Sunday, January 12, 2025

ဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို မီးဘေးအတွက်ပေးလှူ

အမေရိကန်ပြည်ထောင်စု လော့စ်‌ဆန်းဂျလိစ်ဒေသများကို ယခုသီတင်းပတ်တွင် တောမီးဝါးမြိုဖျက်ဆီးနေခဲ့သည့်အတွက် အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျန်နာကူးပါးက လိုအပ်သူများကို ကူညီရန်အတွက် မိတ်ဆွေသူငယ်ချင်းများထံမှ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စတင်အလှူခံခဲ့သည်။ သူ၏ တောင်းခံမှုသည်...

ဂျေဂျူးလေယာဉ်မပျ-က်ခင်လေးမိနစ်ခန့်မှတ်တမ်းဘလက်ဘောက်စ်မှာ မတွေ့

ဒီဇင်ဘာလ ၂၉ ရက်‌ေန့က ပျ-က်ကျခဲ့သော ဂျေဂျူးလေကြောင်းလိုင်း လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) များသည် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်ရှိ...

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ...

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော်ကို ဇန်နဝါ ရီ ၁၀ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူမှုဖူလုံရေးကူညီမှုအကျိုးခံစားခွင့်၏ (၄၀)ရာခိုင်နှုန်းဖြစ်သည့်...

ပို့ကုန်ဆိုင်ရာ ရက်တိုသင်တန်းအတွက် သင်တန်းသားခေါ်ယူထား

ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) ပို့ကုန်ဆိုင်ရာရက်တိုသင်တန်းများ (အမှတ်စဉ်-၇) ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်း သင်တန်းအတွက် သင်တန်းသားများကို နိုင်ငံပိုင်သတင်းစာမှတဆင့်ခေါ်ယူထားသည်။ အဆိုပါ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊...
HomeNewsLocal Newsပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ အလားအလာရှိသည့်...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ အလားအလာရှိသည့် လက်ရွေးစင်မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရမည်ဖြစ်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်၊ မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရမည်ဖြစ်ကြောင်း အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပသည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပြီး အားကစားသမားများရွေးချယ်ရာတွင် အရည်အချင်းရှိသူများကို အားကစားနည်းအလိုက် စံနှုန်းများနှင့်အညီ စနစ်တကျ ရွေးချယ်သွားရန်လည်း ပြောကြားသည်။

အလားတူ ပြိုင်ပွဲကြီးပြီးဆုံးပါက ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကိုလည်း ထိုက်တန်စွာဆုချီးမြှင့်၍ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးအပ်ခြင်းဖြင့် အားပေးသွားကြရန်လည်း တိုက်တွန်းပြောကြားသည်။

‌ထို့အပြင် ရွေးချယ်ရရှိလာမည့် အားကစားသမားများကို စွမ်းရည်တိုးတက်ကောင်းမွန်အောင် ကျွေးမွေးမှု (Sports Nutrition) အပိုင်းတွင်လည်း အားကစားနည်းအလိုက် သိပ္ပံနည်းကျစနစ်တကျနှင့် ကယ်လိုရီတွက်ချက်ကျွေးမွေးစေရေး၊ ခွန်အားတိုးဖို့ တားမြစ်ဆေးမသုံးစွဲဘဲ တိုင်းရင်းဆေးဝါးများနှင့် ဖေါ်စပ်ကျွေးမွေးရန်လည်း ဆွေးနွေးပြောကြားသည်။

ထို့ကြောင့် အမျိုးသားအားကစားပွဲတော်ကြီးကို အားကစားပြိုင်ပွဲအဖြစ်သာမရှုမြင်ဘဲ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူဆောင်ရွက်ကြရန်နှင့် ကိုယ်စီကိုယ်စီ ကျရာအခန်းကဏ္ဍအလိုက် အမျိုးသားရေးအသိ စိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို မီးဘေးအတွက်ပေးလှူ

အမေရိကန်ပြည်ထောင်စု လော့စ်‌ဆန်းဂျလိစ်ဒေသများကို ယခုသီတင်းပတ်တွင် တောမီးဝါးမြိုဖျက်ဆီးနေခဲ့သည့်အတွက် အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျန်နာကူးပါးက လိုအပ်သူများကို ကူညီရန်အတွက် မိတ်ဆွေသူငယ်ချင်းများထံမှ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စတင်အလှူခံခဲ့သည်။ သူ၏ တောင်းခံမှုသည် သြဇာကြီးသော အမျိုးသမီးကွန်ရက်တစ်ခုမှတဆင့် တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီး ရှာရွန်စတုန်းနှင့် ဟယ်လီဘယ်ရီအပါအဝင် သရုပ်ဆောင်များသည် အင်္ကျီများ၊ ဖိနပ်များ၊ အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ ခါးပတ်များ၊ ညဝတ် ဝတ်စုံများနှင့် သူတို့ပိုင် အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူ လှူဒါန်းခဲ့ကြသည်။ “ကျွန်မ ဗီရိုတစ်ခုလုံးက အထည်တွေကို ထုပ်ပိုးနေပါတယ်” ဟု မင်းသမီး ဘယ်ရီက အင်စတာဂရမ်တွင် ရေးသားခဲ့သည်။...

ဂျေဂျူးလေယာဉ်မပျ-က်ခင်လေးမိနစ်ခန့်မှတ်တမ်းဘလက်ဘောက်စ်မှာ မတွေ့

ဒီဇင်ဘာလ ၂၉ ရက်‌ေန့က ပျ-က်ကျခဲ့သော ဂျေဂျူးလေကြောင်းလိုင်း လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) များသည် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်ရှိ ကွန်ကရစ်တံတိုင်းနှင့် လေယာဉ်မတို-က်မိခင် လေးမိနစ်ခန့်စာ မှတ်တမ်းတင်မှု ပြတ်တောက်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားလိုက်သည်။ လူ ၁၇၉ ဦး ‌ေ-သဆုံးခဲ့ပြီး တောင်ကိုရီးယားမြေတွင် ဖြစ်ခဲ့သမျှ၌ အဆိုးဝါးဆုံးဖြစ်သော လေကြောင်းမတော်တဆမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည့် အာဏာပိုင်များသည် ဘလက်ဘောက်စ်များ၏ မှတ်တမ်းတင်မှု ရပ်တန့်သွားခဲ့ခြင်း အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပျက်စီးမှုဖြစ်ခဲ့သည့်...

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော် လွှဲပြောင်းပေး

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော်ကို ဇန်နဝါ ရီ ၁၀ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူမှုဖူလုံရေးကူညီမှုအကျိုးခံစားခွင့်၏ (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၉၇ ဒသမ ၁၁၄)သန်းအား အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမြင့်နောင်မှ မန္တလေးမြို့တော်ခန်းမ၌ မန္တလေးတိုင်းဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းတွင် အလုပ်ဌာန(၇၃၀၇)ဌာန၊ အာ မခံအလုပ်သမား(၁၂၄၁၆၄)ဦးမှတ်ပုံတင်ထားသည့်အနက် အလုပ်ဌာန(၉၅)ဌာနမှ ရေဘေးသင့် အာမခံအလုပ်သမား(၁၁၉၇)ဦးရှိကြောင်း သိရသည်။ ယင်း အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၁၃) ခန်း၊ ဌာနကြီးဆေးခန်း(၉)ခန်း၊ စာချုပ်ဆေးခန်း (၇)ခန်းဖွင့်လှစ်၍ ၂၀၂၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071