Home International နျူကလီးယားပဋိပက္ခများနှင့် ရင်ဆိုင်နေရသော ယူကရိန်းသို့ လက်နက်များ ဗြိတိန် ဆက်လက် ထောက်ပံ့နေ

နျူကလီးယားပဋိပက္ခများနှင့် ရင်ဆိုင်နေရသော ယူကရိန်းသို့ လက်နက်များ ဗြိတိန် ဆက်လက် ထောက်ပံ့နေ

0
83

ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးနေသည့် ဗြိတိန်၏မူဝါဒသည် နျူကလီးယားအင်အားကြီးများနှင့် ထိပ်တိုက်တိုးမိနိုင်သည့် အန္တရာယ်နှင့် ပြည့်နှက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် Andrey Kelin က ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာက Storm Shadows ဒုံးကျည်နောက်ထပ်အသုတ်တွေ [ယူကရိန်း] ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ သူတို့ [ဗြိတိသျှအာဏာပိုင်]တွေက ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်မှုအတွက် ဒီဒုံးကျည်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးထားတယ်လို့ ယူကရိန်းက ရှင်းရှင်းလင်းလင်းပြောထားပေမယ့်၊ အမှန်ကတော့ Kursk ဒေသကို လုပ်ကြံဖို့ ဖြစ်ပါတယ်” ဟု Rossiya-24 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် Andrey Kelinကပြောကြားခဲ့သည်။

“ဗြိတိသျှသည် ကျွန်ုပ်တို့၏သတိပေးချက်အားလုံးကို လုံးဝလျစ်လျူရှုထားပြီး ယူကရိန်းအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေရန်အတွက် အရှိန်မြှင့်လုပ်ဆောင်မှုများကို ရွေးချယ်‌နေခြင်းဖြစ်ကြောင်း သတိပြုစေလိုပါသည်။ ထို့အပြင် လက်ရှိအခြေအ‌နေအားဖြင့်၊ ၎င်းသည် ပိုမိုကြီးမားသော ဗျူဟာမြောက် အန္တရာယ်များနှင့် ပြည့်နှက်နေပြီး၊ အဆိုးဆုံးအခြေအနေတွင်၊ ထိပ်တိုက်ရင်ဆိုင်မှုများပင် ဖြစ်လာနိုင်သည့် နျူကလီးယားအင်အားကြီးနိုင်ငံများကြားတွင်ရှိ‌နေပါသည်” ဟု သူက သတိပေးသည်။

ရုရှားသံတမန်၏အဆိုအရ မော်စကိုသည် ရုရှားနှင့်ဆန့်ကျင်သည့် လက်နက်ကိုင်ပဋိပက္ခများတွင် လန်ဒန်၏ “ယူကရိန်းနှင့်အတူ ပါ၀င်ပတ်သက်မှု” ကို အတည်ပြုခြင်းကဲ့သို့သော ခြေလှမ်းများကို ထည့်သွင်းစဉ်းစား‌ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here