အစ္စလာမာဘတ်၊ ဧပြီ ၃
ပါကစ္စတန်နိုင်ငံသည် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် မြန်မာနိုင်ငံသို့ အရေးပေါ်ကယ်ဆယ်ရေး အကူအညီ တန်ချိန် ၇၀ ပေးပို့ခဲ့ကြောင်း နိုင်ငံတော်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
NDMA က ညှိနှိုင်းဆောင်ရွက်သော ကယ်ဆယ်ရေး လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်သည့် စင်းလုံးငှား လေယာဉ်နှစ်စင်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်ပစ္စည်း (၃၅) တန် တင်ဆောင်ထားသည့် ဘိုးရင်း (၇၅၇) ၏ ပထမဆုံးသော လေကြောင်း ခရီးစဉ်သည် အစ္စလာမာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း NDMA က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သယ်ဆောင်လာသော ကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲ (၅၆၅) လုံး၊ တာပေါ်လင် (၂၁၀) ၊ စောင် (၂,၀၀၀)၊ အသင့်စားအစားအစာ (၁)တန်၊ ဆေးဝါး တန်တစ်ဝက်နှင့် ရေသန့်စင်စက် (၁၀) ခု ပါဝင်သည်။
ကျန် (၃၅) တန်ကို ဒုတိယအကြိမ် တင်ပို့ရန် စီစဉ်ထားကြောင်း NDMA က ပြောကြားပြီး လိုအပ်နေသူများအား အလျင်အမြန် ထိရောက်သော အကူအညီများ ပေးအပ်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု လည်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ေ-သဆုံးသူ (၃,၀၀၃) ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ (၄,၅၁၅) ဦးနှင့် (၃၅၁) ဦး ပျေ-ာက်ဆုံးနေကြောင်း မြန်မာ့တရားဝင်မီဒီယာများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
Ref: ရှင်းဟွာ