Thursday, January 23, 2025

နျူလက်နက်စွန့်ရန် အီရန်ကို ကုလအကြီးအကဲ တောင်းဆို

အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ထုတ်လုပ်ရန် ရည်ရွယ်ချက်မရှိကြောင်းကို ရှင်းလင်းစွာဖော်ပြခြင်းဖြင့် ဒေသတွင်းနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဆက်ဆံရေးတိုးတက်စေရေးအတွက် ပထမဆုံး စတင် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က...

(၆)ကြိမ်မြောက် ဗန်းမော်စစ်ရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မည်

တိုက်ပွဲများကြောင့် ဗန်းမော်မြို့အတွင်း ပိတ်မိနေသည့် ဒေသခံ စစ်ဘေးရှောင်လိုသည့် မိသားစုဝင်များကို (၆) ကြိမ်မြောက်အဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေပြင်ကူညီဆောင်ရွက်နေသူ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ယခု သွားရောက်...

မိုဒီနှင့်ထရမ့်ပ်နောက်လတွေ့နိုင်ရန်နှစ်နိုင်ငံစီစဉ်နေ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ နှစ်ဦး လာမည့်လတွင် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက စီစဉ်လျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ပါက မဟာဗျူဟာမိတ်ဖက်နှစ်နိုင်ငံအကြား...

စဉ့်အင်တံတား ပြန်လည်ဖြတ်သန်းခွင့်ပြု

ရှမ်း/မြောက် သီပေါ-လားရှိုးအကြားပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားကို ဇန်နဝါရီ(၂၂)ရက်မှစတင်၍ ပြန်လည်ဖြတ်သန်းခွင့်ပြုပီုဖြစ်ကြောင်း ဒေသတွင်းခရီးသွားတစ်ဦးထံက သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ(၁၆)ရက်တွင်တံတားကြံ့ခိုင်ရေးပိုမို ကောင်းမွန်စေရန်ပြန်လည်ပြင်ဆင်မှုများမှုပြုလုပ်ခဲ့ပြီး၊ (၇)ရက်အကြာပြန်လည်ဖြတ်သန်းခွင့်ပြုခြင်းဖြစ်သည်။ ယင်း တံတားပြင်ဆင်နေသည့် အချိန်အတွင်းတွင်လည်း စဉ့်အင်ဖောင်ဆိပ်ကိုနံနက်...
HomeNewsLocal Newsပါချုပ်ဆရာတော်ကြီး၏ သက်တော် (၈၅)နှစ်ပြည့်...

ပါချုပ်ဆရာတော်ကြီး၏ သက်တော် (၈၅)နှစ်ပြည့် မွေးနေ့ပူဇာပွဲ၌ ပြင်ဦးလွင်မြို့ အောင်ချမ်းသာ ဓမ္မစင်တာအတွင်း လူ ဦးရေ (၃၀၀၀၀)ကို စတုဒိသာကျွေးမည်

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ သက်တော်(၈၅)နှစ်ပြည့် မွေးနေ့ပူဇာပွဲကို လာမည့် မတ် (၁၃) ရက်တွင် မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွ င်မြို့၊ အောင်ချမ်းသာ ဓမ္မစင်တာအတွင်း လူဦးရေသုံးသော င်းစာ စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆင်ယင်ကျင်းပရန် ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် အောင်ချမ်းသာ ဓမ္မစင်တာအတွင်း၌ တရားမဏ္ဍပ်၊ စ တုဒိသာမဏ္ဍပ်၊ ကားပါကင်နေရာများကို ဇန်နဝါရီ (၂၀)ရက်မှ စတင်၍ ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီး၏ မွေးနေ့ပူဇာပွဲသို့ အနယ်နယ်အရပ်ရပ်မှ တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့ လာရောက်ကြမည်ဖြစ်သောကြောင့် လူဦးရေသုံးသောင်းစာကို စတုဒိသာကျွေး မွေးကုသိုလ်ပြုမည်ဖြစ်သည်။

ပါမောက္ခချုပ် ဆရာတော်ကြီးသည် ယမန်နေ့ ဇန်နဝါရီ (၂၂) ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့၌ ဆေးစစ်မှုခံယူရန် ကြွတော်မူခဲ့ကြောင်းလည်း သိရသည်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဘန်ကောက်မြို့သို့ ဆေးစစ်မှုခံယူရန်ကြွတော်မူရခြင်းမှာ ရောဂါဝေဒနာခံစားရခြင်းကြော င်းမဟုတ်ဘဲ တစ်နှစ်တစ်ခါနှစ်စဉ် ပုံမှန်ဆေးစစ်မှုခံယူရန် ကြွတော်မူခြင်းဖြစ်သည်။

