Friday, January 3, 2025

ထိုင်းမှာ ခရီးသွား ဘတ်စ်ကားတစ်စီး ယာဉ်တို-က်မှုဖြစ်၍...

ထိုင်းနိုင်ငံ ယာလာပြည်နယ်မှ ဆမွတ်ဆခွန်သို့ ထွက်ခွာလာသည့် စင်းလုံးငှားဘတ်စ်ကားတစ်စီးသည် ဇန်နဝါရီ ၁ ရက်က ဆူရတ်ဌာနီပြည်နယ် ချိုင်ယာခရိုင်တွင် လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တို-က်မိခဲ့သောကြောင့် ခရီးသည်...

ငွေကျပ်သိန်း(၅)ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို မိုင်းပန်မြို့နယ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း(၅)‌ေထာင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့ နယ်၊...

တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅...

ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အချို့ဒေသများသို့ရောင်းချရန် တရားမဝင်စက်သုံးဆီများကိုသိုလှောင်ထားသူ(၁၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များအခြေပြုနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိအချို့ဒေသများသို့ ရှောင်ကွင်းလမ်းများအသုံးပြုကာ သယ်ဆောင်ရောင်းချရန်...

ကမ္ဘောဒီးယား၌ ပလတ်စတစ်ကင်းစင်လမ်း လှုပ်ရှားမှုစတင်

ဖနောင်ပင်၊ဇန်နဝါရီ ၂ ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတွင်းရှိလမ်းများ၌ အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရန်အတွက် "ပလပ်စတစ်အမှိုက်ကင်းစင်သောလမ်းများ" လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုသည်...
HomeNewsLocal Newsနေရပ်ပြန် ရွှေ့ပြောင်းလုပ်သား (၂၇၄)...

နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား (၂၇၄) ဦး မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ဝင်ရောက်

နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား (၂၇၄) ဦး မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ် သားများထဲမှ နေရပ်ပြန်လိုသူများအား ပြည်တွင်းသို့ပြန် လည်ဝင်ရောက်လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ ဇွန်လ (၁၆) ရက်က (၂၇၄) ဦး ပြန်လည်ဝင်ရောက် လာကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၁၆) ရက် နေ့လယ်ပိုင်းက ထိုင်း – မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တဆင့် ပြန် လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ ရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံခြင်း လုပ်ငန်းကို ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁) ရက်မှ စတင် ဆောင်ရွက်နေခြင်း ကိုဗစ် – ၁၉ ရောဂါ စစ်ဆေးခြင်း အစီအစဉ်များဖြင့် ကွာရန်တင်းစင်တာများ ဖွင့်လှစ်ထားရှိကာ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာ ဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ကိုဗစ် – ၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ အချက်အလက်ကောက် ယူခြင်းများကို ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများတွင် ပဲခူးတိုင်းဒသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ပြည် နယ်နှင့်တိုင်းအသီးသီးတို့မှ အမျိုးသား (၁၈၃) ဦး၊ အမျိုး သမီး (၉၁) ဦး စုစုပေါင်း (၂၇၄) ဦးရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ပြည်တော်ပြန် ရွှေ့ပြောင်း လုပ်သား များထဲမှ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးမှ နေရပ်ပြန် များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့် သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည် နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန် သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိကာ ကိုဗစ် ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှသက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ခရီးသွား ဘတ်စ်ကားတစ်စီး ယာဉ်တို-က်မှုဖြစ်၍ ငါးဦး ‌ေ-သဆုံး

ထိုင်းနိုင်ငံ ယာလာပြည်နယ်မှ ဆမွတ်ဆခွန်သို့ ထွက်ခွာလာသည့် စင်းလုံးငှားဘတ်စ်ကားတစ်စီးသည် ဇန်နဝါရီ ၁ ရက်က ဆူရတ်ဌာနီပြည်နယ် ချိုင်ယာခရိုင်တွင် လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တို-က်မိခဲ့သောကြောင့် ခရီးသည် ငါးဦး ‌ေ-သဆုံးကာ ၃၀ ဦး ဒဏ်ရာရခဲ့သည်။ ချိုင်ယာခရိုင် ပါဝီမြို့ရှိ ပါဝီလမ်းဆုံအနီး အမှတ် ၄၁ အဝေးပြေးလမ်းပေါ်တွင် ည ၇း၄၁ နာရီကာ ယာဉ်တို-က်မှုဖြစ်ခဲ့ခြင်းဟု ဆိုသည်။ ယာဉ်မောင်းသည် လမ်းမကျွမ်းကျင်သူဖြစ်နိုင်သည်ဟု ရဲက ယူဆပြီး Dee Mee Prom ဘတ်စ်ကားမှာ လမ်းကွေ့အရောက် မထိန်းနိုင်ခဲ့သဖြင့် တိမ်းမှေ-ာက်သွားကာ သစ်ပင်ကို...

ငွေကျပ်သိန်း(၅)ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို မိုင်းပန်မြို့နယ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း(၅)‌ေထာင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့ နယ်၊ တာဆန်းကျေးရွာအနီးတွင် မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းနွံဟန်(ခ)စိုင်းနွံလျန် မောင်းကာ စိုင်းစံညွန့် လိုက်လာသည့် VIGO ကားကို တားဆီးရှာဖွေစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ ကား၏ကြမ်းခင်းအံဝှက်အ တွင်းသိုဝှက်သယ်ဆောင်လာသည့် နမ့်စန်မြို့ နယ်မှ မိုင်းတုံမြို့နယ်သို့သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ်သိန်း(၅၄၀၀)ကျော်တန်ဖိုးရှိ ဘိန်း ဖြူဘလောက်တုံး ၁၂၀ တုံးနှင့် စိတ်ကြွဆေးပြား ၂ သိန်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...

တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်အရေးယူ

ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အချို့ဒေသများသို့ရောင်းချရန် တရားမဝင်စက်သုံးဆီများကိုသိုလှောင်ထားသူ(၁၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များအခြေပြုနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိအချို့ဒေသများသို့ ရှောင်ကွင်းလမ်းများအသုံးပြုကာ သယ်ဆောင်ရောင်းချရန် တရားမဝင်စက်သုံးဆီများအား စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းချနေကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၂၇ ရက်နေ့လည် ၁ နာရီက ဝင်ရောက်စစ်ဆေးခဲ့ကြသည်။ မန္တလေးမြို့နေ ဦးသိန်းသန်းဝင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ(၂၆)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်(၂၇)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြစ်ငယ်မြို့နေ မျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071