ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးတိုင်းသည် နှစ်ဟောင်းကုန်၍ နှစ်သစ်သန်းလာသည်ကို အလေးအ မြတ်ထားကြသည်။ မိမိတို့ ယဉ်ကျေး မှုဓလေ့ထုံးစံအလိုက် နှစ်သစ်ကူးပွဲ တော်များကို ကျင်းပ၍ နှစ်သစ်ဆန်း ကို ကြိုဆိုကြလေ့ရှိကြသည်။
မြန်မာလူမျိုးတို့သည်လည်း နှစ် ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန် တွင် နှစ်သစ်ကူးပွဲတော်ကို ခြိမ့်ခြိမ့် သဲကျင်းပကာ နှစ်သစ်ကို ကြိုဆိုကြ မြဲဖြစ်သည်။ ယင်းနှစ်သစ်ကူးပွဲတော် ကို မြန်မာတို့သည် ‘သင်္ကြန်ပွဲတော်’ ဟုခေါ်ဝေါ်ကြသည်။
သင်္ကြန်ပွဲတော်သည် လောကီ ရေးရာပွဲတော်ဖြစ်သော်လည်း နှစ် ဟောင်းမှ နှစ်သစ်သို့ အကူးအပြောင်း တွင် မင်္ဂလာရှိစေချင်ကြသည်။ မင်္ဂ လာယူကြသည်။ မင်္ဂလာရှိအောင် လည်း လုပ်ဆောင်ကြသည်။ ဗုဒ္ဓသာ သနာတော်နှင့်ဆိုင်သော အခါတော် နေ့ကို ကျင်းပသည်။ ဗုဒ္ဓဘာသာဝင် များနှင့် သက်ဆိုင်သော ‘မင်္ဂလာအခါ တော်နေ့’ကို မြန်မာနှစ်ဆန်းတစ်ရက် နေ့၌ ကျင်းပလေ့ရှိကြသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် မင်္ဂလာအခါတော်နေ့အဖြစ် ကျင်းပရ ခြင်းမှာ (၁) ကမ္ဘာသူ ကမ္ဘာသားများ အနိဋ္ဌာရုံများ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့် ပြည့်စုံကြစေရန်၊ (၂) ဘေးဥပါဒ် အန္တရာယ်ကင်းဝေးကြစေရန်၊ (၃) မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသောစိတ် ဓာတ် များ မွေးမြူကြစေရန်၊ (၄) အရှက်နှင့် အကြောက် လောကပါလ တရားနှစ် ပါးထွန်းကားကြစေရန်၊ (၅) ဗြဟ္မဝိ ဟာရတရားလေးပါး ထွန်း ကားပြန့် ပွားစေရန်၊ (၆) မင်္ဂလာတရားတော် များ ထွန်းကား ပြန့်ပွားစေရန်ဟူ သော ကြီးမားသည့်ရည်ရွယ်ချက် များဖြင့် ကျင်းပလေ့ရှိကြသည်။
ဤသို့သော ရည်ရွယ်ချက်များ ဖြင့် ကျင်းပခြင်းမှာလည်း မြတ်စွာ ဘုရားသခင်ဟောကြားတော်မူခဲ့ သော (၃၈)ဖြာ မင်္ဂလာတရားတော် နှင့်အညီ ကျင့်သုံးနေထိုင်ကြစေရန် တိုက်တွန်းအသိပေးခြင်းဟုလည်း ဆို ရပေမည်။
ဂေါတမမြတ်စွာဘုရား မပွင့် သေးမီ အချိန်အခါရှိ လူသားများ သည် အနှစ်သာရရှိသော အဖိုးတန် တရားစကားမျိုးကို ကြားနာခွင့်မကြုံ ခဲ့ရပေ။ ‘မင်္ဂလာ’ဆိုသည်မှာ ဘယ် လိုလဲဟူ၍ ပြဿနာတစ်ရပ်ပေါ် ပေါက်ခဲ့ဖူးသည်။
အမြင်ကောင်းအာရုံသည် မင်္ဂ လာဖြစ်သည်။ အကြားကောင်း အာ ရုံသည် မင်္ဂလာမည်သည်။ အနံ့ ကောင်း အရသာကောင်း၊ အတွေ့ ကောင်း အာရုံသာ မင်္ဂလာသတ်မှတ် သည်ဟူ၍ ထင်ရာမြင်ရာကို ငြင်းခုံ ပြောဆိုနေကြသည်။ ၁၂ နှစ်တိုင် ကြာအောင် ငြင်းခုံနေကြသော်လည်း အားလုံးကျေနပ်လက်ခံနိုင်သည့် မင်္ဂ လာအဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ကြခြင်း မရှိပေ။ ဂေါတမမြတ်စွာဘုရားပွင့် လာမှ ဤပြဿနာငြိမ်းအေးသွား သည်။ မင်္ဂလာ၏ အဓိပ္ပာယ်ကို ရှင်း လင်းစွာသိခွင့်ရကြတော့သည်။