ဓာတ်ပုံ – အရှင်အရိယာနန္ဒ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူလက်နက်စွန့်ရန် အီရန်ကို ကုလအကြီးအကဲ တောင်းဆို

အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ထုတ်လုပ်ရန် ရည်ရွယ်ချက်မရှိကြောင်းကို ရှင်းလင်းစွာဖော်ပြခြင်းဖြင့် ဒေသတွင်းနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဆက်ဆံရေးတိုးတက်စေရေးအတွက် ပထမဆုံး စတင် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ဂါဇာပဋိပက္ခတွင် ပါဝင်နေသော ဘက်အားလုံးအနေဖြင့် နှစ်နိုင်ငံဖြေရှင်းချက်အတွက် စေ့စပ်ဆွေးနွေးမှုများကို လမ်းပွင့်စေနိုင်သော ထာဝရအပစ်အခတ်ရပ်စဲရေးမှ အကျိုးအမြတ်ရနိုင်သည်ကို နားလည်သဘောပေါက်မည်ဟု မျှော်လင့်ကြောင်းလည်း သူက ပြောဆိုခဲ့ပြီး ဆီးရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြေလျှော့ပေးရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။ အဓိက ကပြသနာမှာ အီရန်နိုင်ငံနှင့် အီရန်၊ အစ္စရေး၊ အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေးဖြစ်သည်ဟု ဒါးဗိုတွင်ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်...

(၆)ကြိမ်မြောက် ဗန်းမော်စစ်ရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မည်

တိုက်ပွဲများကြောင့် ဗန်းမော်မြို့အတွင်း ပိတ်မိနေသည့် ဒေသခံ စစ်ဘေးရှောင်လိုသည့် မိသားစုဝင်များကို (၆) ကြိမ်မြောက်အဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေပြင်ကူညီဆောင်ရွက်နေသူ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ယခု သွားရောက် ကူညီကယ်ဆယ်မည့် အစီအစဉ်မှာ ဗန်းမော်မြို့တွင်းမှ ထွက်ခွာလိုသူများနှင့် လမ်းပိုင်းအတွင်း ရောက်ရှိနေသူများကို ဦးစားပေး ကူညီကယ်ဆယ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ "ကျွန်တော်တို့ ဗန်းမော်မှာရှိတဲ့ နောက်ချန်အင်အားက ရေဆိပ်တွေအထိ ကယ်ထုတ်လာပြီး၊ တစ်ဘက်ကမ်းစုရပ်ကို ပို့ပေးမယ်၊ ဒီဘက်က လာကြိုမယ့်သူတွေက စောင့်ပြီး ကြိုသွားမှာပါ။အဓိကကတော့ နာမကျန်းတဲ့သူတွေနဲ့ သက်ကြီး ရွယ်အိုတွေ ကလေ-းငယ်တွေအတွက် အဓိထား လုပ်ပေးတဲ့ခရီးပါ။...

မိုဒီနှင့်ထရမ့်ပ်နောက်လတွေ့နိုင်ရန်နှစ်နိုင်ငံစီစဉ်နေ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ နှစ်ဦး လာမည့်လတွင် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက စီစဉ်လျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ပါက မဟာဗျူဟာမိတ်ဖက်နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာစေနိုင်ပြီး အထူးသဖြင့် တရုတ်နိုင်ငံအပေါ် တန်ပြန်ရန်၊ ကုန်သွယ်မှုဆက်ဆံရေး မြှင့်တင်ရန်နှင့် ကျွမ်းကျင်လုပ်သားဆိုင်ရာ ဗီဇာလုပ်ငန်းစဉ် လျှော့ချနိုင်ရေးတို့ကို မျှော်လင့်ရသည်။ အဆိုပါ အကြောင်းအရာများသည် ဆွေးနွေးပွဲတွင် ပါဝင်ဖွယ်ရှိသော အဓိက အကြောင်းအရာများဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြောကြသည်။ ထရမ့်ပ်၏ အိမ်ဖြူတော် တစ်ကျော့ပြန်ခရီးသည် အိန္ဒိယကုန်စည်များအပေါ် အခွန်စည်းကြပ်မှုအသစ်များ ပြဌာန်းလာနိုင်သည့် အလားအလာရှိ‌ေနသည့်အတွက် နူးဒေလီကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071