Sunday, March 30, 2025

ငလျင်ဘေးအတွက် အိန္ဒိယက ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့...

အိန္ဒိယနိုင်ငံသည် ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း စနေနေ့က သတင်းထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။         လက်ရွေးစင် ဆေးတပ်မဟာ တစ်ခုဖြစ်သော Shatrujeet...

ငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မန္တလေးမြို့မှ...

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင့်မားခဲ့သည့် ကယ်ဆယ်ရေးအင်အားနည်းနေပြီး အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ အချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် မြန်မာငလျင်ဘေး...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အဟန့်အတားဖြစ်စေလျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က စနေနေ့တွင် ပြောကြားခဲ့သည်။           သောကြာနေ့က...

မြန်မာ့ငလျင်ဘေးဒဏ်အား ကူညီကယ်ဆယ်မှုများပြုလုပ်ရန် ထိုင်းတော်ဝင်ကြည်းတပ်၏ အထူးတပ်ဖွဲ့ဝင်(၅၅)ဦးကိုစေလွှတ်ခဲ့

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံမှ ထိုင်းတော်ဝင်ကြည်းတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင် (၅၅)ဦးကို...
HomeMoviesပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မနုဟာဘုရားကြီးအား ရွှေသင်္ကန်း...

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ မနုဟာဘုရားကြီးအား ရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်နိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့်အညီ လေမိုက်တင်ဒါခေါ်ယူမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ မြင်းကပါကျေးရွာရှိ မနုဟာဘုရားကြီး ထီးတော်နှင့် အရံစေတီများ ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ပြီး ရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်နိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့်အညီ လေမိုက်တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

မနုဟာဘုရားကြီး ထီးတော်နှင့် အရံစေတီ (၂၇) ဆူ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးကို မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးခန်း၌ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးကို ယမန်နေ့ မတ်လ (၂၅)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မနုဟာဘုရားကြီးရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်လေမိုက်တင်ဒါခေါ်ယူနိုင်ရေး နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့်အညီ ခေါ်ယူနိုင်ရေးနှင့် သတ်မှတ်ရက် အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဟု ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်မင်းညိုက ပြောကြားခဲ့သည်။

ဆက်လက်၍ ညောင်ဦးခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်းက ငြမ်းစင်ခြင်းလုပ်ငန်း သတ်မှတ်ရက် ပြီးစီးနိုင်ရေး ကြိုတင်ဆောင်ရွက်ထား ရှိမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ရွှေသင်္ကန်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ရွှေပညာရှင်များက ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး ရွှေမိုက်ထုတ်ချိန်၊ ရွှေဆိုင်းလေလံခေါ်ယူချိန် သတ်မှတ်စည်းကမ်းချက်များဖြင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဘေးအတွက် အိန္ဒိယက ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့ စေလွှတ်မည်             

အိန္ဒိယနိုင်ငံသည် ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း စနေနေ့က သတင်းထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။         လက်ရွေးစင် ဆေးတပ်မဟာ တစ်ခုဖြစ်သော Shatrujeet Brigade Medical Responders မှ အဖွဲ့ဝင် ၁၁၈ ဦးပါ အဖွဲ့သည် မရှိမဖြစ်လိုအပ်သော ဆေးပစ္စည်းကိရိယာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသို့ မကြာမီ ထွက်ခွာမည်ဟု ဆိုသည်။ Airborne Angels Task Force သည် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ခေတ်မီ ဆေးဝါးကုသမှုနှင့် ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးရန် ပစ္စည်းကိရိယာများ...

ငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မန္တလေးမြို့မှ Sky Village တွင် ကယ်ဆယ်ရေး အင်အားနည်းနေပြီး ပိတ်မိနေသူ (၄၀) ကျော်သာ ကယ်ထုတ်နိုင်သေး

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင့်မားခဲ့သည့် ကယ်ဆယ်ရေးအင်အားနည်းနေပြီး အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ အချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း သိရသည်။ လက်ရှိတွင် တိုင်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ ဦးစီးသည့် ကယ်ဆယ်ရေးအဖွဲ့များနှင့် အရပ်ဘက် လူမှုကူညီရေး အဖွဲ့အစည်းအချို့ အဆိုပါနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အပျက်အစီးအင်အားနှင့် လူအင်အား မမျှတသည့်အခြေအနေကို တွေ့ရသည်။ " အသက်ရှင်လျက်နဲ့ (၄၈) ဦးကယ်ထုတ်နိုင်ခဲ့ပြီး ‌ေ-သဆုံး (၁၀) ဦး ထုတ်ပြီးပါပြီ။ အောက်မှာ ဆက်ပြီးတော့ ကယ်ထုတ်စရာတွေ ရှိနေပါသေးတယ်။ တရုတ်က...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် မြန်မာငလျင်ဘေး လူသားချင်းစာနာမှုလုပ်ငန်းများ အဟန့်အတားဖြစ်ရ       

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အဟန့်အတားဖြစ်စေလျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က စနေနေ့တွင် ပြောကြားခဲ့သည်။           သောကြာနေ့က လှုပ်ခတ်ခဲ့သော ၇ ဒဿမ ၇ အဆင့်ရှိငလျင်ကြောင့် အဓိက တံတားများနှင့် လမ်းများ အပါအဝင် အရေးကြီးသည့် အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သဖြင့် အကူအညီလိုအပ်သော ဒေသများသို့ လူသားချင်းစာနာမှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ခက်ခဲသွားကြောင်း OCHA က ပြောဆိုသည်။         ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း ပျက်စီးမှုကြောင့် ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ပြီး အက်ကွဲကြောင်းဖြစ်ပေါ်မှုများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071