Thursday, December 26, 2024

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...

လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့် ဂျပန်...

ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့...
HomeInternationalနျူကလီယားမပြန့်ပွားရေးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း

နျူကလီယားမပြန့်ပွားရေးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း

နျူကလီယားမပြန့်ပွားရေးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း

တိုကျို၊ဩဂုတ် ၂

ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါက ယခုအချိန်၌ နျူကလီယားလက်နက်မပါသည့်စစ်ပွဲမဖြစ်နိုင်‌တော့သဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေး ကြိုးပမ်းမှုတွင် တာဝန်သိစွာပူး‌ပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာနိုင်ငံများအား တနင်္လာနေ့ (သြဂုတ် ၁ ရက်) ကတိုက်တွန်းခဲ့သည်။

ယခုအချိန်တွင် ရုရှားယူကရိန်းအရေးကြောင့် ကမ္ဘာမှာသဘောထားကွဲလွဲမှုများ ကြီးမားလာကာ နျူကလီးယားတိုက်ခိုက်မှုများအထိဖြစ်လာ‌ေစနိုင်သည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

မြောက်ကိုးရီးယားကလည်း ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု မြောက်မြားစွာ ပြုလုပ်ခဲ့သည့်အပြင် နျူစမ်းသပ်မှုပါ ပြုလုပ်လာရန် ပြင်ဆင်နေသည်ဟုယူဆရကြောင်းဆိုသည်။

“နျူကလီးယားလက်နက်အသုံးပြုမှု ကပ်ဆိုးအန္တရာယ်က တစ်ဖန်ပြန်ဖြစ်လာမှာကို ကမ္ဘာကြီးက စိုးရိမ်နေပါတယ်” ဟု လည်းမိန့်ခွန်းတွင်ပြောကြားခဲ့သည်။

“ချက်ခြင်းဆိုသလိုပဲ နျူကလီးယားလက်နက်မရှိရင် မဖြစ်တော့သလိုဖြစ်လာပါတယ်” ဟုလည်း၎င်းကဆိုသည်။ကီရှီဒါသည် နူးယော့ခ်ရှိ ကုလသမဂ္ဂတွင်ပြုလုပ်သည့် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) အစီရင်ခံစာညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဟီရိုရှီးမားကိုဗုံးကျဲတိုက်ခိုက်မှုသည် ကမ္ဘာပေါ်ရှိနျူဒဏ်ကိုခံရသော ပထမဆုံးမြို့ဖြစ်လာစေသဖြင့် ဗုံးဒဏ်ခံခဲ့ရသည့်နိုင်ငံမှ ကီရှီဒါသည်နျူမပြန့်ပွားရေး၏ အကြောင်းရင်းတစ်ခုလည်းဖြစ်လာခဲ့သည်။ထပ်မံ၍လည်း သုံးရက်ကြာပြီးနောက် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါစကီသို့ထပ်မံဗုံးကြဲခံခဲ့ရပြန်သည်။

ထိုအရေးကိစ္စများပြီးနောက် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် ၂၀၁၆ ခုနှစ်တွင် ဂျပန်သို့ပထမဆုံးသွားရောက်ခဲ့သည့် အမေရိကန်သမ္မတဖြစ်လာခဲ့သည်။ထိုအချိန်က ဝန်ကြီးချုပ် ကီရှီဒါသည်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နောက်နှစ် G 7 အစည်းအဝေးကို ဟီရိုရှီးမား၌ကျင်းပရန်ရွေးချယ်ခဲ့ကာ ကုလသမဂ္ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကမူ ဂျပန်၏ဩဂုတ် ၆ ရက် နှစ်ပတ်လည်အခမ်းအနားသို့တက်ရောက်မည့်အကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။

“နျူကလီးယားနိုင်ငံအားလုံးကို တာဝန်သိစွာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ကျွန်‌တော်တို့ တောင်းဆိုပါတယ်၊ဒါကြောင့်အမေရိကနဲ့ရုရှားကြား လက်နက်ထိန်းချုပ်ရေးနဲ့ နျူကလီးယားလျှော့ချရေး ဆွေးနွေးညှိနှိုင်းမှုတွေကို ထောက်ခံပြီး အမေရိကနဲ့တရုတ်ကြားမှာလည်း အလားတူဆွေးနွေးပွဲတွေဖြစ်လာဖို့ကို အားပေးပါတယ်” ဟု ဝန်ကြီးချုပ်ကဆိုသည်။

