Tuesday, March 18, 2025

ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးမှသာ ပူတင်၏ အမေရိကန်ခရီးစဉ်ကိစ္စကို ဆွေးနွေးသင့်ဟု...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အမေရိကန်သို့ ခရီးစဉ်ဖြစ်နိုင်ခြေအကြောင်း ဆွေးနွေးခြင်းမပြုမီ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သတင်းထောက်များက ငြိမ်းချမ်းရေးသဘောတူညီချက်...

ကမ္ဘာ့အင်တာနက်ညီလာခံ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးဧပြီတွင် ကျင်းပမည်

ပေကျင်း၊ မတ် ၁၇ ကမ္ဘာ့အင်တာနက်ကွန်ဖရင့်ညီလာခံ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဧပြီ ၁၄ ရက်မှ ၁၅ ရက်အထိ ဟောင်ကောင်၌ ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း...

ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ဆီဘောက်ဆာကားနှင့် Light Truck...

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ မတ် ၁၈ ရက်နံနက်ပိုင်းက ဆီဘောက်ဆာကားနှင့် Light Truck ကားတို့တို-က်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပဲခူးမြို့နယ်...

နေပြည်တော်နှင့် ရန်ကုန်တွင် ယမန်နေ့တစ်ရက်တည်း၌ တောမီးလောင်ကျွမ်းမှု(၆)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ယမန်နေ့ မတ် ၁၇ ရက်တစ်ရက်တည်း၌ပင် တောမီးလောင်ကျွမ်းမှု၊ ကိုင်းတောမီးလောင်မှုနှင့် မြက်ခြောက်မီးလောင်မှု (၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ မတ်...
HomeNewsFootballပဏာမ မြန်မာ့လက်ရွေးစင် ယူ-...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF ၏ အသိပေးချက်အရ သိရသည်။

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာယူ-၂၂ အသင်းကို ပြည်နယ်နှင့်တိုင်းများရှိ ကလပ်အသင်းများမှ ကစားသမားများဖြင့် ရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကစားသမားများကို ယခု ဖော်ဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ-၂၂ အသင်းသည် ဆီးဂိမ်းမတိုင်မီ အာဆီယံ ယူ – ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိ‌နေပြီး အသင်းအား ဂျပန်လူမျိုးနည်းပြ ဟီဆာရှီကူရိုဆာကီ တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊ ဆောင်ခလာမြို့တို၌ ကျင်းပသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးမှသာ ပူတင်၏ အမေရိကန်ခရီးစဉ်ကိစ္စကို ဆွေးနွေးသင့်ဟု ထရမ့် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အမေရိကန်သို့ ခရီးစဉ်ဖြစ်နိုင်ခြေအကြောင်း ဆွေးနွေးခြင်းမပြုမီ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သတင်းထောက်များက ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးပါက ပူတင်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားရန် သဘောရှိမရှိ မေးမြန်းရာတွင် ထရမ့်က "အဲဒါကို အခုချက်ချင်း ဆွေးနွေးချင်စိတ်မရှိသေးဘူး။ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရဖို့လိုတယ်။ သဘောတူညီချက်လက်မှတ်ထိုးဖို့လိုတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။ "ငါတို့အဲဒီသဘောတူညီချက်ကို လက်မှတ်ထိုးဖို့လိုတယ်။ ဒါက အခုအချိန်မှာ ငါစဉ်းစားနေတဲ့ တစ်ခုတည်းသောအရာပဲ" ဟု ထရမ့်က ပြောကြားခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် အမေရိကန်နှင့်...

ကမ္ဘာ့အင်တာနက်ညီလာခံ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးဧပြီတွင် ကျင်းပမည်

ပေကျင်း၊ မတ် ၁၇ ကမ္ဘာ့အင်တာနက်ကွန်ဖရင့်ညီလာခံ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဧပြီ ၁၄ ရက်မှ ၁၅ ရက်အထိ ဟောင်ကောင်၌ ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာ ပြောင်းလဲမှုများအပေါ် အဓိက ထားမည်ဟု တနင်္လာနေ့တွင် ပေကျင်း၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၏ ပြောကြားချက်များအရ သိရသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ ကျော်ကြားသော ကျွမ်းကျင်သူများနှင့်အတူ ဉာဏ်ရည်တု နည်းပညာ (AI) အခြေခံအဆောက်အဦ၊ နည်းပညာဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ...

ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ဆီဘောက်ဆာကားနှင့် Light Truck ကားတို-က် ၂ ဦး‌ေ-သဆုံး ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ မတ် ၁၈ ရက်နံနက်ပိုင်းက ဆီဘောက်ဆာကားနှင့် Light Truck ကားတို့တို-က်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပဲခူးမြို့နယ် ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းအတိုင်း ရန်ကုန်မြို့ဘက်မှ ဒိုက်ဦးမြို့ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၇)ဦး လိုက်ပါလာသည့် Light Truck ကားသည် ဝမ်းဘဲအင်းကျေးရွာရှိ ဒေးစွန်ပါဘုရားမုဒ်ဦးဝင်ပေါက်အနီးအရောက် လမ်းကြောမရှင်းဘဲ လမ်းဘယ်ဘက်ခြင်းမှ ဒေးစွန်ပါဘုရားလမ်းအတွင်းသို့ချိုးကွေ့ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ချိုးကွေ့ဝင်ရောက်ခဲ့မှုကြောင့် နောက်မှမောင်းနှင်လာသည့် ဆီဘောက်ဆာကားမှာ အရှိန်မထိန်းနိုင်ဘဲ Light Truck ကားကိုဝင်တိုက်မိခဲ့သဖြင့် Light Truck ကားမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071