Tuesday, January 21, 2025

တရုတ်သို့ တင်ပို့မည့် ကော်ဖီစေ့ (raw)...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် ကုန်စည်အုပ်စု (၇) မျိုးကို Manual စနစ်ဖြင့်...

ထိုင်ဝမ်တွင်ရစ်ခ်တာစကေး ၆ ဒဿမ ၄...

ထိုင်ဝမ်တောင်ပိုင်း တောင်ပေါ်ကျေးလက်ဒေသတွင် ဇန်နဝါရီ ၂၁ ရက်က ရစ်ခ်တာစကေး ၆ ဒဿမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ကျွန်း၏...

သမ္မတအဖြစ် နောက်ဆုံးမိနစ်များတွင် သူ၏ မိသားစုဝင်များကို...

နိုင်ငံရေးအရ လှုံ့ဆော်မှုရှိသည်ဟုဆိုကာ ပစ်မှတ်ထား၍ “အခြေအမြစ်မရှိသော စုံစမ်းစစ်ဆေးမှုများ” ပြုလုပ်ခံရမည်ကို စိုးရိမ်သဖြင့် ဂျိုးဘိုင်ဒင်က သူ၏ မိသားစုဝင် ၅ ဦးအပေါ် လွတ်ငြိမ်းချမ်းသာခွင့်များကို...

ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အီလွန်မတ်၏ အမူအရာ...

သမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွင်း အီလွန်မတ်စ်သည် ဖက်ဆစ်ပုံစံ အလေးပြုခြင်းအမူအရာပြုလုပ်ခဲ့သည်ဟုဆိုကာ ဝေဖန်မှုများမြင့်တက်နေလျှက်ရှိသည်။ "သမ္မတအဖြစ်ကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်" ဟု ကမ္ဘာပေါ်ရှိ...
HomeInternationalနေတိုးထိပ်သီးအစည်းအဝေးအပြီး၌ဇလန်းစကီးက စစ်ရေးအကူအညီအတွက် အမေရိကန်...

နေတိုးထိပ်သီးအစည်းအဝေးအပြီး၌
ဇလန်းစကီးက စစ်ရေးအကူအညီအတွက် အမေရိကန် ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့

ဆော့ထ်လိတ်ခ်စီးတီး၊ဇူလိုင် ၁၃

ယူကရိန်းသမ္မတဇလန်းစကီးသည် အမေရိကန်အစိုးရထံမှ စစ်ရေးအကူအညီများပိုမိုရရှိရေးအတွက် နေတိုးထိပ်သီးအစည်းအဝေးအပြီး၌ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှု၌ ဇလန်းစကီးက “ကျွန်တော်တို့ရဲ့တစ်ခုတည်းသောတောင်းဆိုမှုက လုံလောက်တဲ့ထောက်ပံ့မှု၊ကျွန်တော်တို့မြို့တွေအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်၊ရှေ့တန်းက သူရဲကောင်းတွေအတွက် လက်နက်နဲ့ သာမန်ပြည်သူတွေအတွက် အကာအကွယ်တွေ၊ပြန်လည်တည်ဆောက်ရေးတွေပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းကို ယုံကြည်စိတ်ချရသည့်စစ်ရေးအကူအညီများပေးရန် အစီအစဉ်ကို သဘောတူခဲ့ကြပြီး နေတိုး၌ ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးပြင်ဆင်ခဲ့ကြကာ ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရေးလမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်းလည်းဆိုခဲ့ကြသည်။

သို့သော် သမ္မတဟောင်းဒေါ်နယ်ထရမ့်အပါအဝင် ရီပတ်ဘလစ်ကန်အများအပြားက ယူကရိန်းအားကူညီမည့် အစီအစဉ်အချို့ကိုဆန့်ကျင်ခဲ့ကြကြောင်းလည်းသိရသည်။ ရုရှားနှင့်ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ရုရှား၏ထိုးစစ်ကြောင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ကြခြင်းလည်းဖြစ်သည်။

Source : အေပီ/အက်ဖ်အက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်သို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် စားသောက်ကုန်အချို့ Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် ကုန်စည်အုပ်စု (၇) မျိုးကို Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC, ရုံးလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ကုန်ပစ္စည်များအတွက် ယခင်က မှတ်ပုံတင်ခြင်းအတွက် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)အောက်ရှိ CIFER မှတဆင့် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေး စားသောက်ကုန်စည်အုပ်စု (၇) မျိုးကို China Department of Animal and plant...

ထိုင်ဝမ်တွင်ရစ်ခ်တာစကေး ၆ ဒဿမ ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်

ထိုင်ဝမ်တောင်ပိုင်း တောင်ပေါ်ကျေးလက်ဒေသတွင် ဇန်နဝါရီ ၂၁ ရက်က ရစ်ခ်တာစကေး ၆ ဒဿမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ကျွန်း၏ မိုးလေဝသဌာနက ပြောကြားခဲ့ပြီး ငလျင်ကြောင့် ဒဏ်ရာရသူ ၂၇ ဦးရှိကာ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။ ငလျင်သည် ချီယာယီစီရင်စု ဒါပူမြို့နယ်တွင် အနက် ၉ ဒဿမ ၄ မီတာခန့်မှ ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသဌာနက ပြောကြားခဲ့သည်။ အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနကမူ ငလျင်ပြင်းအားသည် ၆ ဒဿမ ၀ ရှိခဲ့သည်ဟု...

သမ္မတအဖြစ် နောက်ဆုံးမိနစ်များတွင် သူ၏ မိသားစုဝင်များကို ဘိုင်ဒင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့

နိုင်ငံရေးအရ လှုံ့ဆော်မှုရှိသည်ဟုဆိုကာ ပစ်မှတ်ထား၍ “အခြေအမြစ်မရှိသော စုံစမ်းစစ်ဆေးမှုများ” ပြုလုပ်ခံရမည်ကို စိုးရိမ်သဖြင့် ဂျိုးဘိုင်ဒင်က သူ၏ မိသားစုဝင် ၅ ဦးအပေါ် လွတ်ငြိမ်းချမ်းသာခွင့်များကို သမ္မတသက်တမ်း နောက်ဆုံးမိနစ်များတွင် ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ကျမ်းသစ္စာကျိန်ဆိုရန် ကာပီတိုလ်အဆောက်အအုံအတွင်းသို့ မ၀င်ရောက်မီ မိနစ်ပိုင်းမျှအလိုတွင် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ကို အိမ်ဖြူတော်က ကြေညာခဲ့ခြင်းဖြစ်သည်။ ဘိုင်ဒင်သည် သူ၏ ညီဖြစ်သူ ဂျိမ်းစ်ဘိုင်ဒင်၊ ခယ်မဖြစ်သူ ဆာရာဂျုံးစ်ဘိုင်ဒင်(ဂျိမ်းစ်ဘိုင်ဒင်၏ ဇနီး)၊ညီမဖြစ်သူ ဗီလီရီဘိုင်ဒန်အိုဝင်စ်၊ ယောက်ဖဖြစ်သူ ဂျွန်အိုဝင်စ်(ဗီလီရီဘိုင်ဒန်အိုဝင်စ် ၏ ခင်ပွန်း)နှင့် ညီဖြစ်သူ ဖရန်စစ်ဘိုင်ဒင် တို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071