Tuesday, April 1, 2025

Sky Villa Condo တွင်...

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊...

မလေးရှားတွင်ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မီးလောင်၍ လူ ၃၃ ဦး...

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရ်အနီးတွင် နိုင်ငံပိုင် Petronas ကုမ္ပဏီ၏ ဓါတ်ငွေ့ပိုက်လိုင်း မီးလောင်သဖြင့် လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲမှ ခြောက်ဦးကို...

နွေကာလအတွင်းဖြစ်ပေါ်တတ်သော မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလ...

နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်းဖြစ်ပေါ်တတ်သော မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိ ပြုနေထိုင်သွားကြရန် ယနေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုရန်...
HomeNewsLocal Newsနေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့်နေရာများနှင့် ငလျင်ဒဏ်ကြောင့်...

နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့်နေရာများနှင့် ငလျင်ဒဏ်ကြောင့် ဆေးရုံတက်ရောက်နေရသူများကို နစက ဥက္ကဋ္ဌကြည့်ရှုအားပေးခဲ့

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ယနေ့ မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီး ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်ပေါ်ခဲ့ရမှုများအနက် နေပြည်တော်အတွင်း၌ ပျက်စီးခဲ့ရမှုများနှင့် ဆေးရုံတက်ရောက်နေရသူများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငလျင်လှုတ်ခတ်ပြီး နာရီပိုင်းအကြာတွင် ကြည့်ရှုစစ်ဆေးအားပေးမှုများပြုလုပ်ခဲ့သည်။

နစက ဥက္ကဋ္ဌမှ ပင်လောင်းလမ်းဆုံနေရာမှ နေပြည်တော်တိုင်းစစ်ဌာနချုပ် မီးပွိုင့်နေရာအထိ ငလျင်ဒဏ်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးပြီးနောက် အများပြည်သူများသွားလာမှုအဆင်ပြေစေရေးနှင့် အမြန်ဆုံးသွားလာနိုင်ရေးဦးစားပေးဆောင်ရွက်သွားရန်၊ လူအင်အား၊ယာဉ်ယန္တရားအင်အားများကိုအသုံးပြု၍ လမ်းကြောင်းများအမြန်ဆုံးပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသပေးနေမှုများကိုကြည့်ရှု၍ အားပေးစကားပြောကြားခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေးဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့်အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကိုကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိနေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေးဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကိုမှာကြားပြီး အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက်လက်၍ လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Sky Villa Condo တွင် ယနေ့ ဧပြီ (၁) ရက် ညနေပိုင်း ရှာဖွေရေးလုပ်နေစဉ် ငလျင်ထပ်လှုပ်

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေစဉ် ငလျင်ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များ ယာယီရပ်နားလိုက်ရပြန်သည်။ ယနေ့ ညနေ (၅) နာရီခွဲဝန်းကျင် အချိန်တွင် အင်အား ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တုန်ခါမှု အားပြင်းသည့်အတွက် တရုတ်ကယ်ဆယ်ရေး အဖွဲ့များမှာ ရှာဖွေနေမှုကို ရပ်နားခဲ့ခြင်းဖြစ်သည်။ Sky Villa Condo အနောက်ဘက်ခြမ်းတွင် ကလေးငယ်(၂) ဦး၏ ရုပ်အလောင်းများတွေ့ရှိထားသည့်အတွက်...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်လေး အရှေ့ရပ်ကွက်၊ သိမ်ဖြူလမ်းတွင် ရပ်ထားသည့် အိမ်စီးကား (၁)စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘေးတွင်ကပ်လျက်ရပ်ထားသည့် အိမ်စီးကား (၁)စီးကိုပါ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကား (၂)စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရမင်္ဂလာတောင်ညွှန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း...

မလေးရှားတွင်ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မီးလောင်၍ လူ ၃၃ ဦး ဒဏ်ရာရ

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရ်အနီးတွင် နိုင်ငံပိုင် Petronas ကုမ္ပဏီ၏ ဓါတ်ငွေ့ပိုက်လိုင်း မီးလောင်သဖြင့် လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲမှ ခြောက်ဦးကို ဆေးရုံတင်ထားရသည်ဟု မီးသတ်ဌာနက ပြောကြားခဲ့သည်။ ဧပြီ ၁ ရက်နေ့က Putra Heights တွင် ဖြစ်ပွားခဲ့သော အဆိုပါဧရာမမီးလောင်ကျွမ်းမှုကို Subang Jaya ရှိနေရာစုံမှ မီးတောက်ကြီးများကို မြင်တွေ့ခဲ့ရသည်။ အိဒ်ပွဲတော်ကာလအတွင်း ကွာလာလမ်ပူရ်အနီးရှိ လူနေရပ်ကွက်များရှိ နေအိမ်များမှာ လူများကို ဘေးလွတ်ရာ ရှောင်ရှားစေခဲ့ရသည်။ နေအိမ်အများ မီးလောင်ကျွမ်းခဲ့ပြီးနောက် ဒေသခံခုနစ်ဦးကို ကယ်ဆယ်ခဲ့ရသည်။ ယနေ့မနက် ၈...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071