နျူလက်နက်ဆိုင်ရာ ပွင့်လင်းမြင်သာမှု မြှင့်တင်ရေး၊ မပြန့်ပွားရေး သဘောတူစာချုပ် ကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများခိုင်မာအားကောင်းလာစေရန်နှင့် နျူကလီးယားလက်နက်များ၏ အန္တရာယ်အကြောင်းကို လူငယ်ခေါင်းဆောင်များအား ပညာပေးရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း မ,တည်ပေးကြောင်း ၎င်းကပြောကြားခဲ့သည်။နာဂါစကီဟာ နျူဒဏ်ခံရတဲ့နောက်ဆုံးမြို့ပဲ ဖြစ်စေချင်ပါတယ် ဟုလည်းဆိုသည်။

၂၀၁၁ ခုနှစ် ဖူကူရှီးမားနျူကလီးယား ဘေးအန္တရာယ်ကနေ သင်ခန်းစာယူစရာများကိုယူပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုကိုလည်း မြှင့်တင်သင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဂျပန်တွင် လောင်စာဆီဈေးနှုန်းများမြင့်တက်ကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်စေခဲ့သည့် ဇွန်လကအပူလှိုင်းဒဏ်အပြီး ကီရှီဒါက နျူစွမ်းအင်ကိုမြှင့်တင်ခဲ့ကာ နျူဓာတ်ပေါင်းဖိုကိုးခုအား ယခုနှစ်ကုန်၌ အွန်လိုင်းတွင်အသုံးပြုရန် တောင်းဆိုထားခဲ့သည်။

Source – Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည် မကြုံစဖူးသော စွမ်းအင်ပမာဏကို ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရသည်။ Yarlung Zangbo မြစ်အောက်ပိုင်း၌ တည်ရှိမည့် အဆိုပါဆည်သည် နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၃၀၀ ဘီလျံခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင်တည်ဆောက်ရေးကော်ပိုရေးရှင်းက ၂၀၂၀ ပြည်နှစ်တွင် ခန့်မှန်းတွက်ချက်ထားသည်။ ယင်းပမာဏသည် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၈၈ ဒဿမ ၂ ဘီလျံ ထုတ်လုပ်ရန်...

လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့် ဂျပန် သဘောတူ

ပိုင်နက်အငြင်းပွားမှုမှသည် ဂျပန်၏ ဆူနာမီသင့် နျူကလီးယားစွမ်းအင်စက်ရုံမှ ရေဆိုးစွန့်ထုတ်မှုများအထိ ပါဝင်သော ပြဿနာရပ်များကြောင့် မကြာသေးခင်နှစ်များအတွင်း ဆက်ဆံရေး ပျက်ပြားခဲ့ခြင်းကို ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းနေသည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် မကြာခဏကြုံနေရသည့် အငြင်းပွားဖွယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် သဘောတူညီခဲ့ကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် အောက်တိုဘာလတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက် သူ၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီကျင်း၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့နှင့် တွေ့ဆုံဆွေးနွေးမှုများသည် အပြုသဘောဆောင်ကြောင်း ဆိုခဲ့ပြီး အလွန်ပွင့်လင်း၍ ပြည့်စုံကျယ်ပြန့်သော ဆွေးနွေးမှုများဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ “‌ကောင်းမွန်‌သောအနာဂတ်ကို ဦးတည်စေမယ့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ ယှဉ်ပြိုင်ကစားရမည်

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် အဆိုပါ အုပ်စုပွဲစဉ်များကို လာမည့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းနှင့်အတူ အုပ်စု(E)၌ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတို့ ကျရောက်နေသည်။ ပွဲစဉ်များအနေဖြင့် မြန်မာ့အသင်းသည် ၂၀၂၅ ခုနှစ်မတ်လ (၂၅)ရက်၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071