Monday, March 17, 2025

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင်...

တိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌ ယနေ့မှစကာ...

တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယနေ့ မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်သည်ဟု...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊...

အီးယူထိပ်သီး အစည်းအဝေးတက်‌ေရာက်ရန် ဖိတ်ကြားမှု ရှီ...

အီးယူ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ လာရောက်ရန် ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုခဲ့သည်ဟု...
HomeNewsLocal Newsပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လူဦးရေသုံးသောင်းကို စတုဒိသာ ကျွေးမွေးသွားမည်

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။

ဆရာတော်ကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သော အားဖြင့် အများကောင်းမှု အဖြစ် လူဦးရေ (၃) သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးသွားမည်ဖြစ်သည်။

စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ ဆရာတော်ကြီး သီတင်းသုံးရာ ဓမ္မသဟာယသာသနစင်တာကျောင်း၏ အလှူကွင်းပြင်ရှိ အလှူမဏ္ဍဒ်ကြီးတွင် မတ်လ(၂၂)ရက်၊ နံနက် (၉) နာရီမှ ညနေ (၅)နာရီအထိ အယုတ် အလတ် အမြတ်မရွေး သတ္တဝါအပေါင်းတို့အား ကျွေးမွေးဧည့်ခံမည် ဖြစ်သည်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ စတုဒိသာကျွေးမွေးမည့် အစီအစဉ်အား ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ တာဝန်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင် အကြီးစားစစ်ဆင်ရေးကို စတင်လိုက်သည်။ ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု မျှော်လင့်ရသော အဆိုပါ စစ်ဆင်ရေးအစ တိုက်ခိုက်မှုတွင် လူ ၃၁ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်။ ဟူသီများ၏ အဓိက ကျောထောက်နောက်ခံဖြစ်သော အီရန်အနေဖြင့် သူပုန်အုပ်စုကို ပံ့ပိုးနေခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်သည်ဟုလည်း မစ္စတာ ထရမ့်ပ်က သတိပေးခဲ့သည်။ အီရန်သည် အမေရိကကို ခြိမ်းခြောက်ခဲ့ပါက “အမေရိကဟာ...

တိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌ ယနေ့မှစကာ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယနေ့ မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ နေ့အပူချိန်များ ပိုမိုမြင့်တက်လာနိုင်သည့်အခြေအနေ သတိပေးချက် (၃/၂၀၂၅)ဖြင့် အသိပေးခဲ့သည်။ အဆိုပါ ရက်များ၌ စစ်ကိုင်းတိုင်း(အထက်ပိုင်း) တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၉)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ကချင်ပြည်နယ်(အောက်ပိုင်း)တွင် မတ် လ၏ ပုံမှန်နေ့အပူချိန်ထက်(၈)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၇)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ပဲခူးတိုင်း(တောင်ပိုင်း)နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူ ချိန်ထက်(၆)ဒီဂရီဆဲလ်စီးယပ်ခန့်ပိုနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ...

နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များလက်ရောက်ချီးမြှင့်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက် (၃၆)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များအား လက်ရောက်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေရန်ဘက်စုံထောင့်စုံမှ ကြိုးပမ်းတည်ဆောက်နေရာ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည်အဓိကကျပြီး အားလုံး၏ပူးပေါင်းပါဝင်မှု သည် အရေးကြီးကာ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီက စိတ်ဓာတ်၊ အသိအမြင်၊ ကာယဉာဏစွမ်းအားများနှင့် ပူးပေါင်းပါဝင်မှုအင်အားဖြင့်သာအောင်မြင်နိုင်မည်ဟု ပြောသည်။ နိုင်ငံတော်အစိုးရမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071