ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) ပို့ကုန်ဆိုင်ရာရက်တိုသင်တန်းများ (အမှတ်စဉ်-၇) ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်း သင်တန်းအတွက် သင်တန်းသားများကို နိုင်ငံပိုင်သတင်းစာမှတဆင့်ခေါ်ယူထားသည်။
အဆိုပါ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်မှ (၂၈) ရက်(တနင်္လာနေ့မှ သောကြာနေ့)အထိ (၅) ရက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းအချိန်မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ သင်တန်းသားဦးရေ (၅၀) ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုသင်တန်းကျောင်း၊ အမှတ် (၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်၊ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်တွင် သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းဝင်ခွင့်လျှောက်လွှာနှင့်အတူ ဓာတ်ပုံ (၁) လက်မပတ်လည် (၃) ပုံ၊ ဘွဲ့ လက်မှတ်မိတ္တူ၊ အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ပါရှိရမည်ဖြစ်ပြီး ကုန်သွယ်မှုသင်တန်းကျောင်း (စတုတ္ထထပ်)တွင် လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်းရမည်ဖြစ်ကာ သင်တန်းနှင့်ပတ်သက်၍ စုံစမ်းသိရှိလိုပါက ဖုန်းနံပါတ် ၀၁-၈၂၅၀၈၇၁ သို့ဆက်သွယ်မေးမြန်းနိုင်ကြော င်း သိရသည်။