Tuesday, January 7, 2025

မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို ဇန်နဝါရီ...

မြောက်ကိုရီးယားသည် ၎င်း၏ တာလတ်ပစ် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည် အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)...

အသက် (၁၅)နှစ်အောက် လူငယ်ပြိုင်ပွဲအတွက် ထပ်တိုး...

MFF U15 YOUTH LEAGUE 2024-2025 ပြိုင်ပွဲ(ရန်ကုန်ဇုန်)အတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်သည့် ပုံရိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ...

ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို အင်ဒိုအသင်း နည်းပြချုပ်အဖြစ်ခန့်အပ်

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်း နည်းပြချုပ်နေရာအား ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို ခန့်အပ်လိုက်ကြောင်း အင်ဒိုနီးယားဘောလုံးအဖွဲ့ချုပ်က အသိပေးကြေညာထားသည်။ အင်ဒိုအသင်း၏ ယခင် နည်းပြချုပ်ဖြစ်သူ ရှင်ထယ်ယော င်းကို စာချုပ်ရပ်ဆိုင်းခဲ့ပြီးနောက်...

ရွှေပြည်သာ (၅) ရပ်ကွက် သီရိမင်္ဂလာပတ်လမ်းတွင်...

ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက်...
HomeNewsLocal Newsနေပြည်တော် အပါအဝင် တိုင်းနှင့်...

နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုကြောင့် အသက်ဆုံးရှုံးရသူ (၂၆၈) ဦး အထိရှိလာ

ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သော နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့၏ မြို့နယ် (၅၆)ခုမှ ရပ်ကွက်၊ ကျေးရွာများတွင် အသက်ဆုံးရှုံးရသူ (၂၆၈) ဦးရှိခဲ့ပြီး (၈၈) ဦး ပျောက်ဆုံးလျက်ရှိကြောင်း နစက၏ စက်တင်ဘာ (၁၈) ရက် နံနက် (၉) နာရီအထိ ကောက်ယူရရှိသော စာရင်းများကို ထုတ်ပြန်ချက်အရ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း (၅၆)မြို့ နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုသို့ ရေကြီး၊ ရေလျှံမှုကြောင့် လမ်း၊ တံတား အချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာန အဆောက်အဦ၊ စာသင် ကျောင်း၊ အခြားအဆောက်အဦများအား ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများကို အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ (၁)ဦးလျှင် (၅)သိန်းကျပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ်၊ စုစုပေါင်း (၈) သိန်းကျပ်ကို ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း သီးခြားထပ်ဆောင်းထောက်ပံ့မည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ထိခိုက်ဒဏ်ရာ ခံစားခဲ့ရမှုအခြေအနေနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးရမှု အခြေအနေများအပေါ် မူတည်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက် ဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပ-စ်ခတ်

မြောက်ကိုရီးယားသည် ၎င်း၏ တာလတ်ပစ် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည် အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က အင်္ဂါနေ့တွင် ရေးသားဖော်ပြခဲ့သည်။ "ပြုံယမ်းမြို့ဆင်ခြေဖုံးရှိ ဒုံးကျည်ပစ်လွှတ်သည့်နေရာမှ အရှေ့မြောက်ဘက်သို့ အသံထက်မြန်သော ဒုံးကျည်သည် စီစဉ်ထားသည့်အတိုင်း ပျံသန်းနိုင်ခဲ့သည်။ အသံ၏ အမြန်နှုန်း၏ ဆယ့်နှစ်ဆ မြန်နှုန်းဖြင့် ပျံသန်းခဲ့ပြီး ပင်လယ်ပြင်ရှိ ပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့သည်" ဟု KCNAက ရေးသား ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် နိုင်ငံ၏ နောက်ဆုံးပေါ် ပဲ့ထိန်းဒုံးကျည်...

အသက် (၁၅)နှစ်အောက် လူငယ်ပြိုင်ပွဲအတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်နေဟု ဆို

MFF U15 YOUTH LEAGUE 2024-2025 ပြိုင်ပွဲ(ရန်ကုန်ဇုန်)အတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်သည့် ပုံရိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖော်ပြသည်။ ပြိုင်ပွဲဝင် ကစားသမားများကို အသက်နှင့် အထောက်အထား စိစစ်ရာတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အသက်စိစစ်ရေးအဖွဲ့၊ ပြိုင်ပွဲကျင်းပရေး၊ ဆေးဘက်ဆိုင်ရာဌာန၊ တို့ ပူးပေါင်း၍ (မှတ်ပုံတင်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ ကျောင်းထောက်ခံစာ) အထောက်အထား မူရင်းများကို စိစစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ MFF U15 YOUTH LEAGUE 2024-2025...

ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို အင်ဒိုအသင်း နည်းပြချုပ်အဖြစ်ခန့်အပ်

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်း နည်းပြချုပ်နေရာအား ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို ခန့်အပ်လိုက်ကြောင်း အင်ဒိုနီးယားဘောလုံးအဖွဲ့ချုပ်က အသိပေးကြေညာထားသည်။ အင်ဒိုအသင်း၏ ယခင် နည်းပြချုပ်ဖြစ်သူ ရှင်ထယ်ယော င်းကို စာချုပ်ရပ်ဆိုင်းခဲ့ပြီးနောက် နယ်သာလန်လက်ရွေးစင်အသင်းနှင့် ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဖြစ်သူ ပက်ထရစ်ကလွိုက်ဗက်ကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်အနေဖြင့်နည်းပြချုပ် ရှင်ထ ယ်ယောင်း၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု‌သော် လ ည်း ဘာသာစကားအခက်အခဲကြောင့်ဟုဆိုကာ ပြောင်းလဲရခြင်းဖြစ် သည်ဟုဆိုထားသည်။ အင်ဒိုနီးရှားအသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက် ကျန်ပွဲစဥ်များအတွက် အမှားမခံဘဲ ပိုမိုကောင်းမွန် သောရလဒ်များရရှိရန် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ အင်ဒိုနီးရှားလက်ရွေးစင်အသင်း နည်းပြအသစ်ဖြစ်လာသည့် ကလွိုက်ဗက်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071