အခါတစ်ပါး၌ မြတ်စွာဘုရား သည် သာဝတ္ထိပြည် အနာတပိဏ်သူ ဌေးဆောက်လုပ်လှူဒါန်းသော ဇေတ ဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူသည့် အခါမထင်ရှားသော နတ်သားတစ်ဦးသည် သန်းခေါင်ယံ အချိန်၌ မြတ်စွာဘုရားထံပါးသို့ ချဉ်း ကပ်လာသည်။ နတ်သားသည် သင့် လျော်ရာ အရပ်၌ မတ်တပ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီး လျှင် ”ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား – များစွာကုန်သော နတ်နှင့် လူတို့သည် စင်ကြယ်သော နိဗ္ဗာန် ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂ နှစ်ကြာ မျှ ကြံစည်တွေးတောပါသော်လည်း မသိနိုင်ကြပါကုန်၊ ထိုမင်္ဂလာတရား ကို ရှင်းလင်းဟောကြားပေး သနား တော်မူပါဘုရား”ဟု လျှောက်ထား လေသည်။
ထို့ကြောင့် မြတ်စွာဘုရားသခင် သည် နတ်လူတို့အတွက် ကရုဏာ ရှေ့ထား၍ –
(၁) လူဆိုးလူမိုက်တို့ကို မမှီဝဲ မပေါင်းသင်းရခြင်း၊ ပညာရှိ လူ လိမ္မာကို မှီဝဲပေါင်းသင်းရခြင်း၊ ပူ ဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းဟူ သော ပေါင်းသင်းဆက်ဆံရေးမြတ် မင်္ဂလာ ၃ ပါး။
(၂) သင့်လျော်သောအရပ်၌ နေရခြင်း၊ ရှေး၌ပြုဖူးသော ကောင်းမှု အထူးရှိခြင်း၊ မိမိ၏ ကိုယ်စိတ်နှစ်ပါး စောင့်ထိန်းခြင်းဟူသော နေရေးထိုင် ရေးမြတ်မင်္ဂလာ ၃ ပါး။
(၃) လောကီလောကုတ်အကြား အမြင်များခြင်း၊ စက်မှုလက်မှုအတတ် တို့ကို တတ်ရခြင်း၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြား နားလည်ခြင်း၊ အပြောအဆို ချိုသာ ယဉ်ကျေးခြင်းဟူသော မြတ်သော သင်ကြားရေးမင်္ဂလာ ၄ ပါး။
(၄) မိဘနှစ်ပါးကို လုပ်ကျွေး ပြုစုခြင်း၊ သားမယားတို့ကို တရားနှင့် အညီ လုပ်ကျွေးခြင်း၊ အနှောင့်အ ယှက်ကင်းသော အလုပ်ကို လုပ်ကိုင် ခြင်းတည်းဟူသော မြတ်သော ပြုစု ရေး မင်္ဂလာ ၃ ပါး။
(၅) စွန့်ကြဲပေးကမ်းလှူဒါန်း ခြင်း၊ သူ့စရိုက်တရားကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း၊ အပြစ်ကင်းသော အမှုတို့ကို ပြုခြင်း တည်းဟူသော လိုက်နာကျင့်သုံးရေး မြတ်မင်္ဂလာ ၄ ပါး။
(၆) မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ခြင်း၊ နှုတ်ဖြင့် ရှောင် ခြင်း၊ မူးယစ်သေစာမသောက်စား ခြင်း၊ ကုသိုလ်တရား၌ မမေ့မလျော့ ခြင်းတည်းဟူသော ရှောင်ကြဉ်ရေး မြတ်မင်္ဂလာ ၄ ပါး။
(၇) ရိုသေထိုက်သူတို့ကို ရိုသေ ရခြင်း။ မိမိကိုယ်ကို နှိမ့်ချရခြင်း၊ ရောင့်ရဲလွယ်ခြင်း သူတစ်ပါးကျေး ဇူးကို သိခြင်း၊ သင့်လျော်သောအခါ တရားနာခြင်းတည်းဟူသော စိတ် ထားရေးမြတ်မင်္ဂလာ ၅ ပါး။
(၈) သည်းခံရခြင်း၊ ဆုံးမလွယ် ရခြင်း၊ ရဟန်းသံဃာတို့အား ဖူးမြော် ရခြင်း၊ သင့်လျော်သောအခါ တရား ဆွေးနွေးခြင်းတည်းဟူသော သည်းခံ ရေးမြတ်မင်္ဂလာ ၄ ပါး။
(၉) ခြိုးခြံချွေတာခြင်း၊ မြတ် သောအကျင့်ကို ကျင့်ခြင်း၊ သစ္စာ လေးပါးကို သိခြင်း၊ နိဗ္ဗာန်ကို မျက် မှောက်ပြုခြင်းတည်းဟူသော မြတ် မင်္ဂလာ (၄) ပါး။
