Sunday, November 17, 2024

မော်လမြိုင်တွင် တန်ဆောင်တိုင်ကာလယာဉ်တို-က်မှုကြောင့် လူ (၁၀)...

မော်လမြိုင်မြို့တွင် တန်ဆောင်တိုင်ကာလ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ဦးခန့်အထိ ရှိခဲ့ကြောင်း ဒေသအခြေစိုက် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ကိုဘိုဘိုဝင်းက ပေါ်ပြူလာနယူးစ်ကို...

ထရပ်ကားအောက်မှာ ခိုလိုက်လာသည့် မြန်မာနိုင်ငံသား ရှစ်ဦး...

၁၈ ဘီး ထရပ်ကားအောက်၌ ခိုလိုက်လာသည့် မြန်မာနိုင်ငံသားရှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဖမ်းဆီးရမိကြောင်း တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။ ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားသည့် ၁၈ ဘီးကားကို...

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ မကြာသေးမီက " မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary)...

မန္တလေးတွင် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍...

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား...
HomeNewsLocal Newsပုဂံမြို့နှင့် လဲ့ရှန်းမြို့ ချစ်ကြည်ရေးမြို့တော်တည်ထောင်

ပုဂံမြို့နှင့် လဲ့ရှန်းမြို့ ချစ်ကြည်ရေးမြို့တော်တည်ထောင်

မြန်မာနိုင်ငံ၊ ပုဂံမြို့နှင့် တရုတ်နိုင်ငံ၊ လဲ့ရှန်းမြို့တို့ကြား ချစ်ကြည်ရေးမြို့တော်တည်‌ထောင်သွားမည်ဖြစ်၍ မြို့တော်တည်ထောင်ရေးနား လည်မှုစာချွန်လွှာအား နိုဝင်ဘာ ၁၄ ရက်က တ ရုတ်နိုင်ငံ၊ စစ်ချွမ်းပြည်နယ်၊ လဲ့ရှန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်၍ လဲ့ရှန်းမြို့ CPC ပါတီကော်မတီအတွင်းရေးမှူး Mr. Zhao Bo နှင့်အတူမိန့်ခွန်းပြောကြားခဲ့ကြပြီး နားလည်မှုစာချွန်လွှာအား မန္တလေးစည်ပင်၏ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် လဲ့ရှန်းမြို့၊ မြို့တော်ဝန် Mr. Chen Guanghao တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ပုဂံမြို့နှင့်လဲ့ရှန်းမြို့ ကြား ယဥ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများ၌ ပိုမိုပူး ပေါင်းဖလှယ်မှုများပြုလုပ်နိုင်ရန်အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းတို့သည် နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ စစ်ချွမ်းပြည်နယ်၊ ချန်သူးမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နိုင်ငံတကာချစ်ကြည်ရေးမြို့တော်များပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်တွင် တန်ဆောင်တိုင်ကာလယာဉ်တို-က်မှုကြောင့် လူ (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကြဟု ဆို

မော်လမြိုင်မြို့တွင် တန်ဆောင်တိုင်ကာလ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ဦးခန့်အထိ ရှိခဲ့ကြောင်း ဒေသအခြေစိုက် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ကိုဘိုဘိုဝင်းက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ အဆိုပါ ယာဉ်တို-က်မှုများမှာ ဆိုင်ကယ်အချင်းချင်း မတော်တဆတိုက်မှုအပါအဝင် ကားနှင့် ဆိုင်ကယ်တိုက်မိသည့် အခြေအနေမျိုးများဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိရုံမှအပ အသက်ဆုံးရှုံးမှုမျိုးအထိ မရှိကြောင်း သိရသည်။ သို့သော် မုဒုံမြို့နယ်၊ မော်လမြိုင်-ရေးကားလမ်းပေါ်ရှိ ခပ်ရခပ်ယူထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်အနီး နိုဝင်ဘာ (၁၅) ရက်က လမ်းကြားအတွင်းမှ ထွက်လာသည့် ဆိုင်ကယ်နှင့် လမ်းမကြီးပေါ် မောင်းလာသည့် ခြောက်ဘီးယာဉ်တို့ တို-က်မိကြရာ ဆိုင်ကယ်စီးနင်းလာသူ...

ထရပ်ကားအောက်မှာ ခိုလိုက်လာသည့် မြန်မာနိုင်ငံသား ရှစ်ဦး ဖမ်းဆီးခံရ

၁၈ ဘီး ထရပ်ကားအောက်၌ ခိုလိုက်လာသည့် မြန်မာနိုင်ငံသားရှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဖမ်းဆီးရမိကြောင်း တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။ ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားသည့် ၁၈ ဘီးကားကို ထိုင်းစစ်တပ်၊ မဲဆောက်ရဲစခန်းနှင့် အုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်က စစ်ဆေးချိန် ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းရှစ်ဦးသည် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးဖြစ်ကြပြီး ယာဉ်အောက်ပိုင်း၌ ကလန့်ထိုးထားသည့် သစ်သားပြားများကို တွေ့ခဲ့ရာမှ...

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ မကြာသေးမီက " မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်" ကို တရုတ်နိုင်ငံအ‌ကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံမှ နာနတ်သီးများနှင့် မတူဘဲ တမူထူးခြားသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071