(Unicode)
နေပြည်တော်မြို့မစျေးအပေါ်ထပ်က စည်ပင်ရုံးမှာပေါက်ကွဲမှုဖြစ်
နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဇေယျသိဒ္ဓိရပ် ကွက်မှာရှိတဲ့ နေပြည်တော်မြို့မစျေးအပေါ်ထပ်က စည်ပင်ရုံးမှာ နိုဝင်ဘာ ၁၀ ရက်နေ့လည် ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပေါက်တဲ့အသံကတော့အကျယ်ကြီးပဲ စည်ပင်ရုံးမှာပေါက်တယ်လို့ပဲသိရတယ် ဖြစ်ပြီးပြီးချင်း စစ် သားတွေကော ရဲတွေကောအများကြီးပဲရောက် လာတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
ရုံးခန်းကိုကာထားတဲ့မှန်တွေကွဲတာလောက်ပဲရှိခဲ့ပြီး လူတွေတော့ထိခိုက်ဒဏ်ရာရခဲ့တာမရှိဘူးလို့ သိရပါတယ်။လုံခြုံရေးအဖွဲ့ဝင်တွေကတော့ အနီးပတ်ဝန်းကျင်ကိုစစ်ဆေးတာတွေ စျေးထဲမှာလိုက်စစ်တာတွေနဲ့မင်္သကာတဲ့ ဆိုင်ကယ်တွေကိုတား ဆီးစစ်ဆေးတာတွေလုပ်နေကြပါတယ်လို့ ဒေသ ခံတွေဆီက သိရပါတယ်။
(Zawgyi)
နေပြည်တော်မြို့မဈေးအပေါ်ထပ်က စည်ပင်ရုံးမှာပေါက်ကွဲမှုဖြစ်
နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဇေယျသိဒ္ဓိရပ် ကွက်မှာရှိတဲ့ နေပြည်တော်မြို့မဈေးအပေါ်ထပ်က စည်ပင်ရုံးမှာ နိုဝင်ဘာ ၁၀ ရက်နေ့လည် ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။