နူးယောခ့်မြို့ မန်ဟက်တန်ရှိ တိုင်အမှတ် ၄၀ အနီး၌ ဟဒ်ဆန်မြစ်ထဲသို့ ရဟတ်ယာဉ်တစ်စီးသည် ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူခြောက်ဦးစလုံး ေ-သဆုံးခဲ့ကြောင်း နူးယော့ခ်မြို့ မြို့တော်ဝန် အဲရစ်အဒမ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နူးယော့ခ်မြို့ရဲဌာန (NYPD) မှ ရဲမင်းကြီး ဂျက်ဆီကာတစ်ရှ် ၏ ပြောကြားချက်အရ လေယာဉ်မှူးတစ်ဦး၊ လူကြီး နှစ်ဦးနှင့် ကလေးသုံးဦးတို့ ပါဝင်ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာမှာပင် လူလေးဦး ေ-သဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာမူဆေးရုံ၌ ကွယ်လွန်သွားသည်ဟု သူကပြောသည်။
အဆိုပါ ခရီးသည်ငါးဦးသည် စပိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများဖြစ်ကြောင်း သိရသည်။
ရဟတ်ယာဉ်သည် နယူးဂျာဆီ ကမ်းရိုးတန်းတစ်လျှောက် မောင်းနှင်ရန်အတွက် ဂျော့ခ်ျဝါရှင်တန်တံတား၌ အလှည့်တွင် မထိန်းနိုင်ဘဲပျက်ကျရခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျသည့် အကြောင်းရင်းအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တစ်ရှ်၏ ပြောကြားချက်အရ သိရသည်။
စီးပွားရေးနှင့် အစိုးရလေကြောင်းဝန်ဆောင်မှုများတွင် အသုံးများသော ဘဲလ် ၂၀၆ မိုဒယ် အမျိုးအစား ရဟတ်ယာဉ်သည် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် နှစ်ပိုင်းကွဲကာ ပျက်ကျသွားသည်ဟု ဒေသခံ မီဒီယာများက ဖော်ပြကြသည်။
၂၀၁၈ ခုနှစ်နောက်ပိုင်း နူးယောခ့်မြို့ တော်ဧရိယာအတွင်းမှာ လူအေ-သအပျေ-ာက်အများဆုံး ရဟတ်ယာဉ်ပျ-က်ကျမှုဖြစ်သည်။
Ref: ရှင်းဟွာ
