Tuesday, April 1, 2025

ငလျင်အတွက်သိန်းပေါင်း ၂သောင်း မှ သိန်းပေါင်း...

စစ်ကိုင်းပြည်သူ့ဆေးရုံကြီး ငလျင်ဘေးသင့် လူနာအယောက် (၁၀၀) အတွက် တစ်ဦးကို သိန်း (၂၀) ကျပ် စုစုပေါင်း သိန်း (၂) ထောင်...

Earthquake victims under the...

In Mandalay, where the temperature is 38 degrees Celsius, the scene of earthquake...
HomeNewsLocal Newsနှစ်ပေါင်း (၁၀၀) ကျော်အတွင်း...

နှစ်ပေါင်း (၁၀၀) ကျော်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်အပါအဝင် ဒေသအချို့တွင် ဒဏ်ရာရသူနှင့် ‌ေ-သဆုံးသူ များပြားပြီး သွေးအလှူရှင်များ လိုအပ်နေ

နှစ်ပေါင်း (၁၀၀) အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် မန္တလေး၊ နှင့် နေပြည်တော်အပါအဝင် ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု မြင့်မားခဲ့ပြီး ‌ေ-သဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း သိရသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့ရှိ ဆေးရုံများတွင် လူနာများ အများအပြားရောက်ရှိနေပြီး သွေးအလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာမျာကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ (၂၈) ရက် နေ့လယ် (၁၂) နာရီ မိနစ် (၄၀) ဝန်းကျင်တွင် မန္တလေးမြို့ အရှေ့ မြောက်ဘက် (၂၀)ကီလိုမီတာခန့် အကွာကို ဗဟိုပြုပြီး ပြင်းအား (၇.၇) အဆင့်ရှိ အင်းအားအလွန်ပြင်းသော ငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ တောင်ငူ၊ အောင်ပန်း၊ ကလော၊ အင်းလေး အပါအဝင် ဒေသအချို့ အပျက်အစီးများခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့ကို အရေးပေါ်အခြေအနေ ကြေညာထားပြီး ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အတွက်သိန်းပေါင်း ၂သောင်း မှ သိန်းပေါင်း ၂ထောင် စတင်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

စစ်ကိုင်းပြည်သူ့ဆေးရုံကြီး ငလျင်ဘေးသင့် လူနာအယောက် (၁၀၀) အတွက် တစ်ဦးကို သိန်း (၂၀) ကျပ် စုစုပေါင်း သိန်း (၂) ထောင် ဝန်းကျင် ဧပြီလ ၁ရက်နေ့က မခိုင်နှင်းဝေ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ပါတယ်။

Earthquake victims under the scorching sun

In Mandalay, where the temperature is 38 degrees Celsius, the scene of earthquake victims living in an open refugee camp at the old Mingalar Market on the corner of (30) and (73) streets was recorded at around 12:30 noon...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071