Sunday, January 5, 2025

လူအိုများမှတ်ဉာဏ်ချွတ်ယွင်းမှုပြသနာကိုဖြေရှင်းနိုင်ရန် တရုတ်ကြိုးပမ်း

ပေကျင်း၊ဇန်နဝါရီ ၄ တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုအရေအတွက်သည်လျင်မြန်စွာ တိုးပွားလာနေကာသူတို့ ကိုယ်တိုင် နှင့် သူတို့၏ မိသားစုဝင်များကို အခက်တွေ့စေသည့် မှတ်ဉာဏ် ချွတ်ယွင်းသောရောဂါပြသနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်အဆင့်...

ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် မိနစ်ပိုင်းသာခြား၍ မီးလောင်မှုနှစ်ခုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့...

စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်တွင် ဓာတ် ဆီအရောင်းဆိုင်ဖွင့်လှစ်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ သုံးဘီးဆိုင်ကယ်နှင့်...

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို...

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊...
HomeNewsLocal Newsပင်စင်ထုတ်ရာမှပျောက်ဆုံးနေသည့် သတိမေ့တတ်သောအဘွားအား ဒဂုံအရှေ့ပိုင်းမြို့နယ်တွင်...

ပင်စင်ထုတ်ရာမှပျောက်ဆုံးနေသည့် သတိမေ့တတ်သောအဘွားအား ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်တွင်နေထိုင်ကာ သြဂုတ် ၂၂ ရက်နံနက်ပိုင်းက ပင်စင်လာထုတ်စဥ်ပျောက်ဆုံးသွားသည့် အသက်(၇၅) နှစ်ရှိ အဘွားဒေါ်မော်လီသိန်းအား ယင်းနေ့ည၌ပင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊(၁၂၄)ရပ်ကွက်တွင်ပြန်လည်တွေ့ရှိခဲ့ရကြောင်း လိုက်ပါကူညီပေးခဲ့သူများထံမှ သိရသည်။

အဘွားဒေါ်မော်လီသိန်းသည် သြဂုတ် ၂၂ ရက်နံနက်ပိုင်းက အမျိုးသားဖြစ်သူအဘိုးနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ရန် ခရီးသည်တင် YBS ကားဖြင့်လာရောက်စဥ် ဆင်းရမည့်မှတ်တိုင်အရောက် ၎င်း၏ အမျိုးသားဖြစ်သူမှဆင်းသွားခဲ့သော်လည်း အဘွားမှာဆင်းလာခြင်းမရှိဘဲ ကားပေါ်တွင်ပါသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အဘွားက သတိမေ့တတ်တယ် အဲဒီနေ့ကလည်း မှတ်တိုင်ရောက်တော့ အဘွားလိုက်ဆင်းလာတယ်ထင်ပြီးအဘိုးကအရင်ဆင်းသွားတာပေါ့ အဘွားကဆင်းမလာဘဲ ကားပေါ်ဆက်ပါသွားတာ သိသိချင်း မိသားစုက မြောက်ဥက္ကလာပထဲမှာလိုက်ရှာပေမယ့် မတွေ့တဲ့အတွက် ဇဗ္ဗူဒီပါလူမှုကူညီကယ်ဆယ်ရေးအသင်းကို အကူညီတောင်းခဲ့တယ် လူမှုကွန်ယက်မှာလည်း Post တင်ပြီး လူပျောက်ကြော်ငြာခဲ့တယ်”ဟု လိုက်ပါကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ထို့နောက် ပျောက်ဆုံးနေသည့် အဘွားအားထပ်မံ၍လိုက်လံရှာဖွေစဥ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်အခြေစိုက် သံသရာခရီးသည်နာရေးကူညီမှုအသင်းမှ ပျောက်ဆုံးနေသည့် အဘွားအားတွေ့ရှိထားကြောင်း ၎င်း၏မိသားစုဝင်များထံ ဓာတ်ပုံပြသဆက်သွယ်ခဲ့သဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ကြကြောင်း သိရသည်။

“အဘွားက မိုးရေတွေစိုရွှဲပြီး ဒဂုံအရှေ့ပိုင်း၊ (၁၂၄)ရပ်ကွက်က မင်းရဲကျော်စွာလမ်းပေါ်မှာ လမ်းပျောက်နေတာကို အဲဒီနေ့ညနေပိုင်းမှာ ဘေးတွဲဆိုင်ကယ်မောင်းတဲ့လူတစ်ယောက်ကတွေ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသွားပို့ပေးခဲ့တဲ့အတွက် ပြန်တွေ့ခဲ့တာပါ အဘွားက သူ့မိသားစုဝင်တွေကိုမှတ်မိပါတယ်”ဟု လိုက်ပါကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ပြန်လည်တွေ့ရှိခဲ့ရသည့် အဘွားဒေါ်မော်လီသိန်းအား မိသားစုဝင်များနှင့်အတူ သွား ရောက်ခေါ်ဆောင်ရာ သံသရာခရီးသည်နာရေးကူညီမှုအသင်းမှ မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သံသရာခရီးသည်နာရေးကူညီမှုအသင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူအိုများမှတ်ဉာဏ်ချွတ်ယွင်းမှုပြသနာကိုဖြေရှင်းနိုင်ရန် တရုတ်ကြိုးပမ်း

ပေကျင်း၊ဇန်နဝါရီ ၄ တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုအရေအတွက်သည်လျင်မြန်စွာ တိုးပွားလာနေကာသူတို့ ကိုယ်တိုင် နှင့် သူတို့၏ မိသားစုဝင်များကို အခက်တွေ့စေသည့် မှတ်ဉာဏ် ချွတ်ယွင်းသောရောဂါပြသနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်အဆင့် ဆောင်ရွက်ချက်စီမံကိန်းကို တရုတ်နိုင်ငံက စတင်လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ နိုင်ငံတော်ကျန်းမာရေးကော်မရှင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၁၅ ခုက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် ၇ ခုဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် အောင်မြင်ရန်ရည်မှန်းထားသည်ဟုသိရသည်။ စီမံကိန်းအရ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါအတွက် ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ်ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစနစ်ကိုချမှတ်ခြင်း၊ကာကွယ်မှု လုပ်ငန်းများကို လုပ်ဆောင်ခြင်းခြင်း၊စစ်ဆေးခြင်း၊ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ပြန်လည် ထူထောင်ခြင်း နှင့် စောင့်ရှောက်ခြင်း...

ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် မိနစ်ပိုင်းသာခြား၍ မီးလောင်မှုနှစ်ခုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဇန်နဝါရီ ၅...

စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်တွင် ဓာတ် ဆီအရောင်းဆိုင်ဖွင့်လှစ်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ဆီများကို ပေါက်ဈေးထက်သက်သာသည့်ဈေးနှုန်းဖြင့် လာရောက်ဝယ်ယူသူများကို တိုက် ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဓာတ်ဆီအမျိုးအစား (RON-68) တစ်လီတာကို (၂၂၀၀)ကျပ်နဲ့ စပြီးရောင်းချပေးနေပါတယ်။ ဒီဆီကို သုံးဘီးဆိုင်ကယ်တွေ ဆိုင်ကယ်တွေမှာသုံးသလို အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံးမီးစက်တွေ၊ စက်လှေတွေမှာလည်းသုံးလို့ရပါတယ်။ အခု စက်သုံးဆီအရောင်းဆိုင်ကို မနက် ၆ နာရီကနေ ည ၆ နာရီအထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071