှင့်ပြည်နယ်များတွင်နေထိုင်သူများအနေဖြင့် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်နိုင်သည့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများပြိုကျယိုင်လဲခြင်းအန္တရာယ်များဖြစ်ပေါ်နိုင်၍ အထူးသတိပြုနေထိုင်ကြရန်လည်း အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ချုပ်ပြီးအထည်မှာယူမှုမြင့်တက်နေ

မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှအထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် အဆိုပါ နိုင်ငံများမှ ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ " အမှာစာတွေက အများကြီးရတယ်။ အခုဆိုရင် ပိုလန်က အများကြီးဝယ်နေပြီ။ အဲဒီလိုပဲ အရှေ့အလယ်ပိုင်းကလည်း တော်တော်ဝယ်နေပြီ။ အီးယူနိုင်ငံထဲမှာ အများဆုံးပို့တယ့်နိုင်ငံဆိုလို့ ဂျာမနီက အများဆုံးသွားတာ။ ပြီးရင် စပိန်၊ အီတလီ အဲဒီလိုသွားတာ" ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ လက်ရှိတွင်အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်နေပြီး...

သူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်–ဆာရာ

သူ အသတ်ခံခဲ့ရပါက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို လုပ်ကြံသတ်ဖြတ်ခိုင်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးက စနေနေ့တွင် ပြောကြားလိုက်သည့်အတွက် သင့်တော်သည့် အရေးယူဆောင်ရွက်မှုကိုချက်ချင်းလုပ်သွားမည်ဟု မားကို့စ်၏ ရုံးက ကတိပြုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ သြဇာအကြီးဆုံး နိုင်ငံရေးမိသားစုနှစ်ခုအကြား အကွဲအပြဲ ကြီးမားကျယ်ပြန့်လာသည့် လက္ခဏာရပ်အဖြစ် နံနက်အစောပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဒူတာတေးက သူ လူသတ်သမားတစ်ဦးနှင့် စကားပြောခဲ့ကြောင်းနှင့် သူသာ အသတ်ခံခဲ့ရပါက မားကို့စ်၊ သူ့ဇနီးနှင့် ဖိလစ်ပိုင်အောက်လွှတ်တော် ဥက္ကဌတို့ကို သတ်ဖြတ်ရန် သူ့ကို ညွှန်ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။ “ကျွန်မ လူတစ်ယောက်နဲ့ စကားပြောထားပါတယ်၊...

ဥရောပနှင့် အာဆီယံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေး

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများမှ ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွ က်မှုနှင့် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) ၏ ၂၀၂၄ -၂၀၂၉ သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဖြစ်သည့် ဥရောပပါလီမန်အမတ် Mr. Wouter Beke ဦးဆောင်သော DASE အဖွဲ့ဝင်များနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် အီးယူဆိုင်ရာ အာဆီယံ သံအမတ်ကြီးများအကြား မိတ်ဆက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071