Friday, January 10, 2025

နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်...

နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇန်နဝါရီလ (၁၀)...

Myanmar National League 2024-25...

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်ကော်မတီ၏ အသိပေးဖော်ပြချက်အရ သိရသည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့်...

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့်...

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း...
HomeNewsLocal Newsနှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့်...

နှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုး

ယမန်နေ့ ဇန်နဝါရီ (၉)ရက် ည(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲ၌ မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ယင်း ပြိုင်ပွဲတွင် နော်ဥမ္မာစိုးက မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ယခု နှစ်သစ်တွင် နိုင်ငံအတွက် ပထမဆုံး မွေထိုင်းချန်ပီယံခါးပတ်ကို ရယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယမန်နေ့ပွဲစဉ်တွင် သုံးချီအပြည့် ထိုးသ-တ်ခဲ့ရာ၌ ပထမအချီတွင် မွေထိုင်းမယ်က အသာစီးထိုးသ-တ်နေရာမှ ဒုတိယနှင့်တတိယအချီတွင် နော်ဥမ္မာစိုးက အသာစီး ပြန်လည်ထိုးသ-တ်ခဲ့ရာ ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခင်က ပိုလန်သူ ကစ်ဘောက်ဆင်ချန်ပီယံမယ် Karolina Lisowska ဖြင့်ယှဉ်ပြိုင်ထိုးသ-တ်ရန် ပွဲတည်ထားသော်လည်း ပွဲပျက်ခဲ့ရပြီး၊ မွေထိုင်းမယ် ဘစ်နီဖရင် ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရခြင်းဖြစ်သည်။

ရိုးရာလက်‌ဝှေ့ဖိုက်တာများအနက် Patong Fight Night မွေထိုင်းချန်ပီယံခါးပတ်လုပွဲစဥ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ စောထူးအောင်က ပထမဦးဆုံး ချန်ပီယံခါးပတ်ကိုင်မြောက်နိုင်ခဲ့သူဖြစ်ခဲ့ပြီး ၊ နော်ဥမ္မာစိုးက ဒုတိယချန်ပီယံ ရရှိခဲ့သူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် နစက ဥက္ကဋ္ဌ ထပ်ပြော

နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇန်နဝါရီလ (၁၀) ရက်၌ ကျရောက်သည့် (၇၇) နှစ် မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာ၌ နစကဥက္ကဋ္ဌက ယင်းကဲ့သို့ တိုက်တွန်းပြောကြားခြင်းလည်း ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနှင့်လွှတ်တော်လမ်းကြောင်းပေါ်ကို လျှောက်ဖို့လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။ ကချင်ပြည်နယ်သည် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ်များ ထွက်ရှိရာ ပြည်နယ်တခု ဖြစ်သည့်အပြင် အဖိုးတန်ရတနာများ ပေါကြွယ်စွာ ထွက်ရှိခြင်း၊ တောတောင်ရေမြေ...

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေ

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်ကော်မတီ၏ အသိပေးဖော်ပြချက်အရ သိရသည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၄၀)ဖြင့် ရပ်တည်မှုအဆင့်(၁)၊ ရန်ကုန်ယူနိုက်တက်အနေဖြင့် ရမှတ်(၃၄) မှတ်ဖြင့် အဆင့်(၂)နှင့် ဟံသာဝတီယူနိုက်တက်မှာ ရမှတ် (၃၃)မှတ်ဖြင့် အဆင့်(၃)နေရာတို့တွင် အသီးသီး ရပ်တည်နေကြသည်။ ထို့အတူ ဒဂုံစတား ယူနိုက်တက်ရမှတ်(၂၉)မှတ်၊ ISPE ရမှတ်(၂၃)မှတ်၊ မဟာယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ရတနာပုံယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ဒဂုံပေါ့စ်ယူနိုက်တက် ရမှတ် (၁၂)မှတ်၊ သစ္စာအားမာန်ယူနိုက်တက် ရမှတ်(၁၁) မှတ်၊...

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)ပေါ်ရှိ လူနေအိမ် အခန်းတွဲများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071