Saturday, November 16, 2024

တောင်ကြီးတွင် ရပ်ထားသည့် (၂၂) ဘီးယာဉ်အား...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ရပ်ထားသည့် (၂၂) ဘီးကုန်တင်ယာဉ်အား (၆)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မိရာမှ ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး (၃) ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့...

ဆိုးလ်နှင့် ပေကျင်း ခိုင်မြဲသောဆက်ဆံရေးဖော်ဆောင်–ရှီကျင့်ဖျင်

လီမာ၊နိုဝင်ဘာ ၁၅ ဆိုးလ်နှင့် ပေကျင်းအကြား တည်ငြိမ်ကောင်းမွန်သည့်ဆက်ဆံရေးဖော်ဆောင်သင့်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလည်းလုပ်ဆောင်သင့်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌...

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာ

နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းချိန်နှင့် အိန္ဒိယဝယ်လိုအား နည်းနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယမှ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး...

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းရှိ...

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်၍ နိုဝင်ဘာ (၁၈) ရက်နှင့် (၁၉) ရက်တွင်...
HomeInternationalနီပေါက ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်တင်ပို့ပြီ

နီပေါက ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်တင်ပို့ပြီ

ခတ္တမန္ဒူ၊နိုဝင်ဘာ ၁၅

နီပေါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လျှပ်စစ်တင်ပို့မှုကို နိုဝင်ဘာ ၁၅ ရက် သောကြောနေ့ကစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံပြီးနောက် ပထမဆုံးအနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံသို့ လျှပ်စစ်ဓါတ်အားတင်ပို့ခြင်းလည်းဖြစ်သည်။

ယခုအစီအစဉ်သည် အောက်တိုဘာလအစောပိုင်းက ခတ္တမန္ဒူတွင် လက်မှတ်ရေးထိုးခဲ့သော သုံးပွင့်ဆိုင်သဘောတူညီချက်အရ နီပေါသည် အိန္ဒိယမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အားတင်ပို့ခြင်းလည်းဖြစ်သည်။

အဆိုပါသုံးနိုင်ငံသဘောတူညီချက်အရ နီပေါအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အား တစ်ရက်သာရောင်းချနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် လာမည့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ပြန်လည်စတင်ရောင်းချမည်ဖြစ်သည်ဟုလည်းသိရသည်။

အဘောတူညီချက်ပါအချက်အရ နီပေါသည် နှစ်စဉ် ဇွန်လ ၁၅ ရက်မှ နိုဝင်ဘာလ ၁၅ ရက်ကာလအထိ ငါးနှစ်တိတိတင်ပို့ရောင်းချပေးသွားမည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နှင့်ဆက်သွယ်ထားသည့် အိန္ဒိယ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်အားလိုင်း၏ အကန့်အသတ်ကြောင့် ၄၀ မဂ္ဂါဝပ်သာ ပေးပို့နိုင်သေးကာ သွယ်တန်းပေးပို့မှုများကို ပြန်လည်ပြင်ဆင်ပြီးချိန် လာမည့်ကာလများတွင်ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နီပေါသည် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်ကာလဖြစ်သည့် နိုဝင်ဘာလတွင်အဓိကထားကာ အိန္ဒိယသို့ လျှပ်စစ်ကိုတင်ပို့နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက စတင်တင်ပို့နေခြင်းလည်းဖြစ်သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီးတွင် ရပ်ထားသည့် (၂၂) ဘီးယာဉ်အား (၆)ဘီးယာဉ်မှ ဝင်တို-က်မိပြီး အမျိုးသမီး (၃)ဦး အသက်ဆုံးရှုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ရပ်ထားသည့် (၂၂) ဘီးကုန်တင်ယာဉ်အား (၆)ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မိရာမှ ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး (၃) ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ ယနေ့ နိုဝင်ဘာ (၁၆)ရက်၊ နံနက် အစောပိုင်း (၄)နာရီ (၂၂)မိနစ်အချိန်ခန့်က ရွှေညောင်မြို့မှ တောင်ကြီးမြို့နယ် ပင်ဖြစ်ရွာသို့ မောင်းနှင်လာသော MITSUBISHI CANTER အမျိုးအစား(၆)ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်တွင် ရပ်ထားသော HINO(၂၂) ဘီး ကုန်တင်ယာဉ်အား ဝင်တို-က်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်တို-က်မှုကို တောင်ကြီးနှင့် ရွှေညောင်တို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များဖြင့်...

ဆိုးလ်နှင့် ပေကျင်း ခိုင်မြဲသောဆက်ဆံရေးဖော်ဆောင်–ရှီကျင့်ဖျင်

လီမာ၊နိုဝင်ဘာ ၁၅ ဆိုးလ်နှင့် ပေကျင်းအကြား တည်ငြိမ်ကောင်းမွန်သည့်ဆက်ဆံရေးဖော်ဆောင်သင့်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလည်းလုပ်ဆောင်သင့်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌ တောင်ကိုးရီးယားသမ္မတ ယွန်းဆော့ယော်နှင့်တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖျင်ကယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ရှီက လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများတွင် အပြောင်းအလဲများစွာမြင်တွေ့ခဲ့ရပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အခြေအနေ မည်မျှပြောင်းလဲစေကာမူ တရုတ်နှင့် တောင်ကိုရီးယားတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ရသည့် မူရင်းရည်ရွယ်ချက်ကို မမေ့ဖျောက်သင့်ဘဲ အိမ်နီးချင်းကောင်းပီသစွာ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစွာလိုက်နာပြီး အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု...

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာ

နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းချိန်နှင့် အိန္ဒိယဝယ်လိုအား နည်းနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယမှ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက်ပြန်ကျလာခြင်းကြောင့် ပို့ကုန် ပဲဈေးကွက်အပေါ် သက်ရောက်မှု ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်တွင် တစ်တန်လျှင် ကျပ် (၃၈) သိန်းကျော်တက်ခဲ့သည့် မတ်ပဲဈေးသည် နိုဝင်ဘာ (၁၃) ရက်တွင် တစ်တန်လျှင် ကျပ် (၃၅) သိန်း (၇) ‌သောင်းအထိ ပြန်ကျလာကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။ အလားတူ ပဲစင်းငုံဈေးသည်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071