၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၆၁၃) တွဲ ရောင်းချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၈၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၆၁၃) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ပြင် ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲ အမှတ် (၈၅၁) မှ (၁၇၀၀) ထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီးဈေးနှုန်း ပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြပွဲ ပဉ္စမနေ့ဖြစ်သည့် နိုဝင်ဘာ (၂၂) ရက်အထိ ပြပွဲတွင် ပုလဲအတွဲပေါင်း (၂၀၈) တွဲ၊ ကျောက်မျက် အတွဲပေါင်း (၆၂) တွဲ၊ ကျောက်စိမ်းအတွဲ (၆၁၃) တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။