Home News Local News ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော်ကာလ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှုများပြား

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော်ကာလ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှုများပြား

0
66

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားသဖြင့် အထူးစည်ကားခဲ့ကြောင်း ပုံဂံမြို့ဒေသတွင်း သတင်းများအရ သိရသည်။

ပုံဂံဒေသ တန်ဆောင်တိုင်ပွဲတော်ကာလ လပြည့်နေ့တွင် ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ပုံဂံဒေသသို့ ခရီးသွားဝင်ရောက်မှုများလာ၍ ဒေသခံတို့အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဒေသတွင်းရှိ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်လုပ်ငန်းမှု လုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများမှ လူမှုစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားများသည် အမှတ်တရ ပစ္စည်းဝယ်ယူခြင်းအပြင် လက်ပန်းချီဆွဲခြင်း၊ မြင်းလှည်းစီးခြင်းတို့ကို အများဆုံးပြုလုပ်လေ့ရှိပြီး လူငယ်များကပို၍ လက်ပန်းချီရေးဆွဲလေ့ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းပွဲတော်ကာလသည် ခရီးသွားဝင်ရောက်မှုများသော အချိန်ကာလဖြစ်ပြီး နတ်တော်လတွင် ကျင်းပသည့် အလိုတော်ပြည့်ဘုရားပွဲတော်ကာလနှင့် ပြာသိုလတွင်ကျင်းပသည့် အာနန္ဒာဘုရားပွဲတော်ကာလတို့သည်လည်း ခရီးသွားများဖြင့် အထူးစည်ကားလေ့ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ယခုနှစ် ခရီးသွားရာသီ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်မှန်းထားရာ ၂၀၂၃ ခုနှစ်မှ စက်တင်ဘာလအထိ ပြည်ပခရီးသွား (၁၀၀၀၀) နီးပါး ဝင်ရောက်ခဲ့ကာ ကာလတူ ၂၀၂၄ ခုနှစ်တွင် (၁၀၀၀၀)ကျော်အထိ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော် ကာလတွင်လည်း ခရီးသွားဝင်ရောက်မှုများခဲ့သောကြောင့် လာမည့် ခရီးသွားကာလ မတ်လအထိ ခရီးသွားများ ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။

ခရီးသွားများ ပိုမိုဝင်ရောက်ရေး ပုဂံဘုရားဖူးထွက်လိုသော ခရီးသည်များအတွက် ရန်ကုန် – ညောင်ဦးခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်သည့် နိုဝင်ဘာ (၁၃)၊ (၂၀)၊ (၂၇) ရက်နှင့် ညောင်ဦး – ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် တနင်္လာ နေ့များဖြစ်သည့် နိုဝင်ဘာ (၁၁)၊ (၁၈)၊ (၁၅) ရက်တို့တွင်ပြေးဆွဲရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ပေးထားကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here