နှစ်ရက်အတွင်း နှစ်ဖက်စစ်သား ၁၇၀ ကျော်ကျဆုံးပြီးနောက်ပစ်အခတ်ရပ်စဲရေး သဘောတူလိုက်သည့် အဇာဘိုင်ဂျန်နှင့်အိမ်နီးချင်း အာမေးနီးယား
အဇာဘိုင်ဂျန်တွင် မကြာသေးမီက တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်သား ၇၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့သည်။ အာမေးနီးယားတွင် ၎င်း၏တပ်ဖွဲ့ဝင် ၁၀၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ အပစ်အခတ်ရပ်စဲလိုက်ပါပြီ” ဟု အာမေးနီးယား လုံခြုံရေးကောင်စီအတွင်းရေးမှူး အာမန် ဂရီဂေါ်ရန်က Yerevan မှဗုဒ္ဓဟူးနေ့နှောင်းပိုင်း ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြောင်း၊”အီးယူသည် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြား ပုံမှန်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် အခိုင်အမာပါဝင်နေပါသည်”ဟုနိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Peter Stano က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
အာမေးနီးယန်းနိုင်ငံခြားရေးဌာန၏အဆိုအရ၊ စုပေါင်းလုံခြုံရေးသဘောတူညီချက်အဖွဲ့ (CSTO) ၏ကိုယ်စားလှယ်အဖွဲ့သည်ကြာသပတေးနေ့နှောင်းပိုင်းတွင် Yerevan ၌ရှိမည်ဖြစ်သည်။
အာမေးနီးယားသည် CSTO အဖွဲ့ဝင်ဖြစ်ပြီး Yerevan သည် မော်စကိုထံမှ စစ်ရေးအကူအညီတောင်းခံထားပြီးဖြစ်သည်။
ရေရှည်ပဋိပက္ခဖြစ်နေရာမှ ပြီးခဲ့သည့်နှစ်ရက်ကြာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်သား ၁၇၀ ကျော် ကျဆုံးသွားသဖြင့် ကနဦး ရန်စမှုများအတွက် နှစ်နိုင်ငံစလုံးက အပြန်အလှန် အပြစ်တင်နေကြသည်။
ဗုဒ္ဓဟူးနေ့အစောပိုင်းက အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan က တိုက်ပွဲများအတွင်း အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင်များသည် အာမေးနီးယန်းနယ်မြေ ၁၀ စတုရန်းကီလိုမီတာ (၄ စတုရန်းမိုင်နီးပါး) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုနှစ်နိုင်ငံသည် ယခင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရာမှ ဖြစ်လာသော နိုင်ငံများဖြစ်သည်။ရုရှား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ပါ၀င်လာမှု ကြောင့် အဆိုပါ ပဋိပက္ခ သည် ပြီးဆုံးသွားခဲ့သည်။သို့သော် နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင် ၆,၅၀၀ ခန့် ကျဆုံးခဲ့ပြီး ဖြစ်သည်။
Yerevan ၍ ကြာသပတေးနေ့တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများသည် အဇာဘိုင်ဂျန်နှင့် နောက်ထပ်လိုက်လျောညီထွေပြုရန်စီစဉ်နေသည်ဟု ကောလာဟလများကြားတွင် အာမေးနီးယားဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ရန် တောင်းဆိုရန် စုဝေးခဲ့ကြသည်။