Monday, December 23, 2024

ဘရာဇီး၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ...

ဘရာဇီး၊ မလေးရှားနှင့် ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမှုများ စတင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီးဌာနက ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝန်ကြီး Roman Starovoyt က...

ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် (၁၇) သိန်းကျော်တင်ပို့ထား

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် (၁၇) သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ပြည်ပသို့ပြောင်းတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတဆင့် အဓိကတင်ပို့နေပြီး နယ်စပ်တင်ပို့မှုအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် တင်ပို့နေကြောင်း...

နယ်စပ်တွင် ကာလဝမ်းရောဂါဖြစ်ပွားနေ၍ ထိုင်းက သတိပေးချက်ထုတ်

မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါပျံ့နှံ့ဖြစ်ပွားနေသဖြင့် ရောဂါတားဆီးထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကုသရေးစင်တာတစ်ခု(EOC) ဖွင့်လှစ်လိုက်သည်။ လက်ရှိတွင် တာ့ခ်ပြည်နယ်၌ အဆိုပါရောဂါဖြစ်ပွားသူ နှစ်ဦး...

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်ခန်းမအား ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊...
HomeInternationalပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို...

ပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး အမေရိကန် တိုက်လေယာဉ်ကိုလည်း ပစ်ချခဲ့ကြောင်း ဟူသီများပြောကြား

ယီမင်နိုင်ငံ Ansar Allah လှုပ်ရှားမှုမှ ဟူသီများသည် ပင်လယ်နီတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး F/A-18 တိုက်လေယာဉ်တစ်စင်းကိုလည်း ပစ်ချခဲ့ကြောင်း ယင်းလှုပ်ရှားမှု၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မနေ့ညနေပိုင်းတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘော နှင့် အခြားသော ဖျက်သင်္ဘောများကို တိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ်တို့နိုင်ငံကို အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုမှ တားဆီးနိုင်ခဲ့သည်” Yahya Sarea က ဟူသီထိန်းချုပ်ထားသော Al Masirah ရုပ်မြင်သံကြားလိုင်းသို့ ပြောကြားခဲ့သည်။

သူ၏ ပြောကြားချက်အရ အမေရိကန်စစ်သင်္ဘောများကို တိုက်ခိုက်ရာတွင် ခရုဇ်ဒုံးကျည် ၈ စင်းနှင့် ဒရုန်း ၁၇ စင်းတို့ကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟူသီတိုက်ခိုက်မှုအတွင်း အနောက်နိုင်ငံများမှ စစ်လေယာဉ်အများစုသည် ပင်လယ်နီ၏ နိုင်ငံတကာရေပိုင်နက်တွင်ရောက်ရှိနေသည့် လေယာဉ်တင်သင်္ဘောကို ခုခံကာကွယ်ရန် ယီမင်လေပိုင်နက်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

စနေနေ့ညနေပိုင်းတွင် ဟူသီများထိန်းချုပ်ထားသော ယီမင်နိုင်ငံမြို့တော် Sana တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း Al Masirah နှင့် Saba သတင်းဌာနတို့ထံမှ သိရသည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENTCOM) ၏ အဆိုအရ အမေရိကန် စစ်တပ်သည် ဟူသီ ကွပ်ကဲမှု စခန်းများနှင့် မြို့တွင်းရှိ ဒုံးကျည် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟူသီဒရုန်းအများအပြားနှင့် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များကိုလည်း ပစ်ချခဲ့သည်။

USS Harry S. Truman လေယာဉ်တင်သင်္ဘော ပါဝင်သည့် ရေယာဉ်အုပ်စုမှ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော USS Gettysburg သည် မှားယွင်းပစ်ခတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး USS Harry S. Truman လေယာဉ်တင်သင်္ဘောပေါ်မှ ပျံသန်းလာသော F/A-18 တိုက်လေယာဉ်ကို ထိမှန်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENCOM)မှ ပြောကြားခဲ့သည်။လေယာဉ်ပျက်ကျခဲ့သော်လည်း လေယာဉ်မှူးနှစ်ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရာဇီး၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ရန် ရုရှားစဉ်းစားနေ

ဘရာဇီး၊ မလေးရှားနှင့် ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမှုများ စတင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီးဌာနက ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝန်ကြီး Roman Starovoyt က ပြောကြားသည်။ “မလေးရှားနဲ့ ဘရာဇီးကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ပါကစ္စတန်ကလည်း အလားတူ တောင်းဆိုချက်မျိုး မကြာသေးမီက ဆက်သွယ်တောင်းဆိုလာပါတယ်။ အဲဒီမှာ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြီး စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဟုတ်ပါတယ်၊ ဒီညှိနှိုင်းမှုမှာ ခရီးသွား လုပ်ငန်း ကိုယ်စားလှယ်တွေကလည်း ပါဝင်ဖို့ စိတ်ဝင်စားပါတယ်။ "ဟုပြောသည်။ ရုရှားသည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများမှ လေကြောင်းလိုင်းများစွာနှင့်...

ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် (၁၇) သိန်းကျော်တင်ပို့ထား

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် (၁၇) သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ပြည်ပသို့ပြောင်းတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတဆင့် အဓိကတင်ပို့နေပြီး နယ်စပ်တင်ပို့မှုအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် တင်ပို့နေကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပသို့ တင်ပို့နေသော မြန်မာ့လယ်ယာထွက်ကုန် သီးနှံများအနက် ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေအများဆုံးရရှိနေပြီး ဆန်တင်ပို့မှုမှ ဒုတိယအများဆုံးရရှိကာ ပြောင်းတင်ပို့မှုမှ တတိယအများဆုံး ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ တစ်နှစ်လျှင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းသီးနှံ၏ သုံးပုံနှစ်ပုံခန့်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ပြီး ကျန်သုံးပုံတစ်ပုံခန့်ကို ပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်းသိရသည်။ ပြည်တွင်း၌ ပြောင်းသည် စိုက်ပျိုးထွက် ရှိမှုပမာဏအားဖြင့် ဆန်ပြီးလျှင် ဒုတိယအများဆုံးထွက်ရှိသော...

နယ်စပ်တွင် ကာလဝမ်းရောဂါဖြစ်ပွားနေ၍ ထိုင်းက သတိပေးချက်ထုတ်

မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါပျံ့နှံ့ဖြစ်ပွားနေသဖြင့် ရောဂါတားဆီးထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကုသရေးစင်တာတစ်ခု(EOC) ဖွင့်လှစ်လိုက်သည်။ လက်ရှိတွင် တာ့ခ်ပြည်နယ်၌ အဆိုပါရောဂါဖြစ်ပွားသူ နှစ်ဦး တွေ့ထားသည်ဟု ဆိုသည်။ EOC သည် နယ်စပ် ရပ်ကွက်ကျေးရွာများ၊ စက်ရုံများနှင့် ဒုက္ခသည်စခန်းများတွင် ကာလဝမ်းရောဂါဖြစ်နိုင်ခြေကို စောင့်ကြည့်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karnkawwinpong က ပြောဆိုသည်။ ထို့အပြင် အဆိုပါစင်တာအနေဖြင့် သောက်သုံးရေအရည်အသွေးကို စောင့်ကြည့်စစ်ဆေးခြင်း၊ အများပြည်သူများ၊ ရွှေ့ပြောင်းဝင်ရောက်သူများကို တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ အကြံပေးခြင်း၊ အစားအသောက်ရောင်းချသူများ၊ လမ်းဘေးဈေးသည်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071