ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကွယ်လွန်သွားကြောင်း ဗာတီကန်သတင်းထုတ်ပြန်ရေးဌာနက ကြေညာသည်။
“ယနေ့နံနက် ၇:၃၅ (GMT ၅:၃၅) တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခမည်းတော်၏ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပါပြီ။ သူ၏ တစ်သက်တာလုံးကို သခင်ဘုရားနှင့် သူ၏အသင်းတော်အတွက် တာဝန်များထမ်းဆောင်ခဲ့ပါသည်” ဟု ဗာတီကန်သတင်းထုတ်ပြန်ရေးဌာနမှ Cardinal Farrell က ကြေညာခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် ကွယ်လွန်ချိန်တွင် သက်တော် ၈၈ နှစ် ရှိနေပြီဖြစ်ကြောင်း သိရသည်။
