Tuesday, November 26, 2024

“ဝ” တောင်ပိုင်းအတွင်းရှိ UWSA စခန်း...

"ဝ"တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း‌သည့်အပေါ် ယင်းကိစ္စရပ်သည် နိုင်ငံတော်အဆင့် ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံခေါင်းဆောင်များထံ...

ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း...

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်း...

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ်...

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နံနက်အ‌စောပိုင်းက...

မစ်ဆူဘီရှီဖလား ပွဲစဉ်များတွင် VAR စနစ်...

ဒီဇင်ဘာလအတွင်း ကျင်းပမည့် အာဆီယံမစ်ဆူဘီရှီဖလား ၂၀၂၄ ပြိုင်ပွဲ၏ ပွဲစဉ်အားလုံးတွင် VAR စနစ်ကို အသုံးပြုမည် ဖြစ်ကာ မြန်မာအသင်း လက်ခံကစားမည့် သုဝဏ္ဏကွင်းသည်လည်း...
HomeNewsLocal Newsနေပြည်တော်တွင် အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ်နေရာသစ်များ...

နေပြည်တော်တွင် အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ်နေရာသစ်များ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၄) ရက်က နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန် အဘက်ဘက်မှ ကြိုးပမ်းနေသကဲ့သို့ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ထို့သို့ ခရီးသွားဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများ ရရှိစေရေး၊ ဒေသထွက် ကုန်ပစ္စည်းများ ရောင်းချနိုင်ရေးဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းရှိ နေပြည်တော်မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ရုံးသို့ သွားရောက်၍ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Photo Credit – Ministry of Hotel & Tourism

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“ဝ” တောင်ပိုင်းအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း၊ နိုင်ငံတော်အဆင့်ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် UWSA က နိုင်ငံခေါင်းဆောင်များထံ သတင်းပို့ထားဟု ဆို

"ဝ"တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း‌သည့်အပေါ် ယင်းကိစ္စရပ်သည် နိုင်ငံတော်အဆင့် ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံခေါင်းဆောင်များထံ သတင်းပို့ထားသည်ဟု UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောကြားထားသည်။ အဆိုပါ ၁၇၁ စစ်ဒေသသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်ဆန်းမြို့ ဗဟိုပြု "ဝ" ဒေသနှင့် မိုင်းဆတ်ကြားရှိ ထိုင်း- မြန်မာနယ်စပ်ကျိုင်းတုံ၊ တာချီလိတ်အတွင်း တည်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ “ဝ” ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာအတွင်း တပ်စခန်း ၉ ခုဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးက...

ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၄၈၃) သန်းခန့် ဆောင်ရွက်နိုင်ခဲ့

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ(၁၅၄၈၃)သန်းခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊သတ္တုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၅၁၆) သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပို့ကုန်များကို တရုတ်၊ထိုင်း၊ဖိလစ်ပိုင်၊ ဗီယက်နမ်၊မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊...

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ် ပေါင်းစည်းရေးဆွေးနွေးနေချိန် တိုက်ပွဲပြန်လည်ဖြစ်ပွားဟု ဆို

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နံနက်အ‌စောပိုင်းက တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို RCSS/SSA အဖွဲ့ အင်အား ၁၀၀ ကျော်က စစ်ကြောင်း သုံးကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု SSPP/SSAက အသိပေးထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးဖမ်းဆီးခံခဲ့ရပြီး စခန်းတွင်းရှိ ဆိုင်ကယ် ၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071