ပရာယွတ်၏ဝန်ကြီးချုပ်သက်တမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်စဥ် ပရာဝစ်က အိမ်စောင့် ဝန်ကြီးချုပ် ဖြစ်လာနိုင်
ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကိစ္စကို တရားရုံးကဆုံးဖြတ်ချက် မချမချင်း ဝန်ကြီးချုပ်အဖြစ် တာဝန်မှ ရပ်ဆိုင်းထားမည့်သဘောရှိသည်။
ထိုကာလတွင် ဒုတိယ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prawit Wongsuwan က အိမ်စောင့် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်မည်ဖြစ်သည်။ပရာဝစ်သည် ယခင်စစ်အစိုးရ၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။
PTP ပါတီက ပရာယွတ်အား ပဋိဉာဉ်စည်းမျဉ်းအရ ၎င်း၏ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မူ ၈ နှစ် ကန့်သတ်ချက်ကို ကျော်လွန်ပြီလားဟုတရားရုံးသို့မေးမြန်းထားမူရှိသည်။
တရားရုံး၏ လုပ်ငန်းစဉ်သည် တစ်လအထိ ကြာနိုင်သည်။
လက်ရှိတွင်မူ ပရာယွတ်က သတင်းတစုံတရာမထုတ်ပြန်ထားပေ။ ကာကွယ်ရေးဝန်ကြီး အနေဖြင့် ကတ်ဘိနက်အစည်းဝေးများတက်၍ရကြောင်း ဒုဝန်ကြီးချုပ် ဗီစနု ကပြောကြားထားသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား ထိုင်းနိုင်ငံ၏ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ၈ နှစ်ထမ်းဆောင်ပြီးဖြစ်သောကြောင့် တာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း CNA၏ သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။
တာဝန်ရပ်ဆိုင်းမှုကို ယမန်နေ့ သြဂုတ်လ ၂၄ ရက်တွင် ဖွဲ့စည်းပုံ အခြေခံတရားရုံးကရပ်ဆိုင်းလိုက်ကြောင်းဖော်ပြထားသည်။
ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာအားထိုင်းနိုင်ငံသားများက
ယင်းနေ့ ည၁၂နာရီ တွင် ရာထူးမှနှုတ်ထွက်ပေးရန် ဗန်ကောက်မြို့ ၊ လွတ်လပ်ရေးကျောက်တိုင်တွင် စုရုံးကာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။