Tuesday, April 1, 2025

မန္တလေးမြို့၊ TULIP တည်းခိုခန်း အဆောက်အဦး...

မန္တလေးမြို့ရှိ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးသည့်နေရာတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေရာမှ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့ရှိခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများသို့ ဆန်၊...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီသို့ ၂၄ ပြည် ဆန်အိတ် (၇၀၀)အိတ်၊ မန္တလေးတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ်...

နေပြည်တော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်...

နေပြည်တော်ကို ဗဟိုပြူ၍ ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်...

မြန်မာငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထိုင်းဘုရင်မင်းမြတ်လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးမှ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ပေးအပ်သောလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စားခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊...
HomeInternationalနောက်ဆက်တွဲငလျင်လှုပ်နိုင်သည့်အတွက် ထိုင်း ဝန်ကြီးချုပ်...

နောက်ဆက်တွဲငလျင်လှုပ်နိုင်သည့်အတွက် ထိုင်း ဝန်ကြီးချုပ် သတိပေး

ယနေ့လှုပ်ခတ်ခဲ့သော ငလျင်ကြီးအပြီး ၂၄ နာရီအတွင်း ထပ်ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ငလျင်များအတွက် ပြည်သူများ သတိထားကြရန် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာထပ်ထရာက သတိပေးလိုက်ပြီး တစ်နိုင်ငံလုံးကို အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသော အခြေအနေကို ဖြေရှင်းရာတွင် အစိုးရဝန်ကြီးဌာနအားလုံး ညှိညှိနှိုင်းနှိုင်းဖြင့် တုန့်ပြန်ဆောင်ရွက်ကြရန်လည်း ဖူးခက်မြို့မှ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်က အမိန့်ပေးခဲ့သည်။

အများပြည်သူကို ကာကွယ်ရန်နှင့် အသိပညာပေးရေးကို ချက်ချင်း အရေးယူဆောင်ရွက်ခဲ့သည်။ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီးသည့် လုံခြုံဘေးကင်းရေးဆိုင်ရာ လမ်းညွှန်ချက်များအတွက် SMS သတိပေးချက်များ ပေးပို့ရန်လည်း ညွှန်ကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ ထုတ်ပြန်ချက်များကို နိုင်ငံတစ်ဝန်းရှိ မီဒီယာပလက်ဖောင်းများအားလုံးတွင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။

အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့များကို စုစည်းထားသကဲ့သို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ငလျင်လှုပ်ခတ်မှုကို အကဲဖြတ်ကာ ဖြစ်နိုင်ခြေ နောက်ထပ် ငလျင်များကို ခန့်မှန်းနေသည်။

ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက အကြံပြုထားသည်။ နောက်ဆက်တွဲ ငလျင်များသည် အများအားဖြင့် ပြင်းထန်မှု နည်းပါးသော်လည်း နောက် ၂၄ နာရီအတွင်းတွင် အားကောင်းသော ငလျင်တစ်ခု ထပ်ဖြစ်နိုင်ခြေရှိသည်ကို ကိန်းဂဏန်းအချက်အလက်များက ညွှန်ပြနေသည်။

Ref: သည်နေရှင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမြို့၊ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးခဲ့ရာ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့

မန္တလေးမြို့ရှိ TULIP တည်းခိုခန်း အဆောက်အဦး ပြိုကျပျက်စီးသည့်နေရာတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေရာမှ အမျိုးသား (၂)ဦး၏ ရုပ်အလောင်းတို့ တွေ့ရှိခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ၃၆ လမ်း၊ ရ၉×၈၀လမ်းကြားရှိ TULIP တည်းခိုခန်း အဆောက်အဦ ပြိုကျပျက်စီးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ နေရာတွင် ယနေ့ ဧပြီ (၁)ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှ ေ-သဆုံးသူ...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများသို့ ဆန်၊ ဆီနှင့် စက်မှုကုန်ကြမ်း(အထည်လိပ်)များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဒဏ်သင့်သည့် ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီသို့ ၂၄ ပြည် ဆန်အိတ် (၇၀၀)အိတ်၊ မန္တလေးတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ် (၂၁၀၀) အိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၄ ပြည် ဆန်အိတ်(၇၀၀)အိတ်၊ နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးသို့ စက်မှုကုန်ကြမ်း(အထည်လိပ်) (၁၅၂)ထုပ်၊ နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ စားအုန်းဆီ (၃၅၀၀)ပိဿာ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ပေးမည့်အဖွဲ့နှင့်...

နေပြည်တော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်

နေပြည်တော်ကို ဗဟိုပြူ၍ ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာရရှိချက်အရ သိရသည်။ နေပြည်တော်မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071