Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeDhammaDhamma Thoughtsပခန်းကြီးစည်သူရှင် သရက္ခန်ဘုရား

ပခန်းကြီးစည်သူရှင် သရက္ခန်ဘုရား

naingtun-1-copy

မြန်မာနိုင်ငံတွင် သရက္ခန်ဘုရား ငါးဆူ ရှိ၏။ မကွေးတိုင်း ပခုက္ကူနှင့် ရေစကြိုကြား ရှင်မတောင်ဘုရား၊ ရေစကြိုမြို့နယ်၊ ပခန်း မြို့ဟောင်းရှိ စည်သူရှင်ဘုရား၊ ပခုက္ကူ ဆင် ကြို့အနီးရှိ ဆင်ကြို့ဘုရား၊ ပခုက္ကူမြို့အဝင်ရှိ ရွှေတန့်တစ်ဘုရားနှင့် သပိတ်ကျင်းမြို့နယ်ရှိ အညာသီဟေ တာဘုရား တို့ဖြစ်လေ၏။ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်တွင် မင်းပြု သော အလောင်းစည်သူမင်းသည် တိုင်းခန်း လှည့်လည်ရင်း ကျွန်း ဦးဇမ္ဗုသပြေပင်သို့ ရောက်ရှိရာ ပင်ခြေအောက်၌ ခင်းထားသော ပုလဲကျောက်ဖျာကို ကိုးကွယ်ရန် အလိုရှိလေ သော်လည်း အရိမေတ္တေ ယျဘုရားအတွက် ခင်းထားကြောင်း သိကြားမင်းက လျှောက် ထား၏။ သိကြားမင်းလည်း အလောင်းစည်သူ မင်း ကိုးကွယ်ရန် ပုလဲအေ ရာင်ရှိသော ကျောက်ကို ဘုရားရုပ်တု ကိုးကွယ်တော်မူ ရန်အပ်၏။ မင်းကြီးမှ သန့်ရှင်းဖြူစင်သည် ဟုဆိုသဖြင့် ရှင်ဖြူဘုရားတွင်၏။

သိကြားမင်းသည် ဇမ္ဗုသပြေငုတ်ကို တန်ခိုးဖြင့် ဖြတ်၍ ဘုရားရုပ်တု အပ်ပြန်သော် လှပေသည်ဟုဆိုသဖြင့် ရှင်လှဘုရားတွင် လေ၏။ အလောင်းစည်သူမင်းသည် မြင်း မိုရ်တောင်သို့ သွားလိုသော်လည်း သိကြား မင်းတားမြစ်၍ ဆန္ဒတော်ပျက်လေ၏။

သိကြားမင်းလည်း မြင်းမိုရ်တောင်ရှိ သရက္ခန် အနှစ်တုံးနှင့် ဓာတ်တော်တို့အား အပ်ရာ ရွှေခွက်ဖြင့် ခံလေ၏။ ထို့နောက် လက်လေး ဆစ်ခန့်စီ သရက္ခန်ဘုရား ငါးဆူထုဆစ်၍ မင်းကြီးသို့အပ်၏။ မင်းကြီးမှ ဥာဏ်တော်နိမ့်ရ ကား ငယ်လှသည်ဆိုလေ၏။ ထိုအခါ သိကြာ မင်းနှင့် ဝိသကြုံနတ်မင်းတို့က ဇမ္ဗု သပြေသားကို ဥာဏ်တော် တစ်တောင်ခန့်မျှစီ ဘုရား ငါးဆူထုလေ၏။ ပဉ္စမဘုရားမှာ လက်ယာေ မာင်းတော်အသားမလောက်၍ ဗောဓိသားကိုစပ်၍ သပြေရုပ်တု ငါးဆူ ရှိ လေ၏။ ပြီးနောက် ဇမ္ဗုသပြေရုပ်တု အသီး သီး၌ သရက္ခန်တစ် ဆူစီနှင့် ဓာတ်တော်နှစ်ဆူစီ ဌာပနာတိုက်သွင်း၍ မင်းကြီးဆီသို့ အပ်လေ၏။ ထို့နောက် သရက္ခန်၊ သပြေသား၊ ဗောဓိသား အစအနများ   ပေါင်းစုကြိတ်ကာ သရိုးနယ်ပြီး ဘုရားထုလုပ်ကာ ဓာတ်တော်နှစ်ဆူ ဌာပနာ တည်သောကြောင့် မြတ်ပေါင်း မဉ္ဇူဘုရားဟု သမုတ်ပြီး မင်းကြီးထံအပ်ပြန်လေ၏။

မင်းကြီးသည် ဘုရားခြောက်ဆူမှာ ပလ္လင်တော် နိမ့်သည်ကို ဆင်ပလ္လင်ခံရသော် ကောင်းမည်ဟု စိတ်ကူးပြီးနောက် ဆင်တစ် ဆယ့် ငါးစီးရှိသော ပထမပလ္လင်တွင် သရက္ခန် ပထမပိုင်းဘုရား၊ ဆင်တစ်ဆယ့်လေးစီးရှိသော ပလ္လင်တွင် ဒုတိယဘုရား၊ ဆင်ဆယ့်သုံးစီး ပလ္လင်တွင် တတိယဘုရား၊ ဆင်တစ်ဆယ့်နှစ်စီး ပလ္လင်တွင် စတုတ္ထဘုရား၊ ဆင်တစ်ဆယ့်တစ်စီး ပလ္လင်တွင် ပဉ္စမဘုရားနှင့် မြတ်ပေါင်း မဉ္ဇူ ဘုရားတို့ကို ကမ္ပည်းတင်စေကာ ပေါက္ကံပြည် သို့ လှေယာဉ်စကြာဖြင့် ပြန်လည်ကြွချီ၏။ ရေစကြိုမြို့နယ် တောင်မကြီး၏ အရှေ့ဘက် ကျွန်းသို့ ဆိုက်ရောက်စခန်းချတော်မူ၏။ ထို့နောက် နတ်တို့ နိမိတ်ပြ၍ သရက္ခန်အမွှေးနံ့လွှတ်သော မြစ်ကွေ့တောင်အင်းကြီး သို့ လှေ စကြာ ဝင်၍ ဆိုက်ရပ်တော်မူပြန်၏။ ထိုအရပ်၌ တဲနန်းဆောက်၍ နေတော်မူ၏။ မင်းကြီး နိမိတ်ပြရာအရပ်ကို ဂူတိုက်တည် ဆောက်မည် ဟု အကြံရှိ၏ သရက္ခန် ပထမ ပိုင်း ရုပ်တုတော်ကို နာဂဗလဆင်တော် ထက် တင်ကာ အဓိဋ္ဌာန်၍လွှတ်လေ၏။

တဲနန်း တော်၏ မြောက်ဘက် တာငါးဆယ်ခန့်အကွာ ဣဒ္ဓိဝိဓတောင်ကုန်းမြေမှာ နှာမောင်းတင်၍ ရပ်၏။ သောတာပန် နတ်ကြီးမှလည်း ကိုယ် ထင်ပြ၍ ဂေါတမဘုရား အောက်ချင်းငှက် ဖြစ်တော်မူသောအခါ နေထိုင်ရာ အရပ်ဖြစ် ကြောင်း ပြောကြားလေ၏။

မင်းကြီးလည်း ဣဒ္ဓိဝိဓတောင်ကုန်းမှာပင် ဂူတိုက် တည်ထား၏။ သက္ကရာဇ် ၄၈ဝ ပြည့် နှစ် နယုန်လဆန်း ၁၂ ရက်နေ့တွင် သရက္ခန် ပထမရုပ်တုတော်ကို လိုဏ်သွင်းပွဲ ကျင်းပ တော်မူပြီး “ငါ့အရှင်သခင်ကိုယ်တော်မြတ်ကြီး လိုဏ်ဂူအတွင်းကိန်းဝပ် သီတင်းသုံးရတော့ မည်” ဟု မင်းကြီးက မိန့်တော်မူသည်ကို အစွဲ ပြု၍ စည်သူသခင်၊ စည်သူအရှင်ဟု ခေါ်တွင် ကြလေ၏။

ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးမား သည့် ပခန်းကြီးမြို့ဟောင်းရှိ စည်သူရှင် သရက္ခန် ဘုရား ဖူးရင်း ပခန်းကြီးမြို့ဟောင်းနှင့် ယဉ်   ကျေးမှုပြတိုက်၊ ကျီဝန်မင်း၏ ကျောင်း တော် ကြီး၊ ပခန်းငယ်ရှိ ပခန်းမင်းကြီး ဦးရန်ဝေ၏ ရှေးဟောင်းကျောင်းနှင့် ဘုရား စေတီများပါ ဖူးမြော်ကြည်ညိုနိုင်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

နိုင်ထွန်း(TGI))

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071