အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် သုံးရက်ကြာ ခရီးစဥ်အတွက် သောကြာနေ့တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရပြီး အထူးအားဖြင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားမည်ဖြစ်သည်။
ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့အပြီးတွင် ကိုလံဘိုမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် မိုဒီသည် စနေနေ့တွင် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake နှင့် အကြောင်းအရာများစွာကို ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲအပြီးတွင် အိန္ဒိယနှင့် သီရိလင်္ကာအကြား ကာကွယ်ရေး၊ စွမ်းအင်လုံခြုံရေးနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပါအဝင် ရလဒ် ၁၀ ခုခန့် ထွက်ပေါ်လာမည်ဟု မျှော်လင့်ရသည်။
ဝန်ကြီးချုပ်၏ သီရိလင်္ကာ ခရီးစဉ်သည် ကျွန်းနိုင်ငံ၌ စီးပွားရေးဖိစီးမှုမှ နာလန်ပြန်ထူလာသည့် လက္ခဏာများ ပြသလာချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ သီရိလင်္ကာသည် လွန်ခဲ့သည့် သုံးနှစ်က ကြီးမားသော စီးပွားရေးအကြပ်အတည်းနှင်ကြုံခဲ့ပြီး အိန္ဒိယက အမေရိကန်ဒေါ်လာ ၄ ဒဿမ ၅ ဘီလျံတန်ဖိုးရှိ ဘဏ္ဍာရေးအကူအညီ ပေးအပ်ခဲ့သည်။ Ref: အင်န်ဒီတီဗီ
နှစ်နိုင်ငံဆက်ဆံရေးမြှင်တင်ရန်သီရိလင်္ကာသို့ သုံးရက်ကြာခရီး မိုဒီသွားပြီ