(၁ဝ) လောကဓံတရားနှင့် တွေ့ ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ် ခြင်း၊ မစိုးရိမ်ခြင်း၊ ကိလေသာမြူ ကင်းခြင်း၊ ဘေးကင်းခြင်းတည်းဟူ သော စိတ်ထားခိုင်ခံ့ရေးမြတ်မင်္ဂလာ ၄ ပါး။
တို့သာ မင်္ဂလာမည်ပြီး လိုက်နာ ကျင့်သုံးသူမှန်သမျှ အနိုင်မခံရ၊ အရပ်ဒေသအားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်သည်ဟု ဟောကြားတော်မူလေသည်။ ကနေ့ ဗုဒ္ဓဘာသာဝင်ကို အလေးအမြတ် ထား ရွတ်ဖတ်သရစ္ဈယ်ပူဇော်နေကြ သည့် မင်္ဂလာသုတ်တော်ကို ဟော ကြားတော်မူလေခြင်းဖြစ်ပေသည်။
ဤမင်္ဂလာသုတ်တော်၊ မြတ် သောမင်္ဂလာတရားတို့ကို လိုက်နာပြု ကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုင်မခံရ၊ အရပ်ဒေသအားလုံးတို့ ၌ ကြီးပွားချမ်းသာခြင်းသို့ ရောက်နိုင် ၏။ ၃၈ ဖြာမင်္ဂလာသည် နတ်လူတို့ အထွတ်အမြတ်ဆုံးသော မင်္ဂလာမည် ၏။
သို့ကြောင့်လည်း ရှေးဗုဒ္ဓဘာ သာဝင်မြန်မာကြီးတို့မှ ယနေ့မျက် မှောက်ခေတ်တိုင်အောင် နှစ် ဟောင်းမှ နှစ်သစ်ကူးပြောင်းချိန် နှစ် သစ်တွင် မင်္ဂလာအဖြာဖြာတို့ သစ် ဆန်းတင့်လန်း ဝေဖြာစေရန်၊ ဗုဒ္ဓ ဘာသာတရားတော်အရ တကယ့် မင်္ဂလာအစစ်ဖြစ်သည့် ကုသိုလ်ရေး များကို အလေးထား ယှဉ်တွဲကာ သင်္ကြန်ပွဲဆင်နွှဲသည့် အစဉ်အလာ ကောင်းများကို ဖန်တီးခဲ့ကြသည်။ ယင်းအစဉ်အလာကောင်းကား သင်္ကြန်အခါတော်တွင် အလှူဒါနပွဲ များ ခြိမ့်ခြိမ့်သဲကျင်းပခြင်း၊ စတုဒီ သာကျွေးမွေးခြင်း၊ ရဟန်းသံဃာ တော်များအား ဆွမ်းဘောဇဉ်များ ကပ်လှူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များ အား ရေသပ္ပါယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ဗုဒ္ဓတရားတော် ကို နာကြားခြင်း၊ ဘုရားပုထိုးရှိခိုးပူ ဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်း ခြင်း၊ ကျောင်း၊ ကန်ဇရပ်၊ တန် ဆောင်းများ သန့်ရှင်းခြင်း၊ သက်ကြီး ရွယ်အိုများအား အမွေးနံ့သာရေစင် ရေကောင်းတို့ဖြင့် ရေချိုးသန့်စင်၊ ခေါင်းလျှော်ပေးခြင်း၊ ပရိတ်တရား တော်များ နာယူခြင်း၊ ဘိုးဘွားမိဘ ဆရာသမားစသူတို့အား ပူဇော်ကန် တော့ခြင်း၊ ရေခမ်းလုနီး အင်းအိုင် ချောင်းမြောင်းများမှ ငါးများကို ဖမ်း ယူ၍ ရေများရာ မြစ်သို့ လွှတ်ခြင်း၊ ကျွဲနွားစသည့် တိရစ္ဆာန်များကို ဘေး မဲ့လွှတ်ခြင်းသည် မွန်မြတ်သန့်စင် သော ကုသိုလ်ကောင်းမှုများ ယူကြ သည့် မြတ်နိုးဖွယ်လေးစားဖွယ် နှစ် လိုဖွယ် တာဝန်ထိန်းသိမ်းစောင့် ရှောက်အပ်သည့် မြန်မာသင်္ကြန်၏ အနှစ်သာရများဖြစ်ပေသည်။
ဗုဒ္ဓဘသာမြန်မာလူမျိုးများ သည် ဤသို့သော ဒါနမင်္ဂလာ၊ ဂါရဝ မင်္ဂလာ၊ ပူဇာစပူဇနေယျာနမင်္ဂလာ၊ ဓမ္မစရိယမင်္ဂလာ၊ ဓမ္မသဝနမင်္ဂလာ၊ အနဝဇ္ဇာနိကမ္မာနိမင်္ဂလာ စသည့်ပြု ဆောင်ဖွယ်များကိုသာ ပြုလုပ်၍ မင်္ဂလာယူကြသည်သာမက ရှောင် ကြဉ်ဖွယ်မင်္ဂလာတို့ကိုလည်း အလေး ထား၍ နှစ်သစ်ကူးပြောင်းကြပေ မည် မလွဲပါပေ။
မြတ်မင်းလှိုင်
မှီငြမ်း
မာဂဓီ (သာစန်) ဆရာတော်၏
အခါတော်နေ့များ