Saturday, March 15, 2025

ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး...

ဘရာဇီးလ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့်...

ချန်ပီယံ ရှမ်းယူနိုက်တက်နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား YRFA...

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ YRFAအသင်းအတွက် (၂) နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်သည် MNL-2 Promotion...

အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုတို့မှ တဆင့်...

အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က...

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲ ပူးပေါင်း...

ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟိုအလုပ်...
HomeNewsLocal Newsနေပြည်တော်၌ တောမီးလောင်ကျွမ်းမှုများဆက်တိုက်ဖြစ်ပွားနေ ယနေ့တွင်လည်း...

နေပြည်တော်၌ တောမီးလောင်ကျွမ်းမှုများဆက်တိုက်ဖြစ်ပွားနေ ယနေ့တွင်လည်း (၂)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်တွင် တောမီးလောင်ကျွမ်းမှုနှင့် မြက်ခြောက်မီးလောင်မှုများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယနေ့ မတ် ၁၄ ရက်တွင်လည်း ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် တောမီးနှင့် မြက်ခြောက်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မတ် ၁၄ ရက်ည ၇ နာရီ ၂၀ မိနစ်ခန့်က ပုဗ္ဗသီရိမြို့နယ်၊ ဝနဒီပရပ်ကွက်၊ ပိတောက်လမ်းတောင်ဘက်ရှီ သရက်ရှင်းဆည်အနီးတောင်ပေါ်၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွား၍ ပုဗ္ဗသီရိမြို့နယ်မီးသတ်ခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၅၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မတ် ၁၄ ရက်မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်ကလည်း ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၁) တွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွား၍ ဥတ္တရသီရိမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၁၇ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ မတ် ၁၃ ရက်နေ့လည် ၁ နာရီခန့်က ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားဂိတ်(၁)အနီးတွင် တောမီးလောင်မှု၊ မွန်းတည့် ၁၂ နာရီ ၅၆ မိနစ်ခန့်က ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၁၉)အနီးတွင် တောမီးလောင်မှု၊ နံနက် ၁၀ နာရီ ၄၇ မိနစ်ခန့်က ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၅)အနီးတွင် တောမီးလောင်မှုတို့ဖြစ်ပွားခဲ့၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မတ် ၁၂ ရက်ည ၇ နာရီ ၁၂ မိနစ်ခန့်က ဥ တ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၅)၊ ရှေ့နေချုပ်ရုံးနှင့် ရုံးအမှတ်(၂၄)ကာကွယ်ရေးဝန်ကြီးဌာနကြားတွင် တောမီးလောင်မှု၊ နေ့လည် ၁ နာရီခွဲခန့်တွင် ဒက္ခိဏသီရိမြို့နယ်၊ စံပယ်လမ်းဘေးတွင် မြက်ခြောက်မီး လောင်မှု၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ဇဗ္ဗူသီရိမြို့နယ်၊ သုခသီတာလမ်းဘေးတွင် တောမီးလောင်မှု၊ နေ့လည် ၁ နာရီခွဲခန့်တွင် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ မီးရထားစက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)အနီး၌ မြက် ခြောက်မီးလောင်မှု၊ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ဇဗ္ဗူသီရိမြို့နယ်၊ မြမင်္ဂလာဟိုတယ်အနီး၌ တောမီးလောင်မှုတို့ဖြစ်ပွားခဲ့၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ မတ် ၁၁ ရက်ကလည်း တောမီးနှင့်မြက် ခြောက်မီးလောင်မှု (၄)ကြိမ်၊ မတ် ၁၀ ရက်က အမှိုက်ပုံမီးလောင်မှုအပါအဝင် တောမီးနှင့် မြက် ခြောက်မီးလောင်မှု (၁၀)ကြိမ်ဖြစ်ပွားခဲ့၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်

ဘရာဇီးလ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနား၌ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် Waldemar Oliveira ၏ ပြောကြားချက်အရ သိရသည်။ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနားအား ဘရာဇီးလ်အမျိုးသားလွှတ်တော်အဆောက်အအုံ၌ မတ်လ (၁၃) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သ ည်။ အဆိုပါ အခမ်းအနားသို့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်ကျော်ဇံက ဘရာဇီးလျားမြို့ အခြေစိုက်...

ချန်ပီယံ ရှမ်းယူနိုက်တက်နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား YRFA အသင်း (၂)နှစ်စာချုပ်ဖြင့် ခေါ်ယူ

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်အား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ YRFAအသင်းအတွက် (၂) နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်သည် MNL-2 Promotion Amateur Club Tournament ပြိုင်ပွဲဝင်မည့် YRFA အသင်း နှင့် ပြည်နယ်နှင့်တိုင်းအဆင့်ပြိုင်ပွဲဝင်မည့် ရန်ကုန်တိုင်း ယူ-၁၈ အသင်းအား နည်းစနစ်များ ပံ့ပိုးပေးနိုင်ရန်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း အသိပေးထားသည်။ ဦးအောင်နိုင်သည် ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းကို နည်းပြချုပ်အဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နှင့်အတူ ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင်လည်း...

အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းမှုတို့မှ တဆင့် ယုံကြည်မှုမြှင့်တင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေး

အရှေ့အာရှထိပ်သီး သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြားစေ့စပ်ညှိနှိုင်းမှု၊ သံခင်းတမန်ခင်းနှင့် စိတ်စေတနာမှန်ထားရှိမှုတို့မှ တဆင့် ယုံကြည်မှု မြှင့်တင်ရေးအပေါ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဂျကာတာမြို့ အခြေစိုက် အရှေ့အာရှထိပ်သီးအစည်း အဝေးဆိုင်ရာ သံအမတ်ကြီးများ၏ ၁/၂၀၂၅ အစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မတ်လ (၁၃)ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးနောက် အာဆီယံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေး၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071