ပါဝင်သင့်သည့် Stakeholder များအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်လိုအပ်ဟု ချင်းအမျိုးသားတပ်ဦးထုတ်ပြန်
နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်း ရင်းသားလက်နက်ကိုင်များအား ဖိတ်ခေါ်ထားမှုနှင့်ပတ်သက်၍ မေ ၆ ရက်တွင် ချင်းအမျိုးသားတပ်ဦးမှ ၎င်းတို့သဘောထားအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်၌ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဧပြီ ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှပြောကြားခဲ့သည်ကို ကြား သိရသည်ဟု ထုတ်ပြန်ရေးသားထားသည်။
ပြည်ထောင်စု၏ ပြဿနာများအား နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် မိမိတို့ အ စဉ်တစိုက်ပြောဆိုခဲ့သည့်အရာဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး၏ ထုတ်ပြန်ချက်၌ရေးသားဖော်ပြထားသည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမည်ဆိုပါက ပါဝင်သင့်သည့် Stakeholder များအားလုံးပါဝင်ရန်၊နိုင်ငံ တကာမှကြားဝင်စေ့စပ်ပေးရန်၊နိုင်ငံရေးပြဿနာများအား အမှန်တကယ်အဖြေရှာရန်လိုအပ်သည်။
ထိုကြောင့် ပြည်ထောင်စု၏ ပြဿနာအား ပါဝင်သင့်သည့် Stakeholder များအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့်အဖြေရှာရန်လိုအပ်ကာ ချင်းအမျိုးသားတပ်ဦးအနေဖြင့် ပြည်သူ လူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ်သည်ဟု ဗ ဟိုအလုပ်အမှုဆောင်ကော်မတီ ချင်းအမျိုးသားတပ်ဦးမှထုတ်ပြန်ခဲ့သည